ထိုင်း-မြန်မာနယ်စပ် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်သား ၆၀ ကျော် ထိုင်းထဲသို့ ထွက်ပြေး ၊ စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၃၀ ကျော် လက်နက်ချ (ရုပ်/သံ)

by

in

ထိုင်း-မြန်မာနယ်စပ် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်သား ၆၀ ကျော် ထိုင်းထဲသို့ ထွက်ပြေး ၊ စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၃၀ ကျော် လက်နက်ချ (ရုပ်/သံ)
ရန်ကုန်၊ မေ ၂၄

ထိုင်း-မြန်မာနယ်စပ် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်သား ၆၀ ကျော် ထိုင်းထဲသို့ ထွက်ပြေးသွားကြောင်း၊ စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၃၀ ကျော် လက်နက်ချကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ၂၃ ရက်နေ့ ညနေပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလက်ဒိုစခန်းကို KNU တပ်မဟာ ၆ ဦး ဆောင်သော ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆို ပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော် လက်နက်ချပြီး စစ်သား အလောင်း ၁၀ လောင်းရရှိကြောင်း၊ ထိုင်းနိုင်ငံ ဘက်အခြမ်းသို့ ထွက်ပြေးသူ စစ်သား ၆၃ ဦးရှိကြောင်း သိရှိရသည်။
ဘလက်ဒိုစစ်စခန်းသိမ်း တိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ရပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရှိအချိန်တွင် KNLA ဦးဆောင်သော ပူးပေါင်း မဟာမိတ်တပ်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရှိရသည်။