Author: admin
-
နေပြည်တော်အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ယမန်နေ့ညပိုင်း ပေါက်ကွဲသံများကြားရ နေပြည်တော်မှ ပြည်သူများ အတည်ပြု
နေပြည်တော်အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ယမန်နေ့ညပိုင်း ပေါက်ကွဲသံများကြားရ နေပြည်တော်မှ ပြည်သူများ အတည်ပြု ရန်ကုန်၊ ဧပြီ ၁၉ နေပြည်တော်အေလာလေတပ်စခန်းကို တော်လှန်ရေးတပ်များ စုပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Barve Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်လိုက်ပြီး နေပြည်တော်မှ ပြည်သူများကလည်း ယမန်နေ့ညပိုင်းပေါက်ကွဲသံများကြားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့်…
-
စစ်ကိုင်းငလျင်ကြောင့် မြေပြင်အက်ကြောင်းဖြစ်ပေါ်မှု မိုင် ၃၄၀ကျော်အထိ ရှိခဲ့ဟုဆို
စစ်ကိုင်းငလျင်ကြောင့် မြေပြင်အက်ကြောင်းဖြစ်ပေါ်မှု မိုင် ၃၄၀ကျော်အထိ ရှိခဲ့ဟုဆို ရန်ကုန် | ဧပြီ ၁၉ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြင် မျက်နှာပြင်အက် ကြောင်းက မိုင်ပေါင်း ၃၄၂မိုင် (၅၅၀ကီလိုမီတာ) အထိရှိခဲ့တယ်လို့ အမေရိကန် အာကာသနှင့်လေကြောင်းဦးစီးဌာန (NASA) နာဆာက ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ကြောင့်ဖြစ်ပေါ်တဲ့ မြေမျက်နှာပြင်အက်ကြောင်းဟာ မန္တလေးမြို့မြောက်ဘက်ကနေ နေပြည်တော် တောင်ဘက်အထိရှိခဲ့ပြီး ဒါဟာ မှတ်တမ်းတင်နိုင်သမျှမှာ အရှည်လျားဆုံး အက်ကြောင်းတခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ နာဆာရဲ့ Jet Propulsion Laboratory သုတေသီတွေရဲ့ ရေဒါနဲ့ optical ဂြိုလ်တု အချက်အလက်တွေ အသုံးပြုပြီး မြေပြင်ရွေ့လျားမှုကိုလေ့လာခဲ့ရာကနေ အဲဒီလို တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။ စစ်ကိုင်းငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အနက် ၁၀ကီလိုမီတာ (၆မိုင်)မှာ…
-
ကမာရွတ်ရဲစခန်းကို ပြောက်ကျားအဖွဲ့များ တိုက်ခိုက်
ကမာရွတ်ရဲစခန်းကို ပြောက်ကျားအဖွဲ့များ တိုက်ခိုက် ဧပြီ ၁၈၊၂၀၂၅။သတိုး/People’s Spring ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။ “ကမာရွတ် ရဲစခန်း ကင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ လက်ပစ်၂လုံးပစ်ထည့်ခဲ့ပါတယ်။ ထိခိုက်မှုရှိနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ဆင်ရေးကို ဧပြီ ၁၈ရက် ည ၁၀နာရီခန့်တွင် Operation Flame နှင့် Yangon UG People Army – YUPA တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “ညဆယ်နာရီလောက်ကတော့ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်။ နေရာတော့သေချာမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းစစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံကပြောသည်။ OF အဖွဲ့အနေဖြင့် ဆက်လက်၍ ရန်ကုန်တော်လှန်ရေး မဟာမိတ်များဖြင့်…
-
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည် ရန်ကုန်၊ ဧပြီ ၁၉ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်ဖြစ်ကြောင်း ယမန်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန် လည် တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း၊ ငလျင်မကြာခဏ လှုပ်ခတ်လျက်ရှိသည့် နိုင်ငံများမှ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန် လိုကြောင်း အစည်းအဝေးတွင် ဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဌာနများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများ အနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက် အအုံများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်…
-
သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချ
သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချ ရန်ကုန်၊ ဧပြီ ၁၉ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်ခန့်တွင်…
-
လေးမျက်နှာ ပန်းတောကြီးရွာကို AA ပူးပေါင်းတပ် သိမ်းပိုက်
လေးမျက်နှာ ပန်းတောကြီးရွာကို AA ပူးပေါင်းတပ် သိမ်းပိုက် ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၅ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ ယမန်နေ့၌ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့ ပန်းတောကြီးရွာကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတဦးက “ပန်းတောကြီးမှာ စစ်ကောင်စီဘက် အတော်အထိနာပြီးတော့ ဆီဆုံကုန်းဘက်ကို တပ်ဆုတ်သွားတာ။ အခုညနေ အဲဒီဘက်မှာ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု ဆိုသည်။ ပန်းတောကြီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု ဒေသခံတချို့က ပြောသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီ တပ်ဆုတ်သွားသည့် ဆီဆုံကုန်းရွာသည် ပန်းတောကြီးနှင့် လေးမျက်နှာမြို့ကို ဆက်သွယ်ထားသောလမ်းမပေါ် ရှိပြီး ပန်းတောကြီးနှင့် ၂ မိုင်ကျော်သာ…
-
သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး
သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၁၈ . မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင်…
-
စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား
စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား ရန်ကုန်၊ ဧပြီ ၁၈ စစ်ကောင်စီကင်းစင်သွားသော နယ်မြေများတွင် အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန် ပြည်နယ်များ တွင် တိုင်း ရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူထားပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထားကြောင်း NUG အစိုးရ၏ ၄ နှစ်ပြည့်အစီရင်ခံစာတွင် ထုတ်ပြန် ပြောဆိုလိုက်သည်။ တော်လှန်ရေးကာလ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးသည့်နောက် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်စေရန်အတွက် ပြည်နယ်များ၏ အုပ်ချုပ် ရေးထူထောင်မှုကို ပြည် နယ်လွတ်မြောက်ရေး အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော သက်ဆိုင် ရာ EROs များနှင့် ပြည်နယ်အတိုင်ပင်…
-
လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်
လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ) ဧပြီ ၁၈၊ ၂၀၂၅ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။ MNDAA ဟာ တရုတ်ရဲ့ ဖိအားကြောင့် သင်္ကြန်ကာလအတွင်း လားရှိုးမြို့ကနေ ဆုတ်ခွာသွားပြီး မြို့ပတ်လည်မှာတော့ ဆက်လက်တပ်စွဲထားကြောင်း သိရပါတယ်။ Video-လူမှုကွန်ရက် UWSA နှင့်MNDAA လုံခြုံရေးအကူအညီဖြင့် လာရှိူးမြို့တွင်းသို့ စစ်ကောင်စီပြန်ဝင်လာ ◾️လားရှိူးကောင်းကင်ယံ၌ စစ်ကောင်စီ လေယာဉ်အချို့ပတ် ပျံနေ ဧပြီ ၁၈၊၂၀၂၅။ခွာညို/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့…
-
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ရန်ကုန်၊ ဧပြီ ၁၈ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ဧပြီလ ၁၅ ရက်နေ့မှစတင်ပြီး စစ်တပ်က လေးမျက်နှာမြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားတိုးမြှင့်ခြင်း၊ ကင်းစခန်းများ တိုးချထားခြင်းများ လုပ်ဆောင်ခဲ့ရာ AA၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ် ကြောင်း၊ နေ့စဉ်တိုက်ပွဲများဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “သင်္ကြန်တွင်းမှာလည်း တိုက်ပွဲဖြစ်တယ်။ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုမှာလည်း…