■Photo News ဘလယ်ဒိုရွာက စစ်ကောင်စီတပ်သုံးခု သိမ်းပိုက်မှုမြင်ကွင်း

by

in

■Photo News
ဘလယ်ဒိုရွာက စစ်ကောင်စီတပ်သုံးခု သိမ်းပိုက်မှုမြင်ကွင်း

ထိုင်း − မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်က ဘလယ်ဒိုကျေးရွာမှာ အခြေပြုတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃၀ခန့်နဲ့ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဘလယ်ဒိုကျေးရွာက ပင်မခြေကုပ်တပ်စခန်းကုန်းနဲ့ ဘလယ်ဒိုရွာက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စခန်းအပြင် ရွာထိပ်မှာတပ်စွဲထားတဲ့ စခန်း စုစုပေါင်း စခန်းသုံးခုကို အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေက မနေ့က (မေလ ၂၃ရက်)မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ဓာတ်ပုံ − Soe Moe/Fb