ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး

by

in

ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ့် ကြိုးပမ်းမှုအဖြစ် လျှပ်စစ်ဓာတ်အား ဖြတ် တောက်တဲ့ ထိုင်းအစိုးရကို တရုတ်နိုင်ငံက ချီးကျူးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူလ် က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက တရုတ်နိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီး စဉ် သွားရောက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာပြီးနောက် သူက အခုလို ပြောကြားခဲ့တာပါ။
“ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံရှိ နယ်မြေ (၅) ခုသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ဖြတ်တောက်တာနဲ့ မြန် မြန်ဆန်ဆန် အရေးယူတာကို တရုတ်နိုင်ငံက အပြည့်အဝ ချီးကျူးပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်းနိုင်ငံဟာ ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာ မြန်မာနိုင်ငံရှိ နယ်မြေ (၅) ခုသို့ ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီထောက်ပံ့မှု ဖြတ်တောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက လက်ရှိမှာ လာအိုနိုင်ငံမှ ဓာတ်အားဝယ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ကျားဖြန့်လုပ် ငန်းတွေဟာ အမျိုးသားလုံခြုံရေးပြဿနာတစ်ခုအဖြစ် ထိုင်းအစိုးရက သတ်မှတ်ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းတွေကို ရာဇဝတ်ဂိုဏ်းတွေနဲ့ လူကုန်ကူးခံ ထားရတဲ့ နိုင်ငံခြားသားတွေက လုပ်ကိုင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေထံ ဓာတ်အားပေးပို့မှု ဖြတ်တောက်တာဟာ ကနဉီးခြေလှမ်း ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်နိုင်မယ့် ရေရှည်အဖြေရှာဖို့ ထိုင်းနိုင်ငံက အိမ်နီးချင်းတိုင်း ပြည်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေ ကမ္ဘောဒီးယားနယ်စပ်သို့ ရွှေ့ပြောင်းနေမှုပြဿနာကို ဖြေရှင်းဖို့ ထိုင်း အာဏာပိုင်တွေက အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ကမ္ဘောဒီးယားအစိုးရနဲ့ ညှိနှိုင်းဆောင် ရွက်နေတယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; China praises Thai govt, says Anutin
#Ayeyarwaddy_Times