Category: News
-
တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန် နို၀င်ဘာ ၂၅၊၂၀၂၄
တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန် နို၀င်ဘာ ၂၅၊၂၀၂၄ တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာကျရောက်တဲ့၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မင်းအောင်လှိုင်ကဆိုပြန်ပါတယ်။ နေ့စဉ်စစ်ကြောင်းထိုး တစ်နိုင်ငံလုံးကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်က ဆွေ့ဆုံညှိုနှိုင်းဆွေးနွေးရေးကသာ အဖြေဖြစ်တယ်လို့ဆိုပြန်ပါတယ်။ နားလည်မှုလွဲမှားခြင်းနဲ့ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောပါတယ်။ ငြိမ်ချမ်းရေး လိုလားတယ်ဆိုတဲ့ စစ်ကောင်စီဟာ လက်တွေ့မှာတော့ မြေပြင်မှာလက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသားဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးတာ အင်အားဖြည့်တင်းတာ…
-
“တပ်ရင်းလိုက်ကြီး ပြုတ်သွားပြန်ပြီတဲ့..ဟေ့😋 ဖရဲသီး🍉သတင်းလေး အရမ်းချို😍”
“တပ်ရင်းလိုက်ကြီး ပြုတ်သွားပြန်ပြီတဲ့..ဟေ့😋 ဖရဲသီး🍉သတင်းလေး အရမ်းချို😍”
-
ရမည်းသင်းနှင့်တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ
ရမည်းသင်းနှင့်တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ ရန်ကုန်၊ နိုဝင်ဘာ ၂၅ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့တွင် လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယခုနိုဝင်ဘာလ ပထမအပတ်မှစတင်၍ နိုဝင်ဘာလ တတိယအပတ်အထိ ရမည်းသင်းမြို့နယ် ကမ္မကျေးရွာအုပ်စုနှင့် ပေါက်အိုင်ကျေးရွာစုတို့တွင် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ မဲနှိုက်ခိုင်းမှု၊ လမ်းပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရကြောင်း သိရှိရသည်။ “ဖြစ်နေတာကတော့ ရမည်းသင်းတစ်မြို့နယ်လုံးပဲ။ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတာ၊ လမ်းမှာ ပေါ်တာဆွဲအဖမ်းခံရတာ။ ပြီးတော့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့…
-
စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား
စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၂၅ အကြမ်းဖက်စစ်ကောင်စီက လက်ရှိ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေရာတွင် စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သ လို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး စုစုပေါင်း စစ်အသုံးစရိတ်မှာ တိုင်းပြည်တစ်ခုလုံး သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိလာကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် စစ်အသုံးစရိတ်များနှင့် ပတ်သက်၍ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့် သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။…
-
အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်
အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည် ရန်ကုန်၊ နိုဝင်ဘာ ၂၅ တရုတ်အစိုးရပိုင် China EXIM Bank က အကြမ်းဖက်စစ်ကောင်စီအကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့်တရုတ်အကြား အပြန်အလှန် သဘောတူညီထားသော စာချုပ်ပါ အချက်အလက်များအရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်မည့် အဆင့်မြှင့်တင်ထားသော E-Government အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့်…
-
အင်အားထောင်ချီ၍ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရိုးမထဲတွင် ကစဉ့်ကလျားပြေးနေရ
အင်အားထောင်ချီ၍ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရိုးမထဲတွင် ကစဉ့်ကလျားပြေးနေရ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၂၄ရက် စစ်ကူလမ်းကြောင်းများပိတ်ဆို့ပြီး ဝိုင်းပတ်အတိုက်ခံနေရသည့် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ထံ စစ်ကူပို့သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ကစဉ့်ကလျား ထွက်ပြေးနေရကြောင်း သိရသည်။ အမ်းရိုးပေါ်မှဆင်းလာသည့် စစ်ကား ၂၂ စီးပါ အင်အားအပြည့်ဖြင့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ နိုဝင်ဘာ ၂၃ရက် နံနက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားနှစ်စီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ “ကားတစ်စီးကို လူအင်အားအပြည့်နဲ့ ကား၂၀ ကျော်တက်လာတာ နှစ်စီးမိုင်းထိပြီး ကျန်ကားတွေ ဆက်ပြီးမောင်းပြေးသွားကြတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ရက်နေ့ကလည်း စစ်ကောင်စီ၏ အင်အား…
-
ထားဝယ်ခရိုင်အတွင်း စစ်တပ်ကို စုပေါင်းအားဖြင့် တိုက်ခိုက်ရန် ထားဝယ်ခရိုင် တပ်ပေါင်းစု အဖြစ် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ပြီး မြေပြင် တိုက်ပွဲများ ဖော်ဆောင်မည်ဟု သတိပေး
ထားဝယ်ခရိုင်အတွင်း စစ်တပ်ကို စုပေါင်းအားဖြင့် တိုက်ခိုက်ရန် ထားဝယ်ခရိုင် တပ်ပေါင်းစု အဖြစ် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ပြီး မြေပြင် တိုက်ပွဲများ ဖော်ဆောင်မည်ဟု သတိပေး ရန်ကုန်၊ နိုဝင်ဘာ ၂၄ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်တပ်ကို စုပေါင်းအားဖြင့် တိုက်ခိုက်ရန် ထားဝယ်ခရိုင် တပ်ပေါင်းစု အဖြစ် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ပြီး မြေပြင် တိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ဗျူဟာမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှု အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း…
-
အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ကြိုဆို
အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ကြိုဆို ရန်ကုန်၊ နိုဝင်ဘာ ၂၄ အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ၊ အလုပ်သမား ဝန်ကြီးဌာန ဦးဆောင်သော အလုပ်ရှင်နှင့် အလုပ်သမားများဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အကြမ်းဖက် မြန်မာစစ်အုပ်စုက လိုက်နာရန် ပျက်ကွက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက်…
-
မြန်မာ့အရေး ဝင်ရောက်ခြယ်လှယ်နေသည့် တရုတ်အစိုးရ ဆန့်ကျင်ရှုတ်ချကြောင်း ကိုရီးယားရောက်မြန်မာများ ချီတက်ဆန္ဒပြ
မြန်မာ့အရေး ဝင်ရောက်ခြယ်လှယ်နေသည့် တရုတ်အစိုးရ ဆန့်ကျင်ရှုတ်ချကြောင်း ကိုရီးယားရောက်မြန်မာများ ချီတက်ဆန္ဒပြ သုည/People’s Spring တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်ခြယ်လှယ်နေသည့် တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (နိုဝင်ဘာ ၂၄) ပြုလုပ်ခဲ့သည်။ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေးသပိတ်အင်အားစုတောင်ကိုရီးယားရှိ မြန်မာသားများ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယားနိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြပွဲတွင် “China Stop Killing Myanmar by Supporting Fascist Criminals” စာသားကိုင်ဆောင်၍ ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ခဲ့ပြီး မြန်မာပြည်သူများကိုယ်စား အိတ်ဖွင့်ပေးစာနှင့် ထုတ်ပြန်ကြေငြာချက်များ တရုတ်သံရုံးထံ ပေးပို့ခဲ့ကြသည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် ကိုရီးယားနိုင်ငံရှိ မြန်မာများ၏ သဘောထားတောင်းဆိုချက်များအပြင် မြန်မာပြည်တွင်းရှိ…
-
ဆီမီးခုံမြို့တွင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွား
ဆီမီးခုံမြို့တွင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွား ရန်ကုန်၊ နိုဝင်ဘာ ၂၄ မန္တလေးတိုင်း၊ ဆီမီးခုံမြို့တွင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း MP-9 အဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆုံရွာနှင့် ငါန်းဇွန်မြို့နယ် ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် ဆီမီးခုံမြို့ပေါ်ရှိ ရပ်ကွက်များကို ဝင်ရောက် စီးနင်းပြီး…