Category: News
-
မြင်းခြံ – တောင်သာလမ်းပိုင်း ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF အသိပေး
မြင်းခြံ – တောင်သာလမ်းပိုင်း ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF အသိပေး ဆိုင်းမင်း/People’s Spring မန္တလေးတိုင်းထဲက မြင်းခြံ – တောင်သာ လမ်းပိုင်းကို လာမယ့် မတ်လ အကုန်ထိ ည ၆ နာရီ ကနေ နောက်နေ့ မနက် ၆ နာရီအတွင်း အသုံးပြုသွားလာတာမပြုလုပ်ဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးချက် ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ အသိပေးချက်မှာ လမ်းပိုင်းအသုံးပြုမှု ကန့်သတ်ရတာက ခရီးသွားပြည်သူတွေဘေးအန္တရာယ် မဖြစ်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ “ညဆိုရင် လူမကွဲတော့ဘူး၊ လူလွဲတာ လူမှားတာတို့ ပြည်သူတွေထိခိုက်တာတွေဖြစ်မှာစိုးလို့ထုတ်ပြန်ထားတာပါ ” လို့ မြင်းခြံခရိုင် PDF အမှတ်( ၃)…
-
စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန် ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး
စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန် ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းမှုများအရ သိရှိရသည်။ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ယမန်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချနေပြီး တက္ကသိုလ်လေ့ကျင့်တပ်သင်တန်းကျောင်း ၈ ခုတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ ၁၅၀၀ ကျော် ကို စစ်သင်တန်းများပို့ချနေခြင်းဖြစ်ကြောင်း ၊…
-
ပြင်ဦးလွင်နှင့် သာယာဝတီခရိုင်တွင် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူဦးရေ ၅၀၀ ကျော် ကြိုတင်စုဆောင်းထားရန် ထွေ/အုပ်က ညွှန်ကြားထား
ပြင်ဦးလွင်နှင့် သာယာဝတီခရိုင်တွင် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူဦးရေ ၅၀၀ ကျော် ကြိုတင်စုဆောင်းထားရန် ထွေ/အုပ်က ညွှန်ကြားထား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ပဲခူးတိုင်း သာယာဝတီခရိုင်တွင် စစ်မှုထမ်းစဉ် ၁၁ အတွက် လူငယ် ၅၀၀ ကျော်ကို ကြို တင်စုဆောင်းထားရန် ခရိုင် ထွေ/အုပ်က ညွှန်ကြားထားကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသိုင်းအ၀ိုင်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ မှ အုပ်ချုပ်ရေးမှူး သန်းဝင်းလှိုင်က စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ် ၂၀၀ ဦးကို အကြမ်းဖက် စစ်တပ်က စုဆောင်းခိုင်းထားကြောင်း ရပ်ကွပ်အတွင်း နေထိုင်သူများကို လိုက်လံပြောဆိုနေပြီး စစ်မှုထမ်း လူငယ်များကို ကြိုတင် စုဆောင်းမှုများ…
-
AA နှင့် ပူးပေါင်းတပ်က တပ်မ(၉၉)နည်းဗျူဟာမှူးကိုဖမ်းဆီး
AA နှင့် ပူးပေါင်းတပ်က တပ်မ(၉၉)နည်းဗျူဟာမှူးကိုဖမ်းဆီး ကဖေး/People’s Spring အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်အား ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲ၌ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ဖေဖော်ဝါလဆန်းအတွင်းတိုက်ပွဲ၌ ဖမ်းမိခြင်းဖြစ်ပြီး ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းပတ်ဝန်းကျင်၌ တိုက်ပွဲများအလွန်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများပြားကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ “စကစဘက်ခက သေတာ ရာချီတယ်။ သုံးရာကျော်နဲ့ ကာထားတာ။ တော်တော်များများ ပြုတ်တယ်”ဟု ၎င်းက ပြောသည်။ သို့သော် အမ်း-ပဒါန်းလမ်းတိုက်ပွဲအခြေအနေကိုAA က တရားဝင်မထုတ်ပြန်သေး၍ အသေး စိတ်မသိရသေးပေ။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း”တပ်တော် နဲ့ ပူးပေါင်းတပ်တွေ တိုက်နေတာ။ ၉၉ ဗျူဟာမှူးကထွက်ပြေးသေးတယ်။ မလွတ်လို့ လက်နက်ချတာ”ဟု ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်က AA နောက်ဆုံးထုတ်ပြန်ရာတွင် ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း -ပဒါန်း…
-
ရန်ကုန်သီလဝါဆိပ်ကမ်းရှိ ရေတပ်သင်္ဘောပေါ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခံရထားသည့် လူငယ် ၂ ဦး ရေကူးထွက်ပြေးစဉ် Elite LPG ကုမ္ပဏီမှ ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး၍ စစ်တပ်လက်ထဲ အပ်
ရန်ကုန်သီလဝါဆိပ်ကမ်းရှိ ရေတပ်သင်္ဘောပေါ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခံရထားသည့် လူငယ် ၂ ဦး ရေကူးထွက်ပြေးစဉ် Elite LPG ကုမ္ပဏီမှ ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး၍ စစ်တပ်လက်ထဲ အပ် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေတပ်သင်္ဘောပေါ်မှ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ် ၂ ဦးက စစ်သင်္ဘောပေါ်မှ ခုန်ချ ရေကူးထွက်ပြေးစဉ် Elite LPG ကုမ္ပဏီမှ ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး၍ စစ်တပ်လက်ထဲသို့ အပ်နှံခဲ့ကြောင်း ယင်းဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဆိပ်ကမ်းလုပ်သားများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကင်းလှည့် စစ်ရေယာဉ်ပေါ်တွင် ပေါ်တာဆွဲ…
-
#စောချစ်သူတို့ကိုဖမ်းဝရမ်းထုတ်ပြီ
#စောချစ်သူတို့ကိုဖမ်းဝရမ်းထုတ်ပြီ မြဝတီနယ်ကိုအပိုင်စားရထားကြတဲ့ ဒီကေဘီအေ ခေါင်းဆောင်တွေဖြစ်ကြတဲ့ စောချစ်သူ (ဗိုလ်မှူးကြီး)၊ မုတ်သုန် (ဒုဗိုလ်မှူးကြီး) နှင့်၊ တင်ဝင်း (ဗိုလ်မှူး) တို့ကို… DSI လို့ခေါ်တဲ့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့ရဲ့လူကုန်ကူးမှုအထောက်အထားတွေနဲ့ တရားရုံးကိုတင်ပြပြီး ဖမ်းဝရမ်းထုတ်လိုက်ပါပြီ။ အဖမ်းခံရတာ မခံရတာက တကဏ္ဍ၊ သေချာတာကတော့ သူတို့အတွက် ဘောင်ကျဉ်းသထက် ကျဉ်းလာနေပြီဖြစ်တယ်။ တရုတ်ရဲ့တောင်းဆိုချက် ၆ ချက်အပါအဝင် ထိုင်းကပြန်လည်တောင်းဆိုခဲ့တဲ့ အချက်တွေကိုပါ မကြာခင်တင်ပေးပါမယ်။ ဒီအကြောင်း ဘယ်သတင်းဌာနတွေကတင်မလဲလို့ စောင့်ကြည့်နေတာ ယနေ့အထိ ဘယ်သတင်းဌာနကမှ တင်တာမတွေ့ရသေးတာကြောင့် တင်ပေးပါမယ်။ Steven Sanyu #stevensanyu ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၅ BGF ခေါင်းဆောင်တွေကို ထိုင်း ဖမ်းဝရမ်းထုတ်ဖို့ စီစဉ် ဖေဖော်ဝါရီ ၁၁ ရက် ■…
-
မင်းတပ်မြို့သို့ ပြည်သူများဝင်ရောက်နေထိုင်နိုင်ပြီဟု ပကဖနှင့် CDF ထုတ်ပြန် ▪️တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကြောင်း ထောက်ခံချက်ပြသနိုင်မှ မြို့တွင်းပြန်ဝင်ခွင့်ရှိမည်ဟုအသိပေးပြီး လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထား
မင်းတပ်မြို့သို့ ပြည်သူများဝင်ရောက်နေထိုင်နိုင်ပြီဟု ပကဖနှင့် CDF ထုတ်ပြန် ▪️တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကြောင်း ထောက်ခံချက်ပြသနိုင်မှ မြို့တွင်းပြန်ဝင်ခွင့်ရှိမည်ဟုအသိပေးပြီး လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထား ဟန်နွေ/People’s Spring ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။ မင်းတပ်မြို့ တိုက်နယ်အုပ်ချုပ်ရေးမှူး ၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဟု ဆိုသည်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မြို့ကိုအပြီး သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းအောင်ပွဲအပြီး ၁လခွဲကျော်အကြာတွင် ပြည်သူများ အနေဖြင့် သတ်မှတ်စည်းကမ်းနှင့်အညီ မြို့တွင်း ပြန်နေထိုင်နိုင်ကြောင်း CDFနှင့် ပအဖက…
-
ဗန်းမော် အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ် ၃ ခုကို KIA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းမိ၊ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဗန်းမော် အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ် ၃ ခုကို KIA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းမိ၊ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ထိုးစစ်ဆင်လျက်ရှိရာ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း အပါအဝင် တပ်ရင်းဌာန ၃ ခုကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းဆီးရရှိကြောင်း KIA နှင့် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း အမှတ် ၅၀၁၄ တင့်ကားတပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ…
-
မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)
မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅ KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှု ၄ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မဲ့ပလီဗျူဟာစခန်းကို FFD၊ KNLA၊ BPLA၊ PDF ရဲဘော်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေကာ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
-
စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ကံမြင့်ကန်ဒေသသို့ ချီတက်လာခဲ့သော်လည်း စစ်သား ၃၀၀ နီးပါးသေဆုံးဒဏ်ရာရရှိပြီးနောက် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းမိ
စစ်ကြောင်းအင်အား ၃၆၀ ဦးဖြင့် ကံမြင့်ကန်ဒေသသို့ ချီတက်လာခဲ့သော်လည်း စစ်သား ၃၀၀ နီးပါးသေဆုံးဒဏ်ရာရရှိပြီးနောက် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းမိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်း ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ…