ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ)
ဒီဇင်ဘာ ၅၊ ၂၀၂၄
ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှာ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းက စတင်ပြီး KIA နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြို့မကျစေရေး ခုခံနေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့က စစ်ကောင်စီတပ်စခန်းတပ်စခန်းတချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားသလို အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။
Video-ဗန်းမော်မြို့ ပြည်သူများ ရေလမ်းကြောင်းကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေစဉ်