Category: News

  • ငလျင်ဘေးသင့် တံတားဦးမှာတစ်ရွာကိုစစ်မှုထမ်း ဖို့၅ ဦးစီတောင်းလို့အုပ်ကြီး၁၆ယောက်နှုတ်ထွက်

    ငလျင်ဘေးသင့် တံတားဦးမှာတစ်ရွာကိုစစ်မှုထမ်း ဖို့၅ ဦးစီတောင်းလို့အုပ်ကြီး၁၆ယောက်နှုတ်ထွက်

    by

    in

    ငလျင်ဘေးသင့် တံတားဦးမှာတစ်ရွာကိုစစ်မှုထမ်း ဖို့၅ ဦးစီတောင်းလို့အုပ်ကြီး၁၆ယောက်နှုတ်ထွက် ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People’s Spring ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တစ်ရွာကို ၅ ဦးနှူန်း မဖြစ်မနေပေးရမယ်ဆိုလို့ ဒီကနေ့ ဇွန်လ (၁၃)ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆)ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နူတ်ထွက်စာတွေတင်ပြီး တာဝန်ကနေ နှုတ်ထွက်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လူအတင်းလာတောင်းနေလို့ လက်မှတ်ထိုး နူတ်ထွက်ကြတာပြောတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။ နှုတ်ထွက်ကြတဲ့ အုပ်ကြီးတွေရဲ့ ကျေးရွာအမည်တွေကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။ တံတားဦးမြို့နယ်အနောက်ခြမ်းက စစ်ကောင်စီလက် လှမ်းမမီတဲ့ ရွာတွေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင်…

  • အလုံမြို့နယ်တွင် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေး တိုးချဲ့ရန်ဟုဆိုကာ စောရန်ပိုင် အနောက်ရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်း

    အလုံမြို့နယ်တွင် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေး တိုးချဲ့ရန်ဟုဆိုကာ စောရန်ပိုင် အနောက်ရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်း

    by

    in

    အလုံမြို့နယ်တွင် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေး တိုးချဲ့ရန်ဟုဆိုကာ စောရန်ပိုင် အနောက်ရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်း ရန်ကုန်၊ ဇွန် ၁၄ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် စစ်ကောင်စီက အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေး တိုးချဲ့ရန်ဟုဆိုကာ စောရန်ပိုင် အနောက်ရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ ၁၅၆ ဒသမ ၉၃၁ ဧက ပေါ်တွင် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ရေးစီမံကိန်း အပိုင်း ၃ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းတွင် မြေဧက ၃၂ ဒသမ ၂၈၄ ဧကပါဝင်ပြီး အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်မှာ အဆိုပါစီမံကိန်း…

  • ဖားကန့်၊ တောင်ယာကုန်းရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာ

    ဖားကန့်၊ တောင်ယာကုန်းရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာ

    by

    in

    ဖားကန့်၊ တောင်ယာကုန်းရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာ ရန်ကုန်၊ဇွန် ၁၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ယာကုန်ကျေးရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၃ ရက်နေ့ မှော်ဆီဇာဘုရားကုန်းမှ စစ်ကောင်စီတပ်များက တောင်ယာကုန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ပြည်သူ ၃ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူ ၃ ဦးကို သတ်ဖြတ်ရာတွင် အပိုင်းပိုင်းဖြတ်၍ သတ်ဖြတ်ထားခြင်း၊ မျက်စိများထိုးဖောက်သတ်ဖြတ်ခြင်းနှင့် ဦးခေါင်းကို…

  • မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တယ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရှောင်လွဲနေ

    မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တယ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရှောင်လွဲနေ

    by

    in

    မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တယ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရှောင်လွဲနေ ရန်ကုန်၊ ဇွန် ၁၃ မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တယ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှောင်လွဲနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ ဇွန်လ ၁၁ ရက်နေ့ တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေးတွင် လုံခြုံ ရေးကောင်စီ၏ အစီအရင်ခံစာ အပေါ် ဆွေးနွေးမှုပြုလုပ်စဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်း၏ မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ကောင်စီမှ လက်ခံစဉ်းစားရန် လိုအပ်ချက်နှင့်…

  • မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံး

    မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံး

    by

    in

    မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၁၃ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force – SDDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…

  • နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး ■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်

    နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး ■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်

    by

    in

    နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး ■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက် တိုက်ဖြစ်နေဟု CDF-အရှိုပြော ဇွန်-၁၃၊၂၀၂၅။ဘီဂျီ၊က​ဖေး/ People’s Spring မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီ​ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက လူထုနွေဦးကို ပြောပါတယ်။ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကိုဇွန် ၈ ရက်က​နေ ၁၂ ရက်​နေ့အတွင်း ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ “ပြေးလာကြတယ်ဆိုတာက တာဝန်မထမ်းဆောင်ချင်တာရယ်၊စစ်မှုထမ်းကြောင့်ပါလာပြီးထွက်ပြေး ချင်တာရယ်ပေါ့။ တချို့ကလည်း နှစ်ခါ၊သုံးခါ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါတယ်”လို့ CDF -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။ ဇွန် ၈ ရက်​နောက်ပိုင်း ငါးရက်အတွင်း…

  • စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်၊ ဇော်ဘုန်းဟိန်းအတွက် ဆန္ဒပြရေး လှုံ့ဆော်မှုများ မလုပ်ရန် မဘသ ပေါက်ဘုန်းကြီးပြော

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်၊ ဇော်ဘုန်းဟိန်းအတွက် ဆန္ဒပြရေး လှုံ့ဆော်မှုများ မလုပ်ရန် မဘသ ပေါက်ဘုန်းကြီးပြော

    by

    in

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်၊ ဇော်ဘုန်းဟိန်းအတွက် ဆန္ဒပြရေး လှုံ့ဆော်မှုများ မလုပ်ရန် မဘသ ပေါက်ဘုန်းကြီးပြော ရန်ကုန်၊ ဇွန် ၁၃ အကြမ်းဖက် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း မဘသအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင်…

  • တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်နှင့်အထက် ရာထူးတိုးရန် ရှိနေသည့် စစ်အရာရှိများ၏ မိဘဆွေမျိုးအသိုင်းအ၀ိုင်း တွင် NLD ပါတီ၊ PDF နှင့် CDM များ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရမည်ဟု ညွှန်ကြား

    တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်နှင့်အထက် ရာထူးတိုးရန် ရှိနေသည့် စစ်အရာရှိများ၏ မိဘဆွေမျိုးအသိုင်းအ၀ိုင်း တွင် NLD ပါတီ၊ PDF နှင့် CDM များ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရမည်ဟု ညွှန်ကြား

    by

    in

    တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်နှင့်အထက် ရာထူးတိုးရန် ရှိနေသည့် စစ်အရာရှိများ၏ မိဘဆွေမျိုးအသိုင်းအ၀ိုင်း တွင် NLD ပါတီ၊ PDF နှင့် CDM များ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရမည်ဟု ညွှန်ကြား ရန်ကုန်၊ ဇွန် ၁၃ အကြမ်းဖက်စစ်ကောင်စီက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်နှင့်အထက် ရာထူးတိုးရန် ရှိနေသည့် စစ်အရာရှိများ၏ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွင် NLD ပါတီဝင်၊ PDF နှင့် CDM ဝန်ထမ်းများ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရမည်ဟု စစ်တပ်အတွင်း ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်အတွင်း ရာထူးတိုးပေးမှုနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များစွာကို ပြင်ဆင်သတ်မှတ်နေရာတွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်နှင့် ယင်းအဆင့်အထက် ရာထူးတိုးပေးရာတွင် မိဘဆွေမျိုးအသိုင်းအ၀ိုင်းအတွင်း…

  • သံတောင်ကြီး၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူး အရာရှိသင်တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၈ ဦး အပါအဝင် ၉ ဦးသေဆုံး

    သံတောင်ကြီး၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူး အရာရှိသင်တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၈ ဦး အပါအဝင် ၉ ဦးသေဆုံး

    by

    in

    သံတောင်ကြီး၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူး အရာရှိသင်တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၈ ဦး အပါအဝင် ၉ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၁၃ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ ၊ စစ်တပ်(ကြည်း)တိုက်ခိုက်ရေးသင်တန်းကျောင်းမှ တပ်ခွဲမှူးသင် တန်းဆင်းများ လိုက်ပါသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကြောင်း People Defense Force Thandaungမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ဘုရင့်နောင်တပ်မြို့ ၊စစ်သင်တန်းကျောင်းမှတပ်ခွဲမှူး သင် တန်းဆင်းများပါဝင်သော စစ်ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်း၊၇ မိုင်စစ်တပ်စခန်းကုန်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းဆင်း…

  • ရွှေစျေးနှင့် ဒေါ်လာစျေးများ ပြန်လည်မြင့်တက်လာချိန် စစ်ကောင်စီက စျေးကစားသူများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြန်

    ရွှေစျေးနှင့် ဒေါ်လာစျေးများ ပြန်လည်မြင့်တက်လာချိန် စစ်ကောင်စီက စျေးကစားသူများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြန်

    by

    in

    ရွှေစျေးနှင့် ဒေါ်လာစျေးများ ပြန်လည်မြင့်တက်လာချိန် စစ်ကောင်စီက စျေးကစားသူများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြန် ရန်ကုန်၊ ဇွန် ၁၃ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှင့် ဒေါ်လာစျေးများ ပြန်လည်မြင့်တက်လာချိန် စစ်ကောင်စီက စျေးကစားသူများကို ဖမ်းဆီးအရေးယူမည်ဖြစ် ကြောင်း ကြေညာချက် ထုတ်ပြန် ခြိမ်းခြောက်လာပြန်သည်။ ဇွန်လ ၅ ရက်နေ့ ILO က စစ်ကောင်စီအပေါ် Article 33 ဖြင့် အရေးယူဒဏ် ခတ်ပိတ်ဆို့ရန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ဆိုးရွားသော သက်ရောက်မှုများစွာရှိလာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးအပေါ် ကြီးမားသော သက်ရောက်မှုများရှိလာခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့မှစတင်ပြီး ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေနှင့်ဒေါ်လာများ ကြီးမားသော ပမာဏဖြင့် ဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်လာခဲ့ရာမှ စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာခဲ့ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့…