Category: News

  • #စောချစ်သူတို့ကိုဖမ်းဝရမ်းထုတ်ပြီ

    #စောချစ်သူတို့ကိုဖမ်းဝရမ်းထုတ်ပြီ

    by

    in

    #စောချစ်သူတို့ကိုဖမ်းဝရမ်းထုတ်ပြီ မြဝတီနယ်ကိုအပိုင်စားရထားကြတဲ့ ဒီကေဘီအေ ခေါင်းဆောင်တွေဖြစ်ကြတဲ့ စောချစ်သူ (ဗိုလ်မှူးကြီး)၊ မုတ်သုန် (ဒုဗိုလ်မှူးကြီး) နှင့်၊ တင်ဝင်း (ဗိုလ်မှူး) တို့ကို… DSI လို့ခေါ်တဲ့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့ရဲ့လူကုန်ကူးမှုအထောက်အထားတွေနဲ့ တရားရုံးကိုတင်ပြပြီး ဖမ်းဝရမ်းထုတ်လိုက်ပါပြီ။ အဖမ်းခံရတာ မခံရတာက တကဏ္ဍ၊ သေချာတာကတော့ သူတို့အတွက် ဘောင်ကျဉ်းသထက် ကျဉ်းလာနေပြီဖြစ်တယ်။ တရုတ်ရဲ့တောင်းဆိုချက် ၆ ချက်အပါအဝင် ထိုင်းကပြန်လည်တောင်းဆိုခဲ့တဲ့ အချက်တွေကိုပါ မကြာခင်တင်ပေးပါမယ်။ ဒီအ‌ကြောင်း ဘယ်သတင်းဌာနတွေကတင်မလဲလို့ စောင့်ကြည့်နေတာ ယနေ့အထိ ဘယ်သတင်းဌာနကမှ တင်တာမတွေ့ရသေးတာကြောင့် တင်ပေးပါမယ်။ Steven Sanyu #stevensanyu ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၅ BGF ခေါင်းဆောင်တွေကို ထိုင်း ဖမ်းဝရမ်းထုတ်ဖို့ စီစဉ် ဖေဖော်ဝါရီ ၁၁ ရက် ■…

  • မင်းတပ်မြို့သို့ ပြည်သူများဝင်ရောက်နေထိုင်နိုင်ပြီဟု ပကဖနှင့် CDF ထုတ်ပြန် ▪️တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကြောင်း ထောက်ခံချက်ပြသနိုင်မှ မြို့တွင်းပြန်ဝင်ခွင့်ရှိမည်ဟုအသိပေးပြီး လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထား

    မင်းတပ်မြို့သို့ ပြည်သူများဝင်ရောက်နေထိုင်နိုင်ပြီဟု ပကဖနှင့် CDF ထုတ်ပြန် ▪️တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကြောင်း ထောက်ခံချက်ပြသနိုင်မှ မြို့တွင်းပြန်ဝင်ခွင့်ရှိမည်ဟုအသိပေးပြီး လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထား

    by

    in

    မင်းတပ်မြို့သို့ ပြည်သူများဝင်ရောက်နေထိုင်နိုင်ပြီဟု ပကဖနှင့် CDF ထုတ်ပြန် ▪️တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကြောင်း ထောက်ခံချက်ပြသနိုင်မှ မြို့တွင်းပြန်ဝင်ခွင့်ရှိမည်ဟုအသိပေးပြီး လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထား ဟန်နွေ/People’s Spring ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ​၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။ မင်းတပ်မြို့ တိုက်နယ်အုပ်ချုပ်ရေးမှူး ၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဟု ဆိုသည်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မြို့ကိုအပြီး သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းအောင်ပွဲအပြီး ၁လခွဲကျော်အကြာတွင် ပြည်သူများ အနေဖြင့် သတ်မှတ်စည်းကမ်းနှင့်အညီ မြို့တွင်း ပြန်နေထိုင်နိုင်ကြောင်း CDFနှင့် ပအဖက…

  • ဗန်းမော် အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ် ၃ ခုကို KIA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းမိ၊ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဗန်းမော် အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ် ၃ ခုကို KIA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းမိ၊ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    by

    in

    ဗန်းမော် အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ် ၃ ခုကို KIA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းမိ၊ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ထိုးစစ်ဆင်လျက်ရှိရာ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း အပါအဝင် တပ်ရင်းဌာန ၃ ခုကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းဆီးရရှိကြောင်း KIA နှင့် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း အမှတ် ၅၀၁၄ တင့်ကားတပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ…

  • မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

    မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

    by

    in

    မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅ KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှု ၄ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မဲ့ပလီဗျူဟာစခန်းကို FFD၊ KNLA၊ BPLA၊ PDF ရဲဘော်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေကာ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

  • စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ကံမြင့်ကန်ဒေသသို့ ချီတက်လာခဲ့သော်လည်း စစ်သား ၃၀၀ နီးပါးသေဆုံးဒဏ်ရာရရှိပြီးနောက် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းမိ

    စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ကံမြင့်ကန်ဒေသသို့ ချီတက်လာခဲ့သော်လည်း စစ်သား ၃၀၀ နီးပါးသေဆုံးဒဏ်ရာရရှိပြီးနောက် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းမိ

    by

    in

    စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ကံမြင့်ကန်ဒေသသို့ ချီတက်လာခဲ့သော်လည်း စစ်သား ၃၀၀ နီးပါးသေဆုံးဒဏ်ရာရရှိပြီးနောက် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းမိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်း ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ…

  • ဗန်းမော်ရှိ စစ်ကောင်စီ၏အမှတ်(၅၀၁၄)တင့်ကား တပ်ရင်းကို KIA ထပ်မံ သိမ်းပိုက် (ရုပ်သံ) ■စကခ-၂၁ဌာနချုပ်ကိုမကြာမီ သိမ်းနိုင်မည့် အလားအလာရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

    ဗန်းမော်ရှိ စစ်ကောင်စီ၏အမှတ်(၅၀၁၄)တင့်ကား တပ်ရင်းကို KIA ထပ်မံ သိမ်းပိုက် (ရုပ်သံ) ■စကခ-၂၁ဌာနချုပ်ကိုမကြာမီ သိမ်းနိုင်မည့် အလားအလာရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

    by

    in

    ဗန်းမော်ရှိ စစ်ကောင်စီ၏အမှတ်(၅၀၁၄)တင့်ကား တပ်ရင်းကို KIA ထပ်မံ သိမ်းပိုက် (ရုပ်သံ) ■စကခ-၂၁ဌာနချုပ်ကိုမကြာမီ သိမ်းနိုင်မည့် အလားအလာရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်း တိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တပ်ရင်းကို ပြီးခဲ့သည့် နှစ်ရက်ခန့်ကသိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီ ၁၀ရက်တွင်မှ သိမ်းပိုက်ရရှိမှု အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။ “လေကြောင်း လုံခြုံရေးအရ နောက်ကျတင်တာပါ။ ရန်သူက တင့်ကားတွေ အပြင်ထုတ်ပြီးသုံးနေတာကြာပြီ။ တပ်မှာမထားပါ”ဟု ကချင်သတင်းရင်းမြစ်က တင့်ကား တပ်ရင်းမှ တင့်ကားများသိမ်းပိုက်ရရှိမှု ရှိ ၊မရှိမေးမြန်းချက်အပေါ် ​ပြော သည်။ သို့​သော်တင့်ကား တပ်ရင်းသိမ်းပိုက်နိုင်မှု အခြေ အနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားရာ မကြားမိသေးဟု…

  • တောင်ကြီးမှ ပညာရေးဝန်ထမ်းများ စစ်သင်တန်းတက်ရမည်

    တောင်ကြီးမှ ပညာရေးဝန်ထမ်းများ စစ်သင်တန်းတက်ရမည်

    by

    in

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းတွေ သင်္ကြန်ပြီးပါက တလတာ စစ်သင်တန်းတက်ရမယ်လို့ အဆိုပါဝန်ထမ်းတွေဆီက သိရပါတယ်။ လာမယ့်ဧပြီလမှာ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းစစ်သင်တန်း တလတက်ရမယ်လို့ မြို့နယ်ပညာရေးမှူးကို စစ်ကောင်စီတပ်ဘက်က အကြောင်းကြားထားတာကြောင့် သင်တန်းကာလ ပြီးဆုံးပါက ရှေ့တန်း စစ်မျက်နှာပြင်စေလွှတ်ခံရမှာကို ပညာရေးဝန်ထမ်းတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ အဆိုပါ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။ Non CDM ဆရာမတဦးယောက်က “ရုံးဝန်ထမ်းတွေလား၊ ဆရာ ဆရာမတွေလား၊ အောက်ခြေ ဝန်ထမ်းတွေလား ဆိုတာတွေ အသေးစိတ်မသိရသေးဘူး။ သင်္ကြန်ပြီးရင် စစ်သင်တန်းတက်ဖို့တော့ ဝန်ထမ်းတွေကြားထဲမှာ ပြန့်နေလို့ အကုန်စိုးရိမ်နေကြတယ်။ အောက်ခြေဝန်ထမ်းတွေကတော့ အလုပ်ထွက်မယ်တွေ ဖြစ်ကုန်ပြီ”လို့ ပြောပါတယ်။ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းတွေ စစ်သင်တန်းတက်ပြီးပါက မူလတာဝန်ကို ပြန်လည်ပေးအပ်မှာဖြစ်ပြီး သင်တန်းကာလအတွင်းကိုလည်း လစာပြည့်အဖြစ် သတ်မှတ်ပေးထားမှာ ဖြစ်သလို…

  • ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး

    ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး

    by

    in

    ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၀ ရက် မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ့် ကြိုးပမ်းမှုအဖြစ် လျှပ်စစ်ဓာတ်အား ဖြတ် တောက်တဲ့ ထိုင်းအစိုးရကို တရုတ်နိုင်ငံက ချီးကျူးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူလ် က ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက တရုတ်နိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီး စဉ် သွားရောက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာပြီးနောက် သူက အခုလို ပြောကြားခဲ့တာပါ။ “ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံရှိ နယ်မြေ (၅) ခုသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ဖြတ်တောက်တာနဲ့ မြန် မြန်ဆန်ဆန် အရေးယူတာကို တရုတ်နိုင်ငံက အပြည့်အဝ ချီးကျူးပါတယ်” လို့ ၎င်းက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်းနိုင်ငံဟာ ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာ မြန်မာနိုင်ငံရှိ နယ်မြေ…

  • စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

    စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ စလင်းမြို့တွင် ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီး ဟန်ဆုယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကို လိုက်လံ စုံစမ်းနေသဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းPeacock Brother Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် စလင်းမြို့မ အနောက်စျေးတွင် ဆန်ရောင်းရင်းဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ မယားဖြစ်သူ ဟန်ဆုယဥ်ကို…

  • လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

    လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

    by

    in

    လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မနေ့က ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားလိုက်တာပါ။ ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး လူငယ်လူရွယ်တွေကို အတွေးအခေါ်အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြားအောင် လူမှု ကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် လုပ်ဆောင်နေပြီး “ဒါတွေဟာ နိုင်ငံအကျိုးပျက်စီးစေမယ့် ကြံဆောင်မှုတွေ” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနဲ့ လူမှုစီးပွားဘဝ…