အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
ဇူလိုင် ၈၊ ၂၀၂၅
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းက နွားထိုးကြီးမြို့နယ် ထိမ္ဖဘုရားကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ လာရောက်ကင်းပုန်းဝပ်နေချိန် Shar Htoo WOW နည်းပညာသုံး Fixed Wing တွေနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။
ဗုံးသီးတွေဟာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနဲ့အတူ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း