Author: admin

  • မန္တလေးတောင်ပေါ် ဆန္ဒပြခံရလို့ လုံခြုံရေးယူတဲ့ ခလရ(၉၅)တပ်တွင်း အရေးယူခံရ

    မန္တလေးတောင်ပေါ် ဆန္ဒပြခံရလို့ လုံခြုံရေးယူတဲ့ ခလရ(၉၅)တပ်တွင်း အရေးယူခံရ

    by

    in

    မန္တလေးတောင်ပေါ် ဆန္ဒပြခံရလို့ လုံခြုံရေးယူတဲ့ ခလရ(၉၅)တပ်တွင်း အရေးယူခံရ ရှိုင်း/People’s Spring လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးတောင်ပေါ် မှာ ဆန္ဒပြခံရပြီးတဲ့နောက် အဲဒီက လုံခြုံရေးတာဝန်ယူထားတဲ့ အရာရှိတွေအပါအဝင် လုံခြုံရေးကျနေတဲ့စစ်ကောင်စီတပ်သားတွေကို တပ်တွင်းအရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဘက်သတင်းအရင်းမြစ်တွေက ပြောပါတယ်။ မန္တလေးတောင်ရဲ့အရှေ့ဘက် ခလရ(၉၅) တပ်ရင်းကို မန္တလေးတောင်တက်၊တောင်ဆင်းလမ်းတွေမှာ စစ်ဆေးစောင့်ကြည့်ဖို့ ဂိတ်လေးဂိတ်ချထားသလို တောင်ပေါ်မှာလည်း အစောင့်တွေရှိတဲ့ကြားထဲက မန္တလေးသပိတ်အင်အားစုက အာဏာရှင်ပြုတ်ကျရေးသပိတ်ဆင်နွှဲခဲ့တာကြောင့် တပ်တွင်းအရေးယူမှုတွေပြုလုပ်နေတာလို့ စစ်တပ်သတင်းအရင်းမြစ်ကပြောပါတယ်။ မန္တလေးတောင်စတက်တဲ့ အတက်လမ်းမှာ စစ်တပ်ဂိတ်၊ဂေါပဂိတ်၊တောင်ထိပ်အနီးမရောက်ခင် ယခင်အလှူခံဂိတ်နေရာမှာ စစ်တပ် ဂိတ်၊လက်မှတ်ဖြတ်ရတဲ့ ဂေါပကဂိတ်စတာတွေရှိပြီး တောင်အဆင်းလမ်းမှာ စစ်တပ်အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ဘုရားရှိပြီး အဆင်းတဝက်လောက်အရောက်မှာ စစ်တပ်ဂိတ်၊တောင်အဆင်းလမ်းထိပ်မှာ ခလရ (၉၅)တပ်ရင်းဂိတ်တွေရှိတဲ့ကြားထဲ အခုလို ဆန္ဒပြခံရတာလို့ သိရပါတယ်။ “တပ်ရင်းမှူးကိုယ်တိုင်ခေါ်ကြိတ်တာပေါ့။ဗိုလ်ကြီးကတော့ အချုပ်ကျမယ်ထင်တယ်။ပုံတွေတက်လာတော့ တပ်ထဲတော်တော်လှုပ်လှုပ်ခက်ခက်ပဲ”လို့ စစ်တပ်သတင်းအရင်းမြစ်ကပြောပါတယ်။ ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ…

  • NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ…

    NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ…

    by

    in

    NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ… ဇန်နဝါရီ ၃၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယိ။ ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒာမာဟာ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ ဇန်နဝါရီလ ၂ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ထုတ်ပြန်ထားတာပါ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က “အစပိုင်းမှာတော့ ဆိုင်ကယ် အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမယ့် စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာ ဖြစ်ကြောင်းအတည်ပြုပါတယ်” လို့ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားအသိပေးထားပါတယ်။ လုပ်ကြံခံရသူ ဦးအရိန္ဒာမာဟာ CDM အရာရှိတစ်ယောက်ဖြစ်ပြီး လူထုတော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့…

  • တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသူ နှင့် ဥပဒေ ချိုးဖောက် သူများကို  ကိုင်တွယ်ရန်အချိန်တန်ပြီဟု NUG ဝန်ကြီးချုပ် ပြော

    တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသူ နှင့် ဥပဒေ ချိုးဖောက် သူများကို ကိုင်တွယ်ရန်အချိန်တန်ပြီဟု NUG ဝန်ကြီးချုပ် ပြော

    by

    in

    တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသူ နှင့် ဥပဒေ ချိုးဖောက် သူများကို ကိုင်တွယ်ရန်အချိန်တန်ပြီဟု NUG ဝန်ကြီးချုပ် ပြော ရန်ကုန်၊ ဇန်နဝါရီ ၃ စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းနေသည့် တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသော လုပ်ရပ် ပြုလုပ် သူများနှင့် ဥပဒေ ချိုးဖောက် သူများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အချိန်တန်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့သော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဆင့်ဆင့် သော အုပ်ချုပ်ရေး ယန္တရားတွေကို…

  • မန္တလေးမြို့တွင် ဒီဇင်ဘာလအတွင်း စစ်သားအဖြစ် လူငယ်  ၄၀၀ နီးပါး ဖမ်းဆီးခံရ၊ ပြင်ဦးလွင် ပြင်စာကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က လူငယ်များကို ရိုက်နှက်၍ ပေါ်တာဆွဲဖမ်းဆီးနေ

    မန္တလေးမြို့တွင် ဒီဇင်ဘာလအတွင်း စစ်သားအဖြစ် လူငယ် ၄၀၀ နီးပါး ဖမ်းဆီးခံရ၊ ပြင်ဦးလွင် ပြင်စာကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က လူငယ်များကို ရိုက်နှက်၍ ပေါ်တာဆွဲဖမ်းဆီးနေ

    by

    in

    မန္တလေးမြို့တွင် ဒီဇင်ဘာလအတွင်း စစ်သားအဖြစ် လူငယ် ၄၀၀ နီးပါး ဖမ်းဆီးခံရ၊ ပြင်ဦးလွင် ပြင်စာကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က လူငယ်များကို ရိုက်နှက်၍ ပေါ်တာဆွဲဖမ်းဆီးနေ ရန်ကုန်၊ ဇန်နဝါရီလ ၃ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းစစ်သားအဖြစ် ၄၀၀ နီးပါး ဖမ်း ဆီးခံရ ပြီး လူငယ်များလူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် NUG အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်စွာအရေးယူပေးရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံမြို့နယ်တွင် ၆၄ ဦး ၊ ချမ်းအေး သာဇံမြို့နယ်တွင် ၂၅ ဦး ၊ မဟာအောင်မြေမြို့နယ် တွင် ၃၈ ဦး ၊ချမ်းမြသာစည်မြို့နယ်…

  • ငါးသိုင်းချောင်းမြို့နှင့် မိုင် ၃၀ ကျော်သာဝေးသည် ဗေဒါစစ်ဆေးရေးဂိတ်အား AA ဝင်တိုက်နေ

    ငါးသိုင်းချောင်းမြို့နှင့် မိုင် ၃၀ ကျော်သာဝေးသည် ဗေဒါစစ်ဆေးရေးဂိတ်အား AA ဝင်တိုက်နေ

    by

    in

    ငါးသိုင်းချောင်းမြို့နှင့် မိုင် ၃၀ ကျော်သာဝေးသည် ဗေဒါစစ်ဆေးရေးဂိတ်အား AA ဝင်တိုက်နေ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၃ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် မိုင် ၃၁ မိုင်အကွာရှိ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် နယ်ခြားစစ်ဆေးရေးဂိတ်ဖြစ်သည့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA နှင့်ပူးပေါင်းအဖွဲ့များက ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည်ပိုင်းကစတင်ကာ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။ ငါးသိုင်းချောင်း-ဂွလမ်းပေါ်ရှိ စစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်ကို AA ကတိုက်ခိုက်နေပြီး ဧရာဝတီတိုင်းအတွင်းမှ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ကြား ဖြတ်တိုက်ခိုက်ထားကြောင်း သိရသည်။ “ဗေဒါကို တစ်ဖွဲ့ကတိုက်နေတယ်။ တစ်ဖွဲ့က ဗေဒါနဲ့ အမြောက်တပ် ၃၄၄ ကြားမှာ စစ်ကူကိုဖြတ်တိုက်နေ တယ်”ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ဗေဒါစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ…

  • မန္တလေးမှာ ရွှေဆိုင်က ရွှေ သုံးပိဿာကျော် ဓားပြတိုက်သူတွေကို စစ်အုပ်စု ဖမ်းဆီးပြ၊ CCTV ကတဆင့် ခြေရာခံ ဖမ်းမိဟုဆို၊

    မန္တလေးမှာ ရွှေဆိုင်က ရွှေ သုံးပိဿာကျော် ဓားပြတိုက်သူတွေကို စစ်အုပ်စု ဖမ်းဆီးပြ၊ CCTV ကတဆင့် ခြေရာခံ ဖမ်းမိဟုဆို၊

    by

    in

    မန္တလေးမှာ ရွှေဆိုင်က ရွှေ သုံးပိဿာကျော် ဓားပြတိုက်သူတွေကို စစ်အုပ်စု ဖမ်းဆီးပြ၊ CCTV ကတဆင့် ခြေရာခံ ဖမ်းမိဟုဆို၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၇ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီရွှေဆိုင်” ကနေ ရွှေထည်ပစ္စည်း မျိုးစုံ သုံးပိဿာခွဲကျော်၊ တန်ဖိုးငွေကျပ်သိန်း ၃ဝ,ဝဝဝ ခန့် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက် လုယက်မှုမှာ ပါဝင်သူတွေထဲက နှစ်ဦးကို ဖမ်းမိထားပြီး နှစ်ဦး လွတ်မြောက်နေတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဇန်နဝါရီ ၁၈ရက် ညနေပိုင်းက အဲ့ဒီ မန္တလေးမြို့၊ ၇၇ လမ်းပေါ်က ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရတာ ဖြစ်ပြီး CCTV မှတ်တမ်းတွေကတဆင့် ခြေရာခံကာ…

  • သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေး ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ ဆိုးလာပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်၊ တစ်ရက်လျှင် စစ်ကောင်စီက နာရီပေါင်း ၂၀ မီးဖြတ်တောက်

    သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေး ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ ဆိုးလာပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်၊ တစ်ရက်လျှင် စစ်ကောင်စီက နာရီပေါင်း ၂၀ မီးဖြတ်တောက်

    by

    in

    သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေး ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ ဆိုးလာပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်၊ တစ်ရက်လျှင် စစ်ကောင်စီက နာရီပေါင်း ၂၀ မီးဖြတ်တောက် ရန်ကုန်၊ ဇန်နဝါရီ ၃ ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတွင် ပိုက်လိုင်းများ ပြုပြင်နေခြင်းကြောင့် သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေးခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေအဆိုးလားပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်တော့ကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဓာတ်အား ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ဓာတ် အား ၁၇၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ အဓိကအားဖြင့် ရတနာကမ်းလွန်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ပြုပြင်နေခြင်းကြောင့်…

  • ရန်ကုန်မြို့ တစ်ရက် မီး၁၂ နာရီ ဖြတ်မည်  ▪︎မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော

    ရန်ကုန်မြို့ တစ်ရက် မီး၁၂ နာရီ ဖြတ်မည် ▪︎မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော

    by

    in

    ရန်ကုန်မြို့ တစ်ရက် မီး၁၂ နာရီ ဖြတ်မည် ▪︎မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော ရောင်နီ /People’s Spring ရန်ကုန်မြို့တွင် လေးနာရီခြားတစ်ကြိမ် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ပြီး တစ်ရက်လျှင် ၁၂ နာရီမီးဖြတ်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ရုံးများက ကြေညာသည်။ ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေးခြင်းကို မြို့နယ်အလိုက် အုပ်စု A ၊ B ခွဲကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၃ ရက်ကစတင်၍ အုပ်စုတစ်ခုလျှင် လေးနာရီခြားတစ်ကြိမ် မီးပေးမည်ဟု အသိပေးထားသည်။ ဒီဇင်ဘာအတွင်းက ည ၉နာရီမှ မနက် ၁နာရီအထိ မီးဖြတ်ချိန်တိုးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် လေးနာရီတိုးလိုက်သောကြောင့် တစ်ရက်လျှင် မီးဖြတ်သည့်အချိန် ၁၂ နာရီအထိရှိလာမည်ဖြစ်သည်။ “ညသန်းခေါင်ကြီး မီးပြတ်သွားရင် ဘာမသိ၊ ညာမသိဖြစ်နေစိုးလို့ သတင်းတင်ပေးတာပါ။ ပျော်မနေပါဘူး။” ဟု…

  • စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ)

    စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ)

    by

    in

    စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ) ဇန်နဝါရီ ၃၊ ၂၀၂၅ ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မယ်လယု တပ်စခန်းကနေ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းနဲ့ စက်ယန္တရားတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ရိက္ခာပြတ်လပ်ပြီး ဒီဇင်ဘာ ၂၈ ရက် မနက်မှာ မယ်လယုတပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စွန့် ခွါကာ ရှမ်းပြည်နယ်ဘက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ မယ်လယုတပ်စခန်းကနေ ၆၀ မမ ဗုံးသီး ၂၁၂ လုံး၊ MA 1 ကျည်အိမ် ၁၂ ခု ၊ A 1 ကျည် ဆံ ၅၄၇၀ တောင့်၊ နောင်တို ကျည်ဆံ…

  • အမရပူရ၊  မြစ်ငယ်မြို့ ၊  ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း  အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ်  ပစ်ခတ်ခံရပြီး သေဆုံး

    အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၃ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မ အုပ်စု (၁) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေ ထွန်းသည် ဂျက်ဝမ်း အရက်ရောင်းဝယ်ရေးဆိုင်တွင် ဆက်ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပစ်ခတ်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက်၊ စစ်ကိုင်း -မြစ်ငယ်ဒွေး လမ်းဘေး၊ “ဂျက်ဝမ်း” အရက်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် လမ်းဖြတ်…