Author: admin
-
ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို KNLA ဦးဆောင်သော တပ်များက သိမ်းပိုက်၊ လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ
ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို KNLA ဦးဆောင်သော တပ်များက သိမ်းပိုက်၊ လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၅ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်း၊ ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး လက်နက် ၄၀ ကျော် ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း ၃၆ ဦးကိုပါ ဖမ်းဆီးရရှိကြောင်း KNLA ရှေ့တန်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖာပွန်ခရိုင်၊ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တောင်သုံးလုံး တပ်စခန်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း၊ လက်နက် ၄၀ ကျော်…
-
“ကားအစီး၂၀ကျော်နဲ့ စစ်သား၄၀၀ကျော်ပါတဲ့ စစ်ကြောင်းလိုက်ကြီး ပျောက်သွားလို့တဲ့😱 ဘပုတယောက် ခေါင်း🔥မီးတောက်နေပြီ😁
“ကားအစီး၂၀ကျော်နဲ့ စစ်သား၄၀၀ကျော်ပါတဲ့ စစ်ကြောင်းလိုက်ကြီး ပျောက်သွားလို့တဲ့😱 ဘပုတယောက် ခေါင်း🔥မီးတောက်နေပြီ😁
-
အမ်းမှထွက်ပြေးလာသော ဗိုလ်ကြီးတစ်ဦးပါစစ်သား၁၂ ဦးကို တော်လှန်ရေးတပ်များဖမ်းဆီး
အမ်းမှထွက်ပြေးလာသော ဗိုလ်ကြီးတစ်ဦးပါစစ်သား၁၂ ဦးကို တော်လှန်ရေးတပ်များဖမ်းဆီး အိမ်သွင်/People’s Spring အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေသည့် အမ်းမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီ ဗိုလ် ကြီးဦးဆောင်သည့်စစ်ကြောင်းကို AA၏ မဟာ မိတ် တော်လှန်ရေးပူးပေါင်းတပ်များက ဖမ်းမိထားသည်။ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်အချို့နှင့် အတူ ဖမ်းမိထားခြင်းဟု အရှိူချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)နှင့်ပြည်သူ့လွတ် လပ်ရေးတပ်တော် (PLA) ပူးပေါင်းတပ်ဖွဲ့ က ဒီဇင်ဘာ ၄ရက်တွင်ပူးတွဲသတင်းထုတ်ပြန်သည်။ အဆိုပါစစ်ကြောင်းသည် အမ်းမြို့၊အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာကြပြီး လက်ပ်တော့ပ် တစ်လုံး၊ ဖုန်းတစ်လုံး၊ MA-1 တစ်လက်၊ MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက်…
-
မြစ်ကြီးနားလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
မြစ်ကြီးနားလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ ရန်ကုန်၊ ဒီဇင်ဘာ ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်၏ လေတပ်စခန်းကို ယမန်နေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသော်လည်း ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း KIA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြင်္စထံမှ သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် မြစ်ကြီးနားလေတပ်စခန်း အနီးသို့ ရှော့တိုက်ဒုံး ၆ လုံးထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း၊ သို့ရာတွင် ရှော့တိုက်ဒုံးများသည် လေတပ်၏ ခြံစည်းရိုးနှင့် ပြေးလမ်းနံဘေးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီး ထိခိုက်မှု ကြီးကြီးမားမား မရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ KIA သတင်းရင်းမြစ်ကလည်း ယမန်နေ့ နံနက်ပိုင်း မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြီး…
-
ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ)
ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ) ဒီဇင်ဘာ ၅၊ ၂၀၂၄ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှာ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းက စတင်ပြီး KIA နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြို့မကျစေရေး ခုခံနေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့က စစ်ကောင်စီတပ်စခန်းတပ်စခန်းတချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားသလို အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။ Video-ဗန်းမော်မြို့ ပြည်သူများ ရေလမ်းကြောင်းကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေစဉ်
-
ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံရသောပြည်သူ ၂၀၀ခန့်အနက် အမျိုးသားများကို စစ်တပ်က ဆက်လက်ဖမ်းဆီးထား
ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံရသောပြည်သူ ၂၀၀ခန့်အနက် အမျိုးသားများကို စစ်တပ်က ဆက်လက်ဖမ်းဆီးထား ရဲခေါင်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်အစပ်ရှိ ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၂၀၀ခန့်အနက် အမျိုးသားများကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ နိုဝင်ဘာ ၁၁ ရက်က ဖယ်ခုံမြို့နယ်၊ ပူချယ် ကျေးရွာမှ ကောက်ရိတ်ပြန်လာစဥ် ဖမ်းဆီးခံရသူ ၂၀၀ ခန့်တွင် အသက်ကြီးပိုင်းနှင့် အမျိုးသမီးများကိုသာ စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ခဲ့ခြင်းဟု ဆိုသည်။ “အမျိုးသားတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားတုန်းပဲ။ရေခပ်၊ထမင်းချက်တာတွေလုပ်နေရတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ကနဦးဖမ်းဆီးခံရသည့် ပြည်သူ ၂၀၀ ခန့်တွင် အမျိုးသား ၈၀ကျော်ပါရှိပြီး ထက်ဝက်ခန့်မှာ မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်းလည်း ဖယ်ခုံစစ်ရှောင်အရေးကူညီနေသူတစ်ဦးက အသိပေး သည်။ “ပင်လောင်းမှာ ဖမ်းခံထားရတဲ့ ယောက်ကျားလေး၈၀…
-
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်တပ်၏ C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်တပ်၏ C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား ရန်ကုန်၊ ဒီဇင်ဘာ ၅ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း ဟားခါးမြို့နှင့်ထန်တလန်မြို့အကြား စစ်တပ်၏ C 3 စစ်စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ အဆိုပါ စစ်ကောင်စီတပ်၏ C3 တောင်ကုန်းစခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယင်းစခန်းသည် စစ်ရေးအရ အရေးပါကြောင်း၊ ဗျူဟာကျသည့်တပ်စခန်းကုန်းတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်၏ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားကြောင်း၊ ချင်းပြည်အစိုးရတပ်များက ဝင်ရောက်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။ “အော်တိုတောင်ကုန်းဆိုတာ ရှိတယ်။ အဲဒီ စခန်းကုန်းကို C3…
-
မန္တလေး ပြည်ကြီးတံခွန် ရပ်ကွက်ရုံး ဗုံးခွဲခံရ
မန္တလေး ပြည်ကြီးတံခွန် ရပ်ကွက်ရုံး ဗုံးခွဲခံရ ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်ရုံး ဒီနေ့ ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်ပစ်ခတ်သံအချို့ကို ည၁၁ နာရီ မထိုးခင် အထိ ကြားနေရတယ်လို့ ရပ်ကွက်နေ ပြည်သူ့အချို့ထံကသိရပါတယ်။ ဒီနေ့ညပိုင်း ၆ နာရီခန့်က (ဇ) ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ လို့ ရပ်ကွက်နေပြည်သူ့အချို့က ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ရပ်ကွက်ရုံးရှေ့ က လမ်းကို ပိတ်လိုက်ပြီး ည ၁၀ နာရီ ၄၅ မိနစ်အချိန် အထိ သေနတ်ပစ်ဖောက်တာတွေကို ကြားခဲ့ရတာလို့ သိရပါတယ်။ ” အခုထိ (ည ၁၀နာရီ ၄၀မိနစ်)သေနတ်နဲ့ရမ်းပစ်နေသလို အော်ဆဲနေတာ၊ စစ်သားတွေတော့ မတွေ့ဘူး၊လူမိုက်ပျူစောထီးတွေပဲ”လို့ ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။…
-
ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်း ၇ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်၀ိုက်တွင် တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ
ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်း ၇ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်၀ိုက်တွင် တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ ရန်ကုန်၊ ဒီဇင်ဘာ ၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် ဗန်းမော်တက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာ ၇ ခုထက်မနည်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ရှိအချိန်အထိ ဗန်းမော်မြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခလရ ၄၇ ၏ ကာကင်းစခန်းများဖြစ်သော ညောင်ပင်သာ…
-
နွားထိုးကြီးမြို့နယ်၊ လုံးတောနှင့် သမန်းတောရွာ အကြားရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိ
နွားထိုးကြီးမြို့နယ်၊ လုံးတောနှင့် သမန်းတောရွာ အကြားရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိ ရန်ကုန်၊ ဒီဇင်ဘာ ၄ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လုံးတောရွာနှင့် သမန်းတောရွာ အကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁…