Author: admin

  • စွယ်တော်ကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး မြင်ကွင်း

    စွယ်တော်ကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး မြင်ကွင်း

    by

    in

    ◾️Photo News◾️ စွယ်တော်ကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး မြင်ကွင်း People’s Spring ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ယနေ့နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။ ၂လကျော်ကြာပိတ်ဆို့တိုက်ခိုက်ထားရာက ယနေ့နံနက်တွင် စွယ်တော်ကုန်းရှိ စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားပြီး အပြီးသပ်သိမ်းပိုက်ရရှိခြင်းဖြစ်သည်။ အဆိုပါစွယ်တော်ကုန်းစခန်းသည် မြဝတီမြို့နယ်အတွင်း အရေးပါသော တပ်စခန်းကုန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ပေးခြင်း၊ မြဝတီမြို့စောင့်တပ် ခလရ( ၂၇၅)တပ်မှ စစ်​ကောင်စီတပ်သားများ စခန်းစွန့်ပြီး မဲဆောက် – မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတား၌ သွားရောက်ခိုလှုံချိန် ကော်ဘရာပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ချိန်တွင်လည်း လက်နက်ကြီးပစ်ကူပေးခဲ့သော စခန်းကုန်းဖြစ်သည်။ ကော်ဘရာပူးပေါင်းတပ်သည် စွယ်တော်ကုန်းအမြောက်တပ်အား ယခုနှစ်မတ်လက စတင်တိုက်ခိုက်ရာ နောက်ပိုင်းတွင် တိုက်ခိုက်မှု ရပ်နားပြီး ဩဂုတ်လပိုင်းက…

  • မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ကားပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခိုက်ခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားထိုးခံရ

    မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ကားပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခိုက်ခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားထိုးခံရ

    by

    in

    မန္တလေး စျေးချိုတော် အနီးက ကားပစ္စည်းဆိုင် ဓားပြတိုက်ခံရ၊ တိုင်းမီးသတ်ရုံး အပါအဝင် စစ်အုပ်စု ဂိတ်တွေ အများအပြား ရှိပေမယ့် ဓားပြတွေ လွတ်မြောက်သွား၊ ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၁၇ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးစျေးချိုတော်နဲ့ မနီးမဝေး၊ ၂၈လမ်း၊ ၈၁လမ်းနဲ့ ၈၂လမ်းကြားက ကားပစ္စည်း အရောင်းဆိုင် ဒီကနေ့ အောက်တိုဘာလ ၁၇ရက် နေ့လည်ပိုင်း ဓားပြတိုက်ခံရကာ ရွှေနဲ့ ငွေတချို့ ပါသွားတယ်လို့ သတင်းရရှိပါတယ်။ သီတင်းကျွတ်လပြည့်နေ့ ဆိုင်ပိတ်ထားတဲ့ အဲ့ဒီ ကားပစ္စည်းဆိုင်ကို ပုဆိုး၊ လည်ကတုံးရှပ်လက်ရှည် ဝတ်ဆင်ကာ မျက်နှာမှာ MASK တပ်ထားတဲ့ အမျိုးသား သုံးဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး နှစ်ဦးက ဆိုင်ထဲဝင်ကာ မုန့်ဟင်းခါး ပို့ခိုင်းလို့ လာပို့တာလို့…

  • သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA  ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ

    သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ

    by

    in

    သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ ရန်ကုန်၊ အောက်တိုဘာ ၁၇ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိနေကာ စခန်းအလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းရှိ အနန်းကွင်းဗျူဟာစစ်ကောင်စီစခန်းကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ အန်းကွင်းဗျူဟာစခန်းနှင့် စွယ်တော်ကုန်း ဗျူဟာစခန်းတို့ကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီး စွယ်တော်ကုန်းဗျူဟာစစ်စခန်းမှာ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊…

  • မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို ဗုံးခွဲတိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို ဗုံးခွဲတိုက်ခိုက်

    by

    in

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို ဗုံးခွဲတိုက်ခိုက် ရန်ကုန်၊ အောက်တိုဘာ ၁၇ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ စစ်ကောင်စီ၏ ခမရ ၁၀၆ တပ်ရင်းကို အ၀းထိန်းမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်း အသုံးပြု၍ ဖောက်ခိုက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုများနှင့်ပတ်သက်၍ သတင်းမရှိသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ “ထိခိုက်မှုကအတိအကျ မသိရသေးပါဘူး။ စုံစမ်းဆဲပါပဲ။ တပ်ရဲ့အနီးဆုံးနေရာထိ ၂လုံးတွဲကိုတစ်ခါတည်း ဖောက်ခွဲခဲ့ပါတယ်။ ရဲဘော်တွေ ဘေးကင်းကင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု…

  • Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး

    Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး

    by

    in

    Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး ရန်ကုန်၊ အောက်တိုဘာ ၁၇ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက…

  • မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ

    မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ

    by

    in

    မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ ရန်ကုန်၊ အောက်တိုဘာ ၁၇ မြန်မာနိုင်ငံတစ်ဝန်းလမ်းမများပေါ်တွင် သွားလာနေသော ကုန်ကားများနှင့် အိမ်စီးကားများတွင် တင်ဆောင်ထားသော ပြည်ပကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီက ထွေ/အုပ်၊ ရဲ၊ စစ်တပ်နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်၊ စီးပွား/ကူးသန်း အပါအဝင် ဌာနပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့များကို ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် လမ်းမများတွင် ဂိတ်ချ စစ်ဆေးမှုများ တင်းကျပ်စွာဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် သွင်းကုန်လိုင်စင်နှင့်စာရွက်အထောက်အထား မပြနိုင်သော ပြည်ပထုတ်ကုန်မှန်သမျှကို…

  • AA က နပခကိုထိုးစစ်ဆင်​နေစဥ်  အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်

    AA က နပခကိုထိုးစစ်ဆင်​နေစဥ် အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ်

    by

    in

    AA က နပခကိုထိုးစစ်ဆင်​နေစဥ် အမ်း-ပဒန်းလမ်းပိုင်းကိုယာယီပိတ် လူ‌အေး/ People’s Spring အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီ၏ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်း ယူ‌ရန် ထိုးစစ်ဆင်​နေပြီး အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန်တွင် ရခိုင်ပြည်နယ်မှ ထွက် ပေါက်ဖြစ်သော အမ်း-‌ပဒန်းလမ်းပိုင်းကိုယနေ့(​အောက်တိုဘာ ၁၆)မှစ၍ယာယီပိတ်ထားကြောင်း သတင်းရရှ်ိသည်။ ပဲခူးတိုင်း ပြည်မြို့အပြင် မကွေးတိုင်း နှင့် ဧရာဝ တီတိုင်းတို့ကို သွားရောက်နိုင်သည့် အမ်း-‌ပဒန်းလမ်းပိုင်းကိုအောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းမှစ၍ AAက ဖြတ်သန်းခွင့်ယာယီပိတ်ထားခြင်းဟု ပြည်မြို့ခံများကပြောသည်။ “လုံခြုံရေးအရ ဖြစ်ပါလိမ့်မယ်။ AA ဘက်က ပိတ်တယ်လို့ ကြားတယ်။ စစ်တက်က လေကြောင်းအင်မတန်သုံးနေရတယ်”ဟု ဒေသခံတဦးကပြော သည်။ အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက် တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းဖြစ်သော မဲတောင်ဗျူဟာကို အောက်တိုဘာလ ၆ရက်ည‌နေတွင်သိမ်းပိုက်ခဲ့သည်။ ထို့အပြင်…

  • ရေတာရှည် မြို့နယ် ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိလိုင်းခန်းနှင့် လက်နက် တိုက် ထိမှန် (ရုပ်/သံ)

    ရေတာရှည် မြို့နယ် ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိလိုင်းခန်းနှင့် လက်နက် တိုက် ထိမှန် (ရုပ်/သံ)

    by

    in

    ရေတာရှည် မြို့နယ် ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိလိုင်းခန်းနှင့် လက်နက် တိုက် ထိမှန် (ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၁၆ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်ကောင်စီ၏ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက် ခိုက်ခဲ့ရာ စစ်တပ် အရာရှိလိုင်းခန်းနှင့် လက်နက်တိုက်ကို ထိမှန်ခဲ့ကြောင်း နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန် ရေတာရှည် ဒုံးတပ်ရင်း ၆၀၄ ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အရာရှိလိုင်းခန်းနှင့် လက်နက်တိုက်ထိမှန်ခဲ့သော်လည်း…

  • အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

    အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

    by

    in

    အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး ရဲခေါင်/People’s Spring ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။ ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ကဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်အရ ကမ်းနားအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသန်းအား အဆိုပါရပ်ကွက်နေသူ ထွန်းထွန်းလတ်ဆိုသူက ဓားဖြင့် ထိုးခဲ့ခြင်းဟု ဆိုသည်။ ” သိရသလောက်တော့ ထွန်းထွန်းလတ်က မူးနေတဲ့အချိန် စိုးသန်းက အာဏာသွားပြတာ။ဟိုက ဒါနဲ့ဓားနဲ့အသေထိုးတာ။ဒီမှာ မသေဘူး။အင်းစိန်ဆေးရုံရောက်မှ သေတာ”ဟု အင်းစိန် မြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ သေဆုံးသူစိုးသန်းသည် ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာများနှင့် ယာလက်​ကောက်ဝတ်ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ရဲစခန်း၏ အမှုစစ်ချက်တွင် ဖော်ပြသည်။ဓားဖြင့်ထိုးသွားသူ ထွန်းထွန်းလတ်ကို ဖမ်းဆီး​ရေးပိတ်ဆို့ရှာ​ဖွေ​နေသည်ဟုလည်း ဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုသူများနှင့် ၎င်း၏နောက်လိုက် များသည်…

  • “နာမည်ကြီးမင်းသမီးတော့ သတင်းစာထဲမှာပါ ကြေညာပြီ”