စစ်ကောင်စီနှင့်MNDAA ရှမ်း​မြောက်တွင်အင် အားဖြည့်တင်းမှုအပြိုင်ပြုလုပ် ■ရမခတိုင်းမှူးနှင့် MNDAAအရာရှိပေါင်း၍ လားရှိူးကိုစက်သုံးဆီတင်သွင်းနေဟုသတင်းထွက်​ပေါ် ■ရှမ်း​မြောက်တွင် MNDAA နှင့်စစ်တပ် တ​ကျော့ပြန်တိုက်ပွဲများဖြစ်နိုင်​ကြောင်း​​ဒေသခံများ​ပြော

စစ်ကောင်စီနှင့်MNDAA ရှမ်း​မြောက်တွင်အင်
အားဖြည့်တင်းမှုအပြိုင်ပြုလုပ်
■ရမခတိုင်းမှူးနှင့် MNDAAအရာရှိပေါင်း၍ လားရှိူးကိုစက်သုံးဆီတင်သွင်းနေဟုသတင်းထွက်​ပေါ်
■ရှမ်း​မြောက်တွင် MNDAA နှင့်စစ်တပ် တ​ကျော့ပြန်တိုက်ပွဲများဖြစ်နိုင်​ကြောင်း​​ဒေသခံများ​ပြော
ဇူလိုင်-၈၊၂၀၂၅။ ကဖေး/People’s Spring
စစ်​ကောင်စီက MNDAA အားသိန္ဒီမြို့အား ပြန်ပေးရန် နှင့် လားရှိုး-သီပေါနယ်စပ်ရှိ တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရန် ထပ်မံတောင်းဆိုမှုကို MNDAAက လက်မခံသဖြင့် နှစ်ဘက် ဆက်ဆံရေးတင်းမာနေသည်။
“လားရှိုးရဲ့ဒီဘက်မှာ သီပေါ၊ ဟိုဘက်က သိန္နီ။ သီပေါက TNLA ထိန်းချုပ်ထားပေမယ့်ခလရ
(၆၈)အပါအဝင် တပ်ရင်းတချို့ကို ကိုးကန့်ကသိမ်းထားတာ။အဲ့ဒီနေရာတွေကိုပါ ဖယ်ပေးဖို့ စစ်တပ်ဖက်က ဖိအားပေးနေတာ။အဓိက က TNLA ကို ဘက်ပေါင်းစုံက ညှပ်ပြီး ထိုးစစ်ဆင်ဖို့ လုပ်နေတာ”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်း
မြစ်ကပြောသည်။
စစ်​ကောင်စီက တရုတ်အကူအညီဖြင့် ပြန်ရထားသည့် လားရှိူးတွင် မြို့ပေါ် ရပ်ကွက် ၁၂ခုကိုသာ ထိန်းချုပ်ခွင့်ရထားသည်။ ပြီးခဲ့သည့် ဧပြီလ‌ ၂၀
ရက်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဦးဆောင်သည့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့၏ အကာအကွယ်ဖြင့် စစ်တပ်က လားရှိုးမြို့အတွင်း ပြန်ဝင်လာပြီး‌နောက် လက်နက်ခဲယမ်းနှင့် လူအင်အားဆက်တိုက်ဖြည့်ခဲ့သည်။ ပြည်‌ထောင်စုလမ်းမကြီးအနီး ကျောက်မဲ -မယ်ဟန်၊ နောင်မွန် ဘက်မှအဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်အနီးရှိ ခလရ(၄၁)တွင်လည်းဇွန်လနှောင်းပိုင်းမှစ၍ လက်နက်ကြီးများတပ်ဆင်ခဲ့သည်။ ပြီးခဲ့ပြီး ဇွန်လလယ်ကလည်း နောင်မွန်ဘက်မှ ဝင်လာသည့် ကားများဖြင့် လားရှိုးမြို့ကို အင်အားရာချီဖြည့်ခဲ့သည်ဟု သိရသည်။
ထို​နောက် သိန္ဒီမြို့ကိုလည်း တရုတ်အကူအညီဖြင့် ပြန်တောင်းယူရန် အရှိန်မြှင့်လုပ်နေပြီး MNDAA ကို ဖိအားပေးနေ​ကြောင်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
“ကိုးကန့်က တော်တော်ကျဉ်းထဲကြပ်ထဲရောက်နေ
တာ။နယ်မြေတွေကို ထပ်ပေးရရင်သူကိုယ်တိုင်
စစ်ရေးအရ ဖိအားပေးခံရနိုင်သလို မဟာမိတ်တွေရဲ့အမြင်မကြည်တော့မှာလည်းစိုးရိမ်​နေတယ်။တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမှုတချို့ရှိနေပြန်တယ်” ဟု ၎င်းကပြောသည်။
ထို​နောက် MNDAAကလည်း လားရှိူးမြို့နယ်စပ်ရှိ ထိန်းချုပ်ဧရိယာအတွင်း စစ်အင်အားတိုးချဲ့ခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။ထို​ကြောင့် စစ်ကောင်စီနှင့် MNDAA တစ်ကျော့ပြန်တိုက်ပွဲဖြစ်နိုင်ကြောင်းလည်းဒေသတွင်းသတင်းများထွက်ပေါ်နေသည်။
ဇွန်လ ၃၀ရက်နေ့ကလည်း လားရှိုးမြို့တွင်စစ်တပ်နှင့် MNDAAအရာရှိအချို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းMNDAAနှင့် နီးစပ်သည့် သတင်းရင်းမြစ်က People’s Spring ကို ပြောသည်။
သို့​သော်တဖက်တွင် လားရှိုးမြို့အခြေစိုက်အ
ရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ တိုင်းမှူးဗိုလ်မှူးချုပ်အေးမင်းဦးနှင့MNDAA အရာရှိအချို့သည် လားရှိုမြို့သို့ စက်သုံးဆီတင်သွင်းမှုကို ပူးပေါင်းလုပ်ကိုင်နေသည်ဟု မြို့ခံလုပ်ငန်းရှင်အချို့ကပြောသည်။
“လားရှိုးမြို့ကိုလည်း ပြန်ပေးလိုက်သလို အကျိုး
စီးပွားပါ အတူတွဲလုပ်နေတာမျိုးတွေ တွေ့နေရတယ်။ ဒါကကျတော့ မြို့ခံတွေအတွက် ခံစားမှုမကောင်းဘူး။ မြို့တည်ငြိမ်ရေးအတွက် ရှင်းလင်းတဲ့အဖြေထုတ်ချင်ထုတ်။ အဲ့လိုမဟုတ်ရင်လည်း အပြတ်တိုက်။ အကျိုးစီးပွားတွေ တည်ဆောက်မနေကြနဲ့” ဟု MNDAA၏လားရှိုးမြို့သိမ်းစစ်ဆင်
ရေးတွင် မိသားစုဝင်တစ်ဦးသေဆုံးခဲ့သည့် လား
ရှိုးမြို့မှ အိမ်ထောင်ရှင်မတစ်ဦးကပြောသည်။
စက်သုံးဆီတင်သွင်း​ရောင်းချနှင့်ပတ်သက်၍ MNDAAအား ဆက်သွယ်မေးမြန်းရန် People’s Spring ကကြိုးစား​နေဆဲဖြစ်သည်။
ယခုရက်ပိုင်း၌ စစ်ကောင်စီက TNLAထိန်းချုပ်ဒေသများကို လေကြောင်းမှ တိုက်ခိုက်မှုပိုမိုပြုလုပ်လာပြီး ဇူလိုင်၈ ရက်နံနက်ပိုင်းတွင်လည်း မိုးကုတ်နှင့်ကျောက်မဲမြို့ကို ဗုံးကြဲခဲ့၍ အနည်းဆုံး​ဒေသခံပြည်သူ ၄ ဦးသေဆုံးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က ပြည်သူလူထုဆန္ဒအတိုင်း စစ်အာဏာရှင်ပြုတ်ကျသည့်အထိ တိုက်ခိုက်သွားမည်ဟု MNDAA ၊TNLAနှင့် AAတို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကတော့ မကြာခဏထုတ်ပြန်ခဲ့သည်။ထို့အပြင် ညီနောင်မဟာမိတ်များကြား သွေးသောက်ညီအစ်ကိုများကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကူအညီပေးမည်ဟု ထုတ်ပြန်ထားကြသည်။သို့သော် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်သည့်ဖြစ်စဉ်အပါအဝင် လားရှိုးမြို့အရေးနှင့်ပတ်သက်
၍ MNDAAက သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။
လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးခဲ့သည့် လုပ်
ရပ်အပေါ် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား၌ အပြင်း
အထန်ဝေဖန်ခံခဲ့ရသည်ဟု ရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။လက်ရှိတွင် ညီနောင်မဟာ
မိတ်သုံးဖွဲ့သည် တရုတ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ ကုန်သွယ်ရေးအခွန်ကို အတူပူးပေါင်းကောက်ခံနေသည်။
(လားရှိုးမို့ကို သိမ်းပိုက်ခဲ့စဥ်က MNDAA နှင့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MNDAA )