မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅
KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှု ၄ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မဲ့ပလီဗျူဟာစခန်းကို FFD၊ KNLA၊ BPLA၊ PDF ရဲဘော်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေကာ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။