Author: admin

  • တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့​မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ

    တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့​မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ

    by

    in

    တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့​မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ၊ အမ်းမြို့​နယ်၊ နပခအနီးတိုက်ပွဲများ ပြင်းထန်လာသည့်​နောက် အမ်းမြို့​ပေါ်ရှိ စစ်​ကောင်စီလက်​​အောက်ခံဌာနဆိုင်ရာဝန်ထမ်းများမှာ ထွက်​ပြေးတိမ်း​ရှောင်​နေကြပြီး အကြီးအကဲနှင့်ဝန်ထမ်းအချို့မှာ မြို့ပြင်ထွက်မရဘဲ ပိတ်မိ​နေ​ကြောင်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ​ (နပခ) အနီး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ အမ်းမြို့အထွက် ကားလမ်းများကို စစ်​ကောင်စီက ဖြတ်​တောက်ပိတ်ဆို့သည့်ကြားမှဝန်ထမ်းအများစုမှာ တောလမ်းမှ ထွက်​ပြေး​နေကြပြီး အချို့မှာတိုက်ပွဲအ​ခြေအ​နေ​ကြောင့် လှည့်ပြန်ရသည့်အထိဖြစ်​နေ​ကြောင်း ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက မဇ္စျိမကို​ပြောသည်။ “ကျောင်းဆရာ ၊ ဆရာမ​တွေလည်း ထွက်​ပြေး​လာကြတာ​တွေရှိတယ်။ သူတို့က​တော့ ကိုယ့်​ဒေသကိုယ်ပြန်သွားကြလို့ လွတ်သွားကြပြီ။ ဒါ​ပေမဲ့ အမ်းထဲ​နေ ထွက်​ပြေးတဲ့ဝန်ထမ်းတချို့ အကြီးအကဲတ​ယောက်လည်းပါတယ် ။…

  • မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း

    မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း

    by

    in

    မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရှင်းလင်း ရန်ကုန်၊ အောက်တိုဘာ ၂၀ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း ၃ ခုမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်‌ရောက် သိမ်းပိုက်ရှင်းလင်းလိုက်ခဲ့ကြောင်း Cobra Column 2 Venom စစ်ကြောင်းထံမှ သိရသည်။ မြဝတီ – ဝေါ်လေလမ်းမပေါ်၊ ဘလယ်ဒိုကျေးရွာအနီးတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စခန်းများကို စွန့်ခွာပြီး သေဘော့ဘိုးပင်မစခန်းသို့ သွားရောက် ပူးပေါင်းသဖြင့် ယနေ့အောက်တိုဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ကာကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ကာ နေရာယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။…

  • ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

    ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

    by

    in

    ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၂၀ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံး ၂ ကြိမ် ပေါက်ကွဲပြီး နယ်ထိန်းရဲအရာရှိ ၁ ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့်…

  • ‼️‼️ဒီနေ့ ညနေပိုင်းကနေ စကြမ်းမှာတဲ့.. ဖြစ်နိုင်ရင်အပြင်မထွက်ကြပါနဲ့”

    ‼️‼️ဒီနေ့ ညနေပိုင်းကနေ စကြမ်းမှာတဲ့.. ဖြစ်နိုင်ရင်အပြင်မထွက်ကြပါနဲ့”

    by

    in

    ‼️‼️ဒီနေ့ ညနေပိုင်းကနေ စကြမ်းမှာတဲ့.. ဖြစ်နိုင်ရင်အပြင်မထွက်ကြပါနဲ့”

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ်

    by

    in

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ် ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ​ (နပခ) စစ်ဆေးတပ်(စစ်ဆေးရုံ) တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး နပခသို့ AA၏ ထိုးစစ်ရောက်ရှိရန် ကြားတွင် အမြှောက်တပ်နှင့် စစ်လက်နက်ပစ္စည်းတပ်(COD) သာကျန်​​တော့​ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဖြစ်ပွားနေသည့်တိုက်ပွဲသည် အကွာအဝေးအားဖြင့် သုံးမိုင်ကျော်သာ နပခ နှင့် ဝေးတော့ကြောင်း ၎င်းကဆိုသည်။ AA ၏ ထိုးစစ်သည် နပခ အဝင် ခမရ(၃၇၃)၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့( စရဖ တပ် )တို့ကို​…

  • ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်

    ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်

    by

    in

    ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင် ဧရာဝတီတိုင်းမ် အောက်တိုဘာ ၁၉ ရက် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကောင်စီက ကလေးမြို့အနီး စခန်းကြီးကျေးရွာရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရသည့် လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ပြင်ဆင်ခိုင်းပြီး စစ်မှုမထမ်းလိုပါက ငွေကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိပေးရန် တောင်းကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ “ကလေးမြို့မှာ အခုရက်ပိုင်း လူငယ်တွေ အတော်လေး အဖမ်းခံရတယ်။ အဲ့ဒီဖမ်းဆီးတဲ့သူတွေကိုလည်း လေ့ကျင့်ရေးကျောင်းကို တန်းပို့တယ်။…

  • “မုန်တိုင်းမိုးတဲ့ဟေ့စုစုစံသတိပေးပြီရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် 6ခုမှာကြမ်းမယ်”

    “မုန်တိုင်းမိုးတဲ့ဟေ့စုစုစံသတိပေးပြီရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် 6ခုမှာကြမ်းမယ်”

    by

    in

    “မုန်တိုင်းမိုးတဲ့ဟေ့စုစုစံသတိပေးပြီရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် 6ခုမှာကြမ်းမယ်”

  • ရန်ကုန်၊ ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆  စစ်သင်တန်းတက်ရန် ပို့ဆောင်

    ရန်ကုန်၊ ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင်

    by

    in

    ရန်ကုန်၊ ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင် ရန်ကုန်၊ အောက်တိုဘာ ၂၀ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ် ၁၂၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့်…

  • Breaking News- ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ်ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်

    by

    in

    Breaking News- ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ်ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ် ရန်ကုန်၊ အောက်တိုဘာ ၂၀ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်ထားပြီး သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ အလွန်ရက်စက်စွာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က…

  • စစ်မှုထမ်းဖို့ ဖမ်းခံထားရတဲ့ မုံရွာက အမျိုးသားတွေကို ဒုဗိုလ်ချုပ်ကြီး စိုးဝင်းအမိန့်နဲ့ မန္တလေးကိုပို့လိုက်ပြီ

    စစ်မှုထမ်းဖို့ ဖမ်းခံထားရတဲ့ မုံရွာက အမျိုးသားတွေကို ဒုဗိုလ်ချုပ်ကြီး စိုးဝင်းအမိန့်နဲ့ မန္တလေးကိုပို့လိုက်ပြီ

    by

    in

    စစ်မှုထမ်းဖို့ ဖမ်းခံထားရတဲ့ မုံရွာက အမျိုးသားတွေကို ဒုဗိုလ်ချုပ်ကြီး စိုးဝင်းအမိန့်နဲ့ မန္တလေးကိုပို့လိုက်ပြီ အောက်တိုဘာ ၂၀၊The Nation Voice သတင်း-015 စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ အမျိုးသားတွေကို ဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မန္တလေးမှာ စစ်မှုထမ်းဖို့ ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေ ထံကသိရပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခဆီကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်လာပြီးနောက်မှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးထားတဲ့ အမျိုးသားတွေအနက်က ၇၈ ဦးကို မန္တလေးမြို့မှာ စစ်မှုထမ်းဖို့ စေလွှတ်ခိုင်းတဲ့ အမိန့်ပေးခဲ့တာကြောင့် အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပို့ဆောင်လိုက်ပြီလို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေဆီက စုံစမ်းသိရပါတယ်။ “အထုပ်တွေပြင်ပြီး ချက်ခြင်းသွားရတာ မန္တလေးဘက်ကနေ သံပြားကာကားတွေနဲ့ လာခေါ်တာ။…