Category: News

  • မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို  လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး

    မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး

    by

    in

    မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တော်ရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၀၀…

  • မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

    မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မကွေးမြို့နယ်၊ ညောင်ကန် တိုက်နယ်၊ သရက်တောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နေအိမ် အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ “မနေ့က…

  • ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား

    ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား

    by

    in

    ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောက်စီဘက်မှ စစ်ဆင်ရေးဖော်ဆောင်ရန်အတွက် တူရကီဒရုန်းအစင်း ၈၀၀ကျော်ကိုပို့ဆောင်ထားတယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။ ကော့ကရိတ်မြို့နယ်ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီဘက်မှ လုံခြုံရေးအတွက် ကင်းထောက် ဒရုန်းများအသုံးပြုကာ ညနေ ၅နာရီမှ မနက်၄နာရီအထိ‌ဒရုန်းများဖြင့်ထောက်လှမ်းလျှက်ရှိနေပြီး နဘူး ၅၄၉ တပ်ကလည်း ကင်းထောက်ဒရုန်းများဖြင့် မနက်၂နာရီအထိ ကင်းထောက်လှမ်းမှုများလုပ်ဆောင်တာ ကိုတွေ့ရသည်ဟု အဆိုပါသတင်းအရင်းမြစ်ကပြောပါတယ်။ အာရှလမ်းတွင်မှာလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လျှက်ရှိနေသည်ဟု သတင်းအရင်းမြစ်ဆိုသည်။ ဖေဖော်၀ါရီ ၂၂ ရက်နေ့နံနက်တွင် ကော့ကရိတ်မြို့နယ် ရွှေကြက်မင်းနှင့်ထန်းပင်ကုန်းတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်ကြီး ပစ်ကူများပါ တစ်မနက်လုံးပစ်ခတ်ခဲ့ရတယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်ထံမှသိရသည်။ တတန်ကူးဘက်တွင်လည်းထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အောင်ဇေယျစစ်ကြောင်းထိုးစဉ် ထိခိုက်ပျက်စီးခဲ့သောစစ်ကောင်စီကားများသည် ဖေဖော်၀ါရီ ၂၂ ရက်နေ့မနက်တွင် စစ်ကောင်စီတပ်မှ ပြန်ဆွဲသွားပြီး ဘားအံဘက်သို့ပြန်ဆင်းကာ…

  • ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား

    ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား

    by

    in

    ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်များနှင့် ဘူဒိုဇာကားများ ယခု နံနက်ပိုင်းတွင် ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မင်းအောင်လှိုင်၏သားဖြစ်သူ ရယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မန္တလေး တိုင်းစစ်ကောင်စီဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း၍ ဆေးနီများဖြင့် အဆောက်အဦးများတွင် ရေးမှတ်သွားခဲ့ပြီးနောက် နေအိမ်များကို ဖျက်သိမ်းရန်…

  • ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့

    ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့

    by

    in

    ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ရန်ကုန်နဲ့ ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသက တပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်လာတဲ့ ရုပ်သံထဲမှာ ရွှေ့ပြောင်းတော့မယ့် PDF တပ်ဖွဲ့ဝင်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တွေ့ဆုံအားပေးစကား ပြောကြားမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံခဲ့တဲ့ တပ်ဖွဲ့တွေထဲမှာ ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊ လက်ရုံးအထူး စစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊ PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်တယ်လို့သိရပါတယ်။ “ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး.. ဒီဒေသတွေ…

  • မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်

    မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်

    by

    in

    မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ်၊ အမှတ်၄လမ်းဆုံ၊ အောက်မင်္ဂလာဒုံ လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်း အသုံးပြုပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး…

  • ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

    ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

    by

    in

    ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဓည၀တီရေတပ်စခန်းကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ကျောက်ဖြူမြို့မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတချို့စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက ဓညဝတီရေတပ်စခန်းကို ဖေဖော်ဝါရီလ၂၁ရက်နေ့ညပိုင်းမှာ AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တဆက်တည်းမှာပဲ အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းတွေကို စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်တွေမြို့အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး…

  • ရန်ကုန်နှင့်ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊တပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ ▪️စစ်အာဏာရှင်များမရှိအောင် တော်လှန်နေသည့် ရည်ရွယ်ချက် မပျောက်စေရန်နှင့် သွေးခွဲမှုများနားမယောင်ရန် သတိပေး

    ရန်ကုန်နှင့်ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊တပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ ▪️စစ်အာဏာရှင်များမရှိအောင် တော်လှန်နေသည့် ရည်ရွယ်ချက် မပျောက်စေရန်နှင့် သွေးခွဲမှုများနားမယောင်ရန် သတိပေး

    by

    in

    ရန်ကုန်နှင့်ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊တပ်ဖွဲ့များအား NUG ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ ▪️စစ်အာဏာရှင်များမရှိအောင် တော်လှန်နေသည့် ရည်ရွယ်ချက် မပျောက်စေရန်နှင့် သွေးခွဲမှုများနားမယောင်ရန် သတိပေး ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်‌ ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့သို့ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် တပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံကို PDF တောင်ပိုင်းစစ်ဒေသက ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)တွင် ထုတ်ပြန်သည်။ အဆိုပါရုပ်သံတွင် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရဲဘော်များအား လိုက်လံနှုတ်ဆက်ခြင်း လက်နတ်ခဲယမ်းများအားကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်သွားရောက်တွေ့ဆုံခဲ့သည့် တပ်ဖွဲ့များတွင် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊ လက်ရုံးအထူးစစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်သည်။ ” ဒီနေ့ မင်းတို့တပ်တွေ ရွှေတော့မယ်။ ရွှေ့တော့မယ်ဆိုတာ ငါတို့အစိုးရရဲ့ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ရန်ကုန်၊ ပဲခူးဒီဒေသတွေပြန်လည် စိုးမိုးဖို့။ ဒါရည်ရွယ်ချက် ရှိတယ်။ဒီအတွက်လည်း ရွှေ့တာ။ ဒီနေ့ရွေ့တာဟာ…

  • မလှိုင်မြို့နယ် ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ထွေ/အုပ် ဒုဦးစီး ၁ ဦး အပါအဝင် ၇ ဦး ထက်မနည်း ဒဏ်ရာရ

    မလှိုင်မြို့နယ် ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ထွေ/အုပ် ဒုဦးစီး ၁ ဦး အပါအဝင် ၇ ဦး ထက်မနည်း ဒဏ်ရာရ

    by

    in

    မလှိုင်မြို့နယ် ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ထွေ/အုပ် ဒုဦးစီး ၁ ဦး အပါအဝင် ၇ ဦး ထက်မနည်း ဒဏ်ရာရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထွေအုပ် ဒုဦးစီးမှူး ၁ ဦးအပါအဝင် ၇ ဦး ထက်မနည်း ထိခိုက်ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မလှိုင်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၆…

  • ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ ဆက်လက်ဆင်နွှဲနေဟု CNDF ပြော

    ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ ဆက်လက်ဆင်နွှဲနေဟု CNDF ပြော

    by

    in

    ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ ဆက်လက်ဆင်နွှဲနေဟု CNDF ပြော ဟန်နွေ/People’s Spring ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ ချင်းညီနောင်သည် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး ဖလမ်းမြို့ကို ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)အထိ ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဝင် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထံသို့ ယမန်နေ့က ဆက်သွယ်မေးမြန်းရာ “စစ်ဆင်ရေးရှိနေပါသေးတယ်” ဟု ဖြေကြားသည်။ စစ်ရေးအခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။ ချင်းညီနောင်အနေဖြင့် စစ်ဆင်ရေးသုံးလကျော်အတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းဌာနချုပ်သာ ကျန်တော့သည်ဟု ဆိုသည်။ ချင်းသတင်းဌာနအချို့၏ဖော်ပြချက်အရ ဖေဖော်ဝါရီ…