AA သိမ်းထားတဲ့ ကျောက်ဖြူ အစိုးရစက်မှုလက်မှု သင်တန်းကျောင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ် အကျအဆုံးတွေနဲ့ဆုတ်ခွာ‌ပြေး (စစ်သုံ့ပန်းတချို့၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိ)

by

in

AA သိမ်းထားတဲ့ ကျောက်ဖြူ အစိုးရစက်မှုလက်မှု သင်တန်းကျောင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ် အကျအဆုံးတွေနဲ့ဆုတ်ခွာ‌ပြေး
(စစ်သုံ့ပန်းတချို့၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိ)
မေ ၂၄/၂၀၂၅
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ကျောက်ဖြူ အစိုးရစက်မှုလက်မှုသင်တန်းကျောင်းကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ကောင်စီ စစ်ကြောင်း အကျအဆုံးတွေနဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စစ်သုံ့ပန်းတချို့၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
မနေ့က မေလ ၂၃ ရက်၊ ညနေပိုင်းမှာ အမှတ်(၃၂)ရဲတပ်ရင်းက စစ်ကြောင်းနှစ်ကြောင်းနဲ့ချီတက်လာပြီး ထိုးစစ်ဆင်လာတဲ့အတွက် AA နဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။
“အမှတ်(၃၂)ရဲတပ်ရင်းကထွက်လာတာ။ နှမ်းဖဲတောင်စေတီကွင်းဖက်ကတစ်ကြောင်း၊ ပြိုင်းစေ့ကေဖက်က တစ်ကြောင်း။ ရာနဲ့ချီပါတယ်။ အဲဒီစစ်ကြောင်းချီတက်လာတာ။ အဓိက စက်မှုလက်မှုသင်တန်းကျောင်းကိုဦးတည်ပြီး ထိုးစစ်ဆင်လို့ အပြန်အလှန်တိုက်ပွဲပြင်းခဲ့တာ။ သင်တန်းကျောင်းကို သူတို့မရောက်လိုက်ဘူး။ လမ်းမှာ ကြားဖြတ်အတိုက်ခံရတာ”လို့ ပြောပါတယ်။