Category: News
-
၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ်
၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ် ရန်ကုန်၊ မေ ၂၅ မင်းအောင်လှိုင်လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးခေါ်လို့ ကျိုင်းတုံထိသွားပြီး လောကသရဖူ စေ တီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုပါတယ်။ မေလ ၂၃ ရက်နေ့ကတည်းက ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင် လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့ ခေါ်ယူမှုကြောင့် ဘုန်းကြီးကို အဓိက သွားရောက် တွေ့ဆုံတာဖြစ်ပြီး ၀စီပိတ်ဘုန်းကြီး ဦးဆောင် တည်ဆောက်နေတဲ့ ပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာ လောကသရဖူ စေတီ ဘုရားဌာပနာ ယတြာချေတာ၊ အဲဒီစေတီမှာ အစီအရင် အင်းပြားတွေ မြှုပ်နှံတာတွေ…
-
မန္တလေးမှာ နောက်ဆက်တွဲငလျင်ကြောင့် ပြည်သူတွေ နေအိမ်ပေါ်က ဆင်းပြေးရပြန်
မန္တလေးမှာ နောက်ဆက်တွဲငလျင်ကြောင့် ပြည်သူတွေ နေအိမ်ပေါ်က ဆင်းပြေးရပြန် မေ ၂၅၊ ၂၀၂၅။မေရီ/People’s Spring မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။ ဒီကနေ့ မေလ(၂၅)ရက် မနက် ၅ နာရီ ၅၂မိနစ်ခန့်က မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဟာ အနည်းငယ်ပြင်းပြီး သိသာစွာ ခံစားလိုက်ရတာကြောင့် ပြည်သူတွေ နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “တော်တော်ကြမ်းတယ်။ အိမ်ကို ဆောင့်တွန်းလိုက်သလို ရမ်းခါသွားတာ။ အကုန်ဆင်းပြေးရတယ်။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့ ဒီမနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ အင်အား ၄.၂ ရစ်(ခ်)တာစကေးရှိပြီး အနက် ၁၀ကီလိုမီတာကနေ မန္တလေးမြို့ရဲ့…
-
ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၇သိန်းဝန်းကျင်ရှိလာ
ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၇သိန်းဝန်းကျင်ရှိလာ မေ၂၅၊၂၀၁၅။ရဲခေါင်/People’s Spring ကမ္ဘာ့ရွှေစျေးတက်လာပြီးနောက် ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၇သိန်းဝန်းကျင်ရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ သိရသည်။ မေလ ၂၄ရက် ညပိုင်းတွင် ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ၃,၃၅၇ ဒေါ်လာဖြင့် ယခုရက် သတ္တပတ် ရွှေစျေးကွက်ပိတ်ခဲ့ခြင်းဖြစ်သည်။ ပြင်ပရွှေစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇,၆၉၀,၀၀၀ ကျပ်ရှိကာ ၁၅ပဲရည် စျေးသည် ကျပ် ၇၂ သိန်းဝန်းကျင်ရှိသည်ဟု ဆိုသည်။ “ပြီးခဲ့တဲ့အပတ်ကဆို ဒေါ်လာ ၃,၂၀၀ ကျော်ကနေ အခုတစ်ပတ် တစ်အောင်စ ဒေါ်လာတစ်ရာနီးပါးတက်တယ်ပြောရမယ်။စျေးအတက်အကျမငြိမ်ဘူး။စျေးတန်းတစ်ခုထားပြီး အရောင်းအဝယ်ကတော့ လုပ်နေကြတာပဲ။အရင်တခါ ဧပြီလလောက်ကလို တစ်အောင်စ ၃,၄၀၀ ကျော်ရင် ပြည်တွင်းရွှေက သိန်း ၈၀ လောက်ဖြစ်လာနိုင်တယ်”ဟု ပြင်ပရွှေစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ မေလ…
-
ဧရာဝတီနှင့် ရန်ကုန်အစပ်ရှိ ပန်တိုင်ဂိတ်တွင် အသက် ၃၀ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်းမရှိသည့် ခရီးသွားများထံမှ ကျပ်ငွေ ၄၀၀၀ နှင့်အထက် တောင်းယူနေ
ဧရာဝတီနှင့် ရန်ကုန်အစပ်ရှိ ပန်တိုင်ဂိတ်တွင် အသက် ၃၀ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်းမရှိသည့် ခရီးသွားများထံမှ ကျပ်ငွေ ၄၀၀၀ နှင့်အထက် တောင်းယူနေ ဧရာဝတီတိုင်းမ် မေ ၂၄ ရက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအစပ်မှာရှိတဲ့ ညောင်တုန်းမြို့နယ်၊ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အသက် ၃၀ ပြည့် မှတ်ပုံတင်သက်တမ်းလဲလှယ်ခြင်းမပြုရသေးသည့် ခရီးသွားပြည်သူများကိုပစ်မှတ်ထားပြီး ကျပ် ၄၀၀၀ နှင့် အထက် ငွေကြေးတောင်းခံနေကြောင်း ခရီးသွားများထံမှ သိရသည်။ အသက် ၃၀ ကျော်အရွယ်များအနေဖြင့် မှတ်ပုံတင် ကတ်အသစ်လဲလှယ်ထားခြင်းမရှိသောကြောင့် ကျပ်ငွေ ၄၀၀၀ ပေးဆောင်ရန် တောင်းယူခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူထံမှ သိရသည်။ “မနေ့က ရန်ကုန်သွားတော့ တစ်ယောက်ကို ၄၀၀၀ ကျော်တောင်းတာ မြင်ရတယ်။ ဂိတ်တိုင်းတောင်း နေကြတာ။ တစ်ဂိတ်နဲ့တစ်ဂိတ် နီးနီးလေးပဲ မိနစ်…
-
ထိုင်း-မြန်မာနယ်စပ် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်သား ၆၀ ကျော် ထိုင်းထဲသို့ ထွက်ပြေး ၊ စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၃၀ ကျော် လက်နက်ချ (ရုပ်/သံ)
ထိုင်း-မြန်မာနယ်စပ် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်သား ၆၀ ကျော် ထိုင်းထဲသို့ ထွက်ပြေး ၊ စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၃၀ ကျော် လက်နက်ချ (ရုပ်/သံ) ရန်ကုန်၊ မေ ၂၄ ထိုင်း-မြန်မာနယ်စပ် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်သား ၆၀ ကျော် ထိုင်းထဲသို့ ထွက်ပြေးသွားကြောင်း၊ စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၃၀ ကျော် လက်နက်ချကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ၂၃ ရက်နေ့ ညနေပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလက်ဒိုစခန်းကို KNU တပ်မဟာ ၆ ဦး ဆောင်သော ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့်…
-
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်၊ ဘလက်ဒို စစ်စခန်း သိမ်းပိုက်ပြီးနောက် ၂ ရက်အကြာ စစ်တပ်စခန်းများအားလုံးကို တောက်လျှောက် မရပ်မနား ထိုးစစ်ဆင်နေ
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်၊ ဘလက်ဒို စစ်စခန်း သိမ်းပိုက်ပြီးနောက် ၂ ရက်အကြာ စစ်တပ်စခန်းများအားလုံးကို တောက်လျှောက် မရပ်မနား ထိုးစစ်ဆင်နေ ရန်ကုန်၊ မေ ၂၅ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU က ယနေ့နံနက်ပိုင်း ထပ်မံ ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်သံများကြားနေရကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက ဒရုန်းများဖြင့် စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်တပ်ကလည်း လက်နက် ကြီးများဖြင့်…
-
■Photo News ဘလယ်ဒိုရွာက စစ်ကောင်စီတပ်သုံးခု သိမ်းပိုက်မှုမြင်ကွင်း
■Photo News ဘလယ်ဒိုရွာက စစ်ကောင်စီတပ်သုံးခု သိမ်းပိုက်မှုမြင်ကွင်း ထိုင်း − မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်က ဘလယ်ဒိုကျေးရွာမှာ အခြေပြုတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃၀ခန့်နဲ့ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဘလယ်ဒိုကျေးရွာက ပင်မခြေကုပ်တပ်စခန်းကုန်းနဲ့ ဘလယ်ဒိုရွာက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စခန်းအပြင် ရွာထိပ်မှာတပ်စွဲထားတဲ့ စခန်း စုစုပေါင်း စခန်းသုံးခုကို အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေက မနေ့က (မေလ ၂၃ရက်)မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဓာတ်ပုံ − Soe Moe/Fb
-
မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေး အဖြစ် တပြိုင်တည်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ
မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေး အဖြစ် တပြိုင်တည်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ် နှင့် ငါန်းဇွန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေး အဖြစ် တပြိုင်တည်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း 9/A Nyar Myae…
-
AA သိမ်းထားတဲ့ ကျောက်ဖြူ အစိုးရစက်မှုလက်မှု သင်တန်းကျောင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ် အကျအဆုံးတွေနဲ့ဆုတ်ခွာပြေး (စစ်သုံ့ပန်းတချို့၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိ)
AA သိမ်းထားတဲ့ ကျောက်ဖြူ အစိုးရစက်မှုလက်မှု သင်တန်းကျောင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ် အကျအဆုံးတွေနဲ့ဆုတ်ခွာပြေး (စစ်သုံ့ပန်းတချို့၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိ) မေ ၂၄/၂၀၂၅ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ကျောက်ဖြူ အစိုးရစက်မှုလက်မှုသင်တန်းကျောင်းကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ကောင်စီ စစ်ကြောင်း အကျအဆုံးတွေနဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စစ်သုံ့ပန်းတချို့၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ မနေ့က မေလ ၂၃ ရက်၊ ညနေပိုင်းမှာ အမှတ်(၃၂)ရဲတပ်ရင်းက စစ်ကြောင်းနှစ်ကြောင်းနဲ့ချီတက်လာပြီး ထိုးစစ်ဆင်လာတဲ့အတွက် AA နဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။ “အမှတ်(၃၂)ရဲတပ်ရင်းကထွက်လာတာ။ နှမ်းဖဲတောင်စေတီကွင်းဖက်ကတစ်ကြောင်း၊ ပြိုင်းစေ့ကေဖက်က တစ်ကြောင်း။ ရာနဲ့ချီပါတယ်။ အဲဒီစစ်ကြောင်းချီတက်လာတာ။ အဓိက စက်မှုလက်မှုသင်တန်းကျောင်းကိုဦးတည်ပြီး ထိုးစစ်ဆင်လို့ အပြန်အလှန်တိုက်ပွဲပြင်းခဲ့တာ။ သင်တန်းကျောင်းကို သူတို့မရောက်လိုက်ဘူး။…
-
မင်းလှတွင် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး၊ တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့သော စစ်သား အလောင်း ၄ လောင်းကို PDF က သိမ်းဆည်းရရှိ
မင်းလှတွင် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး၊ တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့သော စစ်သား အလောင်း ၄ လောင်းကို PDF က သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၄ ပဲခူးတိုင်း၊ မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမအတွင်း တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့သော အလောင်း ၄ လောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ ည ၁၁…