Author: admin
-
အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား
အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၈ ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။ “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ…
-
ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ
ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၂၈ ရက် ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ်
-
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း…
-
စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို
စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို ဒီဇင်ဘာ ၂၈ ၊ ၂၀၂၄ အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို နေရာပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ဧရာဝတီတိုင်း၊ နတခ တိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိလာတာပါ။ ဒု-စစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင့်တပ်တော်…
-
ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ဒီဇင်ဘာ ၂၈၊ ၂၀၂၄ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီအထိုင်တပ်စခန်းရှိ အဆောက်အအုံတွေ၊ ဂျမ်ဘာတွေနဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို ဆိပ်ဖြူ မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃)၊ မကွေးတိုင်း…
-
ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေး ညွှန်ကြား
ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေး ညွှန်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ရောက်ရှိနေသော အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက သွားရောက်တွေ့ဆုံစဉ် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် ရဲ ၃ ရဲ အတိုင်း ရန်သူကို ချေမှုန်း…
-
မုံရွာမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ် ဓားပြမှုကျူးလွန်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး တရားရုံးရမန် ၂ ပတ်ယူ စစ်ဆေးနေ
မုံရွာမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ် ဓားပြမှုကျူးလွန်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး တရားရုံးရမန် ၂ ပတ်ယူ စစ်ဆေးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၈. စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူသတ်ဓားပြမှုကျူးလွန်သူများကို ဖမ်းဆီးထားပြီး တရားရုံးချုပ်ရက် ရီမန်ကြီး ၂ ပတ်ယူကာ စစ်ဆေးနေကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တာဝန်ခံကို အာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၇ နာရီအချိန်က မုံရွာမြို့၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်း အတွင်းရှိ အသက် ၄၀ အရွယ် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ကားယူထွက် ပြေးသွားသည့် အဖွဲ့ကို မုံရွာမြို့နယ်ပလဖ (တာဝန်ခံ)…
-
ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟုဆို
ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟုဆို ဒီဇင်ဘာ ၂၇၊ ၂၀၂၄ ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြူဖြူထွေးဟာ အခုရက်ပိုင်းအတွင်း သူ့ရဲ့ ဟောင်စု ပရုတ်ဆီ ကြော်ငြာကြောင့် ပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံနေရတာပါ။ ပရုတ်ဆီကြော်ငြာအတွင်း ဖြူဖြူထွေးရဲ့ အဝတ်အစား ဆင်ယင်ပုံ၊ ပန်းပန်ထားပုံ၊ “ခြံစည်းရိုး” “မယ်တော်ဟောင်စု” “၇၉” စတဲ့ အသုံးအနှုန်းတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပျက်ရယ်ပြု ပုတ်ခတ်စော်ကားနေတယ်လို့ အားလုံးက ကောက်ချက်ချကြပါတယ်။ ပြည်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက်…
-
ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မံစီမြို့တိုက်ပွဲတွင် သေဆုံး
ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မံစီမြို့တိုက်ပွဲတွင် သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရန်ကုန်မြို့တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် ကချင်ပြည်နယ်၊ မံစီမြို့တိုက်ပွဲတွင် သေဆုံးသွားကြောင်း သေဆုံးသူ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ကချင်ပြည်နယ်၊ မံစီမြို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့ကို တိုက်ခိုက် သိမ်းပိုက်နေစဉ် တပ်မ ၈၈ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် တိုက်ပွဲအတွင်းသေဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ နေအိမ်တွင်…
-
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ “နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်…