မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)

မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)
ဇူလိုင် ၇၊ ၂၀၂၅

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။
စစ်မှုထမ်းရတဲ့အထဲမှာ ပိုက်ဆံချမ်းသာတဲ့သူတွေ၊ စစ်တပ်အသိုင်းအဝန်းနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ သားသမီးတွေ မပါဝင်ဘဲ အခြေခံလူတန်းစားတွေသာ တပ်သားသစ်စုဆောင်းခံနေရတာဖြစ်တယ်လို့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲက ဆိုပါတယ်။
”ဒီပေါ်တာဆွဲဥပဒေထွက်လာပြီး ရရှိလာတဲ့ အင်အားတွေဟာ တော်လှန်ရေးအတွက် အနှောက်အ ယှက်ဖြစ်စေတယ်ပေါ့။ စကစအတွက်က အချိန်ပဲလိုတာ။ သူမှာ ကျန်တာအားလုံးရှိတယ်။ ဒီအချိန် ကို သူများအသက်နဲ့ ဆွဲဆန့်နိုင်လို့ရှိရင် ကြာရင် ကျွန်တော်တို့ တော်လှန်ရေး ထိခိုက်နိုင်တယ်ပေါ့။ ဒါကြောင့်မလို အခြေခံလူတန်းစားတွေအနေနဲ့ ဒီစစ်ကောင်စီဘက်က သူဌေးသူကြွယ်တွေနဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးဗိုလ်ချုပ်တွေ ဆက်လက်အသက်ရှင်နိုင်ဖို့အတွက် ခင်ဗျားတို့ဘဝတွေ အသေခံမလား။ တော်လှန်ရေးမှာ ပူးပေါင်းမလားဆိုတာကို ခင်ဗျားတို့အနေနဲ့ စဉ်းစားသင့်ပြီ”လို့ ဆိုပါ တယ်။
တော်လှန်ရေးဟာ စနစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး အလုပ်သမားက အလုပ်သမား၊ အလုပ်ရှင်က အလုပ်ရှင်စနစ်ကို တည်ဆောက်နေတာဖြစ်ပြီး တော်လှန်ရေးမအောင်မြင်ခဲ့ဘူးဆိုရင် အလုပ်သမားဟာ ကျွန်ဖြစ်ပြီးတော့ အလုပ်ရှင်ဟာ သခင်ဆိုတဲ့ စနစ်ဖြစ်နေလိမ့်မယ်လို့ ကိုဇွဲက ဆိုပါတယ်။
”အခြေခံလူတန်းစားတွေက စနစ်တစ်ခုကောင်းမှ လူ့အခွင့်အရေးနှင့်အညီ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအနေနဲ့ ခင်ဗျားတို့ဘဝတွေကို စစ်ကောင်စီအတွက် အသက်မပေးဘဲ ကျွန်တော်တို့နဲ့အတူ ပူးပါင်းပြီး ယိုင်နဲ့နဲ့ စစ်ကောင်စီကို တွန်းချပြီးတဲ့အခါ ခိုင်မာတဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ဖို့ တိုက်တွန်းနှိုး‌ဆော်ပါတယ်”လို့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲက ပြောကြားခဲ့ပါတယ်။
Video- Justice Soldier PDF Official