သုခစစ်စခန်းသိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကို ဂုဏ်ပြုကြောင်း
KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်
ဇူလိုင်-၈၊၂၀၂၅/People’s Spring
စစ်ကောင်စီရဲ့ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်
အောက်ခံ၊ ခလရ (၂၈၂)တပ်ရင်းအခြေပြုထားတဲ့ သုခစစ်စခန်းသိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကို ဂုဏ်ပြုတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KNUရဲ့တပ်မဟာ(၄)နဲ့ တပ်မဟာ(၆)၊အထူးဗျူ
ဟာ(၂)ဦးဆောင်မှုနဲ့ ဇူလိုင်၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ သုခမဆုတ်တမ်းခံစစ်စခန်း သိမ်း
တိုက်ပွဲပါဝင်ခဲ့တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကို KNUရဲ့ မြိတ်-ထားဝယ်ခရိုင်က ဂုဏ်ပြုထုတ်ပြန်တာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်နဲ့ လူမျိူးကြီးဝါဒချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်
ထောင်စု တည်ထောင်၍ငြိမ်းချမ်းတဲ့လူ့အဖွဲ့အ
စည်းကို ပြန်လည်တည်ဆောက်လိုတဲ့လူငယ် ရဲ
ဘော်ရဲဖက်တွေရဲ့ ကြိုးပမ်းမှု၊ ပေးဆပ်မှုတွေကိုလည်း လေးစားစွာမှတ်တမ်းတင်အပ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလိုအောင်ပွဲ ရရှိစေဖို့ နည်းပညာအားနဲ့ လည်း
ကောင်း၊ ဘဏ္ဍာငွေနဲ့ လည်းကောင်း အဘက်ဘက်ကကူညီပံ့ပိုးသူတွေနဲ့ တိုက်ပွဲဝင် ရဲဘော်တွေ ဘေး
ရန်ကင်းဝေးစေဖို့ ဝိုင်းဝန်းဆုတောင်းမေတ္တာ ပို့သပြီး စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြတဲ့ မိဘပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။
သုခစခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း(၂၇)၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်- တပ်မဟာ ၄၊ တပ်ရင်း(၁ဝ)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်
မဟာ၄၊ တပ်ရင်း(၁၂)၊ ထားဝယ်ပြည်သူ့လွတ်
မြောက်ရေးတပ် -TPLF၊ ကျောင်းသားတော်လှန်
ရေးတပ်၊ သာဂရ စစ်ကြောင်း နဲ့ ဒရုန်းတပ်ဖွဲ့၊
ဗထူးတပ်မတော် ဒရုန်းရဲဘော်တွေနဲ့ ဝေဟင်တပ်ဖွဲ့ ဒရုန်း ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်တွေသိမ်းပိုက်တဲ့ ထားဝယ်ခရိုင်အတွင်းက သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးဟာ တပ်စခန်းသိမ်းမခံရမီ ငါးရက်အလိုက ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သုခတပ်စခန်းတာဝန်ခံအမှတ်(၂၈၂)ခြေလျင်တပ်ရင်း(ခလရ-၂၈၂)က ဗိုလ်ကြီးမျိုးဆွေဦး(ခ) စောမိုးဇက်ဟာဇူလိုင် ၂ရက်ကပြည်သူ့ရင်ခွင်ခိုလှုံလာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ကြီးမျိုးဆွေဦး အလင်းဝင်လာပြီး ငါးရက်အကြာမှာ သုခစစ်စခန်းကိုကရင်အမျိုးသားလွတ်
မြောက်ရေတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပ်မတော်(PDF)ပူးပေါင်းတပ်တွေက ဇူလိုင် ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေက သုခတပ်စခန်းသိမ်းပိုက်စဉ်မှာ အဲဒီတပ်စခန်းက စစ်သား ၂၄ဦးဟာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သုခတပ်စခန်းကို ခလရ(၂၈၂)တပ်ရင်းက တပ်စွဲထားတာလို့ စုံစမ်းသိရပါတယ်။ အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်အင်အား ၃၀ကျော်နဲ့ တပ်စွဲထားတာပါ။
(သုခတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – KNU -Mergui-Tavoy District)