Author: admin

  • “နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

    “နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

    “နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်) အောက်တိုဘာ ၂၀၊ ၂၀၂၄ “ကျနော်တို့ အပေါ့သွားတာ… အလေးသွားတာက အစ အနောက်ကနေ သေနတ်နဲ့ထောက်ပြီး တကောက်ကောက်လိုက်နေတာ။ အစားအသောက်ဆိုလည်း ပဲဟင်းတွေမှာ ပိုးတွေပါနေတာ… ငါးတွေဆိုလည်း မကျက်ဘဲ သွေးတွေနဲ့ အဲ့လိုတွေကျွေးတာပါ။” တဲ့ ဒါက စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပြီး ကံကောင်းစွာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူ ကိုမြင့် (အမည်လွဲ) ရဲ့ ပြောကြားချက် ဖြစ်ပါတယ်။ ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် သာမာန် လူငယ်လေး တစ်ယောက်ပါပဲ။ စစ်ကောင်စီကို သဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။ “သေနတ်ထောက်ပြီး ဖမ်းသွားကိုး” လို့ ကိုမြင့်က…

  • တောင်ငူ လေတပ်စခန်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)

    တောင်ငူ လေတပ်စခန်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)

    by

    in

    တောင်ငူ လေတပ်စခန်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၂၁ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆောက်အဦး ၁ ခု ထိမှန်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၍ လူနာတင်ကား ၃ စီး လေတပ်ဝင်းထဲ ဝင်သွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ…

  • ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား

    ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား

    by

    in

    ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား ကချင်ပြည်နယ် ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင်လည်း လုံခြုံရေးယူထားပြီး တရုတ်ဘက်ကလည်း ဂိတ်ပိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တော့ ဒေသခံတွေ တရုတ်ဘက်ကို တိမ်းရှောင်တာ တရုတ်ဘက်က ဂိတ်ပိတ်ထားလို့ လူဦးရေ ထောင်ချီပြီး ဂိတ်မှာပိတ်မိနေတာ။ ညပိုင်းရောက်တော့ KIA က မြို့ကို အပြီးသိမ်းပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်အနားအထိ လုံခြုံရေးလာယူထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency…

  • အောင်ဇေယျစစ်ကြောင်း လေကြောင်းပစ်ကူဖြင့် အင်အားသုံးရှေ့တိုးရာ အထိနာပြီး ပြန်လန်ကျ  ▪️အနန်းကွင်းဗျူဟာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

    အောင်ဇေယျစစ်ကြောင်း လေကြောင်းပစ်ကူဖြင့် အင်အားသုံးရှေ့တိုးရာ အထိနာပြီး ပြန်လန်ကျ ▪️အနန်းကွင်းဗျူဟာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

    by

    in

    အောင်ဇေယျစစ်ကြောင်း လေကြောင်းပစ်ကူဖြင့် အင်အားသုံးရှေ့တိုးရာ အထိနာပြီး ပြန်လန်ကျ ▪️အနန်းကွင်းဗျူဟာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီးတွင် စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဦးဆောင် သော ကော်ဘရာပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားရာ အောင်ဇေယျစစ်ကြောင်း ထိခိုက်မှုများကြောင်း လူထုနွေဦး​၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယနေ့ နေ့လည် ၂နာရီခန့်တွင် အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး သေဆုံးမှုများကြောင်း ၎င်းက ဆက်ပြောသည်။ ” ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ်။ အတော်လေး အထိနာတယ်။ အခု…

  • တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့​မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ

    တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့​မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ

    by

    in

    တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့​မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ၊ အမ်းမြို့​နယ်၊ နပခအနီးတိုက်ပွဲများ ပြင်းထန်လာသည့်​နောက် အမ်းမြို့​ပေါ်ရှိ စစ်​ကောင်စီလက်​​အောက်ခံဌာနဆိုင်ရာဝန်ထမ်းများမှာ ထွက်​ပြေးတိမ်း​ရှောင်​နေကြပြီး အကြီးအကဲနှင့်ဝန်ထမ်းအချို့မှာ မြို့ပြင်ထွက်မရဘဲ ပိတ်မိ​နေ​ကြောင်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ​ (နပခ) အနီး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ အမ်းမြို့အထွက် ကားလမ်းများကို စစ်​ကောင်စီက ဖြတ်​တောက်ပိတ်ဆို့သည့်ကြားမှဝန်ထမ်းအများစုမှာ တောလမ်းမှ ထွက်​ပြေး​နေကြပြီး အချို့မှာတိုက်ပွဲအ​ခြေအ​နေ​ကြောင့် လှည့်ပြန်ရသည့်အထိဖြစ်​နေ​ကြောင်း ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက မဇ္စျိမကို​ပြောသည်။ “ကျောင်းဆရာ ၊ ဆရာမ​တွေလည်း ထွက်​ပြေး​လာကြတာ​တွေရှိတယ်။ သူတို့က​တော့ ကိုယ့်​ဒေသကိုယ်ပြန်သွားကြလို့ လွတ်သွားကြပြီ။ ဒါ​ပေမဲ့ အမ်းထဲ​နေ ထွက်​ပြေးတဲ့ဝန်ထမ်းတချို့ အကြီးအကဲတ​ယောက်လည်းပါတယ် ။…

  • မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း

    မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း

    by

    in

    မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း ရန်ကုန်၊ အောက်တိုဘာ ၂၀ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း ၃ ခုမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက် သိမ်းပိုက်ရှင်းလင်းလိုက်ခဲ့ကြောင်း Cobra Column 2 Venom စစ်ကြောင်းထံမှ သိရသည်။ မြဝတီ – ဝေါ်လေလမ်းမပေါ်၊ ဘလယ်ဒိုကျေးရွာအနီးတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စခန်းများကို စွန့်ခွာပြီး သေဘော့ဘိုးပင်မစခန်းသို့ သွားရောက် ပူးပေါင်းသဖြင့် ယနေ့အောက်တိုဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ကာကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ကာ နေရာယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။…

  • ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

    ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

    by

    in

    ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၂၀ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံး ၂ ကြိမ် ပေါက်ကွဲပြီး နယ်ထိန်းရဲအရာရှိ ၁ ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့်…

  • ‼️‼️ဒီနေ့ ညနေပိုင်းကနေ စကြမ်းမှာတဲ့.. ဖြစ်နိုင်ရင်အပြင်မထွက်ကြပါနဲ့”

    ‼️‼️ဒီနေ့ ညနေပိုင်းကနေ စကြမ်းမှာတဲ့.. ဖြစ်နိုင်ရင်အပြင်မထွက်ကြပါနဲ့”

    by

    in

    ‼️‼️ဒီနေ့ ညနေပိုင်းကနေ စကြမ်းမှာတဲ့.. ဖြစ်နိုင်ရင်အပြင်မထွက်ကြပါနဲ့”

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ်

    by

    in

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ် ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ​ (နပခ) စစ်ဆေးတပ်(စစ်ဆေးရုံ) တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး နပခသို့ AA၏ ထိုးစစ်ရောက်ရှိရန် ကြားတွင် အမြှောက်တပ်နှင့် စစ်လက်နက်ပစ္စည်းတပ်(COD) သာကျန်​​တော့​ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဖြစ်ပွားနေသည့်တိုက်ပွဲသည် အကွာအဝေးအားဖြင့် သုံးမိုင်ကျော်သာ နပခ နှင့် ဝေးတော့ကြောင်း ၎င်းကဆိုသည်။ AA ၏ ထိုးစစ်သည် နပခ အဝင် ခမရ(၃၇၃)၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့( စရဖ တပ် )တို့ကို​…

  • ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်

    ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်

    by

    in

    ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင် ဧရာဝတီတိုင်းမ် အောက်တိုဘာ ၁၉ ရက် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကောင်စီက ကလေးမြို့အနီး စခန်းကြီးကျေးရွာရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရသည့် လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ပြင်ဆင်ခိုင်းပြီး စစ်မှုမထမ်းလိုပါက ငွေကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိပေးရန် တောင်းကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ “ကလေးမြို့မှာ အခုရက်ပိုင်း လူငယ်တွေ အတော်လေး အဖမ်းခံရတယ်။ အဲ့ဒီဖမ်းဆီးတဲ့သူတွေကိုလည်း လေ့ကျင့်ရေးကျောင်းကို တန်းပို့တယ်။…