Category: News

  • ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ မနက်ဖြန်တွင် ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည်

    ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ မနက်ဖြန်တွင် ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည်

    by

    in

    ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ မနက်ဖြန်တွင် ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည် ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် မနက်ဖြန် ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ၄ နာရီကြာလျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ YESC စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါ၏ သက်တမ်းကြာဟောင်းနွမ်းလျက်ရှိသော Polymer Insulator များအား အ စားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလွှတ်ခြင်းလုပ်ငန်းအား မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နံ နက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာ၌ လွတ်ကင်းမှုမရှိသော 66kV သာကေတ-ကျိုက္ကဆံဖီဒါနှင့် 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါတို့အား လျှပ်စစ်ဓာတ်အားပိတ်၍ဆောင်ရွက်သွားမည်ဖြစ်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု အသိပေးခဲ့သည်။…

  • စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    by

    in

    စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့ ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၂၄ ရက် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ညောင်ကျိုး လက်နက်ကြီးအထိုင်ချစခန်းနှင့် နတ်တောင်တာဝါတိုင် စခန်းကုန်းတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။ ညောင်ကျိုးစခန်း၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင်တာဝါတိုင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် AA က ပိတ်ဆို့ထားပြီး ညောင်ကျိုးစခန်းတွင်ပါ ထိုးစစ်ပြင်းထန်၍ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေကြောင်း သိရသည်။ “ပုဂံကွဲကျပြီးတဲ့နောက် နတ်တောင်စခန်းက အပိတ်ခံ ထားရတာ။ စားနပ်ရိက္ခာလည်းမပို့နိုင်လို့ ငတ်ပြတ်နေတယ်လို့ သိထားတယ်။ ညောင်ကျိုးကနေ ရိက္ခာရော…

  • ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

    ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

    by

    in

    ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက် အိမ်သွင်/People’s Spring အာရက္ခတပ်တော်(AA) ကဓညဝတီရေတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက​ကျောက်ဖြူမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု များရှိကြောင်း ဒေသခံများကပြောသည်။ “လေကြောင်းတိုက်တာ မနေ့က။ ဒီမနက် တိုက်ပွဲငြိမ်နေပေမယ့်စကစကရမ်းပစ်နေတာ ရှိနေတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ ရှောက်ချောင်းရွာက ဒေသခံတွေထိခိုက်သေဆုံးတာရှိတယ်” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။ AA က ကျောက်ဖြူမြို့နယ် ၊သစ်ပုတ်​တောင်​ကျေးရွာအနီးရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို ဖေဖော်ဝါရီလ၂၁ရက်နေ့ ညတွင်လက်နက်ကြီးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထို့အပြင် ဓညဝတီရေတပ်စခန်းနှင့် မိုင်အနည်းငယ်အကွာရှိ ရွာတစ်ရွာတွင် စစ်ကောင်စီ၏မြေပြင်စစ်ကြောင်းနှင့် AA တိုက်ပွဲခဲ့​သေးကြောင်းလည်း ​ဒေသခံ တဦးကပြောသည်။ ​ရေတပ်စခန်းတိုက်ခိုက်ခံရပြီး​နောက်စစ်ကောင်စီက ကျောက်ဖြူမြို့နယ် ရှောက်ချောင်းနှင့် စိုင်ခြုံကျေးရွာကို ဖေဖော်ဝါရီလ၂၃ရက် ည‌ ၇နာရီခန့်တွင် ဗုံးကြဲခဲ့​ကြောင်း ဒေသခံအချို့က ​ပြော သည်။ ရှောက်ချောင်းရွာမှ ဒေသခံအချို့ ထိခိုက်သေဆုံးမှုရှိသော်လည်း ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့်…

  • မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို  လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး

    မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး

    by

    in

    မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တော်ရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၀၀…

  • မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

    မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မကွေးမြို့နယ်၊ ညောင်ကန် တိုက်နယ်၊ သရက်တောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နေအိမ် အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ “မနေ့က…

  • ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား

    ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား

    by

    in

    ကော့ကရိတ်မြို့နယ်တွင် တူရကီဒရုန်းအစင်း ၈၀၀ ကျော်ကို စစ်ကောင်စီပို့ဆောင်ထား ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောက်စီဘက်မှ စစ်ဆင်ရေးဖော်ဆောင်ရန်အတွက် တူရကီဒရုန်းအစင်း ၈၀၀ကျော်ကိုပို့ဆောင်ထားတယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။ ကော့ကရိတ်မြို့နယ်ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီဘက်မှ လုံခြုံရေးအတွက် ကင်းထောက် ဒရုန်းများအသုံးပြုကာ ညနေ ၅နာရီမှ မနက်၄နာရီအထိ‌ဒရုန်းများဖြင့်ထောက်လှမ်းလျှက်ရှိနေပြီး နဘူး ၅၄၉ တပ်ကလည်း ကင်းထောက်ဒရုန်းများဖြင့် မနက်၂နာရီအထိ ကင်းထောက်လှမ်းမှုများလုပ်ဆောင်တာ ကိုတွေ့ရသည်ဟု အဆိုပါသတင်းအရင်းမြစ်ကပြောပါတယ်။ အာရှလမ်းတွင်မှာလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လျှက်ရှိနေသည်ဟု သတင်းအရင်းမြစ်ဆိုသည်။ ဖေဖော်၀ါရီ ၂၂ ရက်နေ့နံနက်တွင် ကော့ကရိတ်မြို့နယ် ရွှေကြက်မင်းနှင့်ထန်းပင်ကုန်းတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်ကြီး ပစ်ကူများပါ တစ်မနက်လုံးပစ်ခတ်ခဲ့ရတယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်ထံမှသိရသည်။ တတန်ကူးဘက်တွင်လည်းထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အောင်ဇေယျစစ်ကြောင်းထိုးစဉ် ထိခိုက်ပျက်စီးခဲ့သောစစ်ကောင်စီကားများသည် ဖေဖော်၀ါရီ ၂၂ ရက်နေ့မနက်တွင် စစ်ကောင်စီတပ်မှ ပြန်ဆွဲသွားပြီး ဘားအံဘက်သို့ပြန်ဆင်းကာ…

  • ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား

    ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား

    by

    in

    ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်များနှင့် ဘူဒိုဇာကားများ ယခု နံနက်ပိုင်းတွင် ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မင်းအောင်လှိုင်၏သားဖြစ်သူ ရယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မန္တလေး တိုင်းစစ်ကောင်စီဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း၍ ဆေးနီများဖြင့် အဆောက်အဦးများတွင် ရေးမှတ်သွားခဲ့ပြီးနောက် နေအိမ်များကို ဖျက်သိမ်းရန်…

  • ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့

    ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့

    by

    in

    ရန်ကုန်နှင့် ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့တချို့ စတင်ပြောင်းရွှေ့ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ရန်ကုန်နဲ့ ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသက တပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်လာတဲ့ ရုပ်သံထဲမှာ ရွှေ့ပြောင်းတော့မယ့် PDF တပ်ဖွဲ့ဝင်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တွေ့ဆုံအားပေးစကား ပြောကြားမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံခဲ့တဲ့ တပ်ဖွဲ့တွေထဲမှာ ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊ လက်ရုံးအထူး စစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊ PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်တယ်လို့သိရပါတယ်။ “ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး.. ဒီဒေသတွေ…

  • မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်

    မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်

    by

    in

    မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ်၊ အမှတ်၄လမ်းဆုံ၊ အောက်မင်္ဂလာဒုံ လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်း အသုံးပြုပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး…

  • ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

    ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

    by

    in

    ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဓည၀တီရေတပ်စခန်းကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ကျောက်ဖြူမြို့မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတချို့စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက ဓညဝတီရေတပ်စခန်းကို ဖေဖော်ဝါရီလ၂၁ရက်နေ့ညပိုင်းမှာ AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တဆက်တည်းမှာပဲ အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းတွေကို စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်တွေမြို့အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး…