#စောချစ်သူတို့ကိုဖမ်းဝရမ်းထုတ်ပြီ
မြဝတီနယ်ကိုအပိုင်စားရထားကြတဲ့ ဒီကေဘီအေ ခေါင်းဆောင်တွေဖြစ်ကြတဲ့ စောချစ်သူ (ဗိုလ်မှူးကြီး)၊ မုတ်သုန် (ဒုဗိုလ်မှူးကြီး) နှင့်၊ တင်ဝင်း (ဗိုလ်မှူး) တို့ကို…
DSI လို့ခေါ်တဲ့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့ရဲ့လူကုန်ကူးမှုအထောက်အထားတွေနဲ့ တရားရုံးကိုတင်ပြပြီး ဖမ်းဝရမ်းထုတ်လိုက်ပါပြီ။
အဖမ်းခံရတာ မခံရတာက တကဏ္ဍ၊ သေချာတာကတော့ သူတို့အတွက် ဘောင်ကျဉ်းသထက် ကျဉ်းလာနေပြီဖြစ်တယ်။
တရုတ်ရဲ့တောင်းဆိုချက် ၆ ချက်အပါအဝင် ထိုင်းကပြန်လည်တောင်းဆိုခဲ့တဲ့ အချက်တွေကိုပါ မကြာခင်တင်ပေးပါမယ်။
ဒီအကြောင်း ဘယ်သတင်းဌာနတွေကတင်မလဲလို့ စောင့်ကြည့်နေတာ ယနေ့အထိ ဘယ်သတင်းဌာနကမှ တင်တာမတွေ့ရသေးတာကြောင့် တင်ပေးပါမယ်။
Steven Sanyu
#stevensanyu
ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၅
BGF ခေါင်းဆောင်တွေကို ထိုင်း ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်
ဖေဖော်ဝါရီ ၁၁ ရက်
■ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း တည်ထောင်လုပ်ကိုင်နေတဲ့ ကရင်နယ်ခြားစောင့်တပ်မှူး စောချစ်သူနဲ့ ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စီစဉ်ဆောင်ရွက်နေကြောင်း ထိုင်းသတင်း မာတီချွန်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဖော်ပြပါတယ်။
ထိုင်းတရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ DSI က လူကုန်ကူးမှုဆိုင်ရာ အထောက်အထားတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အစိုးရရှေ့နေထံ တင်ပြမယ်လို့ ဆိုပါတယ်။
လူကုန်ကူးခံရပြီး ဖုန်းခေါ်ဆို လိမ်လည်လုပ်ငန်း (Call Center Gang) မှာ အတင်းအကျပ် အလုပ်ခိုင်းစေခံရတဲ့ အိန္ဒိယနိုင်ငံသားကို ကယ်တင်ခဲ့တဲ့နောက် တွေ့ရှိခဲ့ရတဲ့ သက်သေအထောက်အထားတွေကို တင်ပြမှာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။
ဖမ်းဝရမ်းထုတ်မဲ့ BGF ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒု ဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
—————
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဉ်။ (ယခင်ပုံဟောင်း) (Photo: Myanmar Peace Monitor)
RFA Burmese