AA နှင့် ပူးပေါင်းတပ်က
တပ်မ(၉၉)နည်းဗျူဟာမှူးကိုဖမ်းဆီး
ကဖေး/People’s Spring
အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်အား ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲ၌ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ဖေဖော်ဝါလဆန်းအတွင်းတိုက်ပွဲ၌ ဖမ်းမိခြင်းဖြစ်ပြီး ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းပတ်ဝန်းကျင်၌ တိုက်ပွဲများအလွန်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများပြားကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
“စကစဘက်ခက သေတာ ရာချီတယ်။ သုံးရာကျော်နဲ့ ကာထားတာ။ တော်တော်များများ ပြုတ်တယ်”ဟု ၎င်းက ပြောသည်။
သို့သော် အမ်း-ပဒါန်းလမ်းတိုက်ပွဲအခြေအနေကိုAA က တရားဝင်မထုတ်ပြန်သေး၍ အသေး
စိတ်မသိရသေးပေ။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း”တပ်တော်
နဲ့ ပူးပေါင်းတပ်တွေ တိုက်နေတာ။ ၉၉ ဗျူဟာမှူးကထွက်ပြေးသေးတယ်။ မလွတ်လို့ လက်နက်ချတာ”ဟု ပြောသည်။
ဇန်နဝါရီလ ၂၇ ရက်က AA နောက်ဆုံးထုတ်ပြန်ရာတွင် ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း
-ပဒါန်း ကားလမ်းမထက်) တွင် စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသောစစ်ကောင်စီတပ်များကိုလိုက်လံရှင်း
လင်း တိုက်ခိုက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်တွင် နပခအပါအဝင် မြို့နယ် ၁၄ မြို့နယ်ဆုံးရှုံးပြီး AA တပ်က မကွေးတိုင်းသို့ထိုးဖောက်လာမည်စိုး၍ စစ်ကူအများအပြားဖြင့် ခံစစ်ပြင်နေသလို ၊အမ်းကိုပြန်လည်တိုက်ခိုက်ရန် ထိုးစစ်ပြန်ဆင်ရန်ကြိုးစားခဲ့သည်။သို့သော် AA နှင့် ပူးပေါင်းတပ်များတိုက်
ခိုက်မှုကြောင့် စစ်ကူစစ်ကြောင်းများအထိနာပြီး မကြာခဏနောက်ပြန်ဆုတ်ပြေးနေရကြောင်းစစ်ရေးရင်းမြစ်အချို့ကပြောသည်။
AAသည် ပြီးခဲ့သည့် ၂၀၂၄ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)
အားဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်းဖမ်းမိခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၂၀ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းယူသည့်တိုက်
ပွဲ၌လည်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုဖမ်းဆီးခဲ့သည်။
(ရခိုင်-မကွေးတိုင်းအစပ်တိုက်ပွဲများတွင်တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)