ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ မနက်ဖြန်တွင် ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည်
ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် မနက်ဖြန် ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ၄ နာရီကြာလျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။
YESC စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါ၏ သက်တမ်းကြာဟောင်းနွမ်းလျက်ရှိသော Polymer Insulator များအား အ စားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလွှတ်ခြင်းလုပ်ငန်းအား မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နံ နက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာ၌ လွတ်ကင်းမှုမရှိသော 66kV သာကေတ-ကျိုက္ကဆံဖီဒါနှင့် 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါတို့အား လျှပ်စစ်ဓာတ်အားပိတ်၍ဆောင်ရွက်သွားမည်ဖြစ်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည်ဟုလည်း YESC ကအသိ ပေးခဲ့သည်။
