Author: admin
-
“မန္တလေး PDFအဖွဲ့ ပွင့်ပွင့်လင်းလင်း ယနေ့ ကြေညာပြီ”
“မန္တလေး PDFအဖွဲ့ ပွင့်ပွင့်လင်းလင်း ယနေ့ ကြေညာပြီ”
-
ကျောက်မဲမြို့ကို TNLA သိမ်းပိုက်
ကျောက်မဲမြို့ကို TNLA သိမ်းပိုက် 009 မဇ္ဈိမ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်းများကို သိမ်းပိုက်၍ မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ယနေ့ (ဩဂုတ် ၆ ရက်)တွင် အလုံးစုံထိန်းချုပ်လိုက်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ မြို့အနီးရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ ခမရ(၅၀၂) ဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁ )တို့ ယမန်နေ့ ညသန်းခေါင်ယံတွင် TNLA က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ကြောင်း TNLAနှင့် နီးစပ်သည့် ကျောက်မဲမြို့ခံ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။ “ ညသန်းခေါင်ထိ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသေးတယ်။ အဲ့ကြားထဲက တပ်ရင်းဌာနချုပ်တွေကို သိမ်းလိုက်နိုင်ပြီ။ မြို့ပေါ်မှာလည်း TNLA အုပ်ချုပ်ရေးယန္တာရား စတင်နေပြီ။ “ဟု…
-
မန္တလေးတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသော စစ်ကောင် စီခန့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသော စစ်ကောင် စီခန့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဩဂုတ် ၆ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် စု ဆောင်းပေးနေသော စစ်ကောင်စီခန့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မန္တလေးမြို့မှ ပြည်သူတချို့၏ ပြောဆိုချက်နှင့် စစ်တပ်လော်ဘီတယ်လီဂရမ်များ၏ ဖော်ပြချက်များအရ သိရှိရသည်။ ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန် မန္တလေးမြို၊ အောင်မြေသာစံမြိုနယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈လမ်း၊ ၈၂ လမ်းထောင့်တွင် စစ်ကောင်စီခန့် မေဂီရိရပ်ကွက်အုပ် ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမ ခင်ဖုန်းဆုတို့ကို ဆိုင်ကယ်ဖြင့် သေနတ်သမားတချို့က…
-
မန္တလေးတက္ကသိုလ်တွင် စစ်ကောင်စီတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်စဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက်
မန္တလေးတက္ကသိုလ်တွင် စစ်ကောင်စီတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်စဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက် ရန်ကုန်၊ ဩဂုတ် ၆ မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်၊ ကျောင်းပေါင်းစုံ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ကို တက္ကသိုလ်အတွင်း ဝင်ရောက်လာစဉ် အမျိုးသမီးတော်လှန်ရေးရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်စောဂွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတက္ကသိုလ် (မိန်း)တွင် အကြမ်း ဖက်စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာနက အထက်မြန်မာပြည် ကျောင်းပေါင်းစုံ စာ ဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကြောင်း၊ ယင်းပွဲသို့ စစ်ကောင်စီခန့်မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ လာရောက်ရန် စစ်သားများ နေရာ…
-
နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတွင် အကြမ်းဖက်စစ်တပ် ထောက်ခံ ပွဲ နှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ရန် နေ့စားခရ စစ်တပ်ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ စတင်စုဝေးနေ
နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတွင် အကြမ်းဖက်စစ်တပ် ထောက်ခံ ပွဲ နှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်၊ နေ့စားခရ စစ်တပ်ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ တက်ရောက် ရန်ကုန်၊ ဩဂုတ် ၆ နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံပွဲနှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ပြီး နေ့စားခရ လူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ တက်ရောက်ကြကြောင်း ရန်ကုန်နှင့်နေပြည်တော်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက MNDAA ဆန့်ကျင်ပွဲများ ပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြပွဲများအတွက် လိုအပ်သော လူများ သယ်ယူပို့ဆောင်ရေး ယာဉ်ကားများ စီစဉ်ပေးရန် ၊ ရေသန့်ဘူးနှင့်ထမင်းဘူးများ စီစဉ်ပေးရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်…
-
ထန်တလန်မြို့စောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ ခလရ ၂၆၉ စစ်တပ် စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ထန်တလန်မြို့စောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ ခလရ ၂၆၉ စစ်တပ် စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ ဩဂုတ် ၆ ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၆၉ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကုန်းကို အပြီး သိမ်းပိုက်ရရှိထားရာတွင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်အချိန် ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၆၉ အကြမ်းဖက် စစ်ကောင်စီ၏ တပ်အထိုင်စခန်းကို ချင်းပြည်နယ်အစိုးရ တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အကြမ်းဖက် စစ်သားအချို့မှာမြို့တွင်းရှိ…
-
ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း ထုတ်လုပ်တပ်ဆင်ခဲ့သော ဒရုန်းတားဆီးရေး Drone Guard များက တော်လှန်ရေးတပ်များ၏ ဒရုန်းများကို တားဆီးနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရ
ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း ထုတ်လုပ်တပ်ဆင်ခဲ့သော ဒရုန်းတားဆီးရေး Drone Guard များက တော်လှန်ရေးတပ်များ၏ ဒရုန်းများကို တားဆီးနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရ ရန်ကုန်၊ ဩဂုတ် ၆ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းထုတ်လုပ်တပ် ဆင်ခဲ့သော ဒရုန်းတားဆီးရေး Drone Guard များက တော်လှန်ရေးတပ်များ၏ ဒရုန်းများကို တားဆီးနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်နိုင်ငံရှိ Drone Guard များ တပ်ဆင် ထုတ်လုပ်သည့် ကုမ္ပဏီနှင့်ပူးပေါင်း၍ ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်းများ၊ ထွေ/အုပ်ရုံးများတွင် Drone Guard များ တပ်ဆင်ခဲ့ကြောင်း၊ ယင်းသို့ တပ်ဆင်ရာတွင် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က သူကိုယ်တိုင် အာမခံသည်ဟုဆိုကာ ဒရုန်းတင်ဒါများကို သူကိုယ်တိုင် ရယူ၍…
-
ပြင်ဦးလွင်မြိုမှ စစ်ကောင်စီတပ်အရာရှိအချို့တိမ်းရှောင်
ပြင်ဦးလွင်မြိုမှ စစ်ကောင်စီတပ်အရာရှိအချို့တိမ်းရှောင် ဩဂုတ်လ၄ရက်၂၀၂၄။ ပြင်ဦးလွင်မြို့အားတော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် စစ်တပ်အရာရှိအချို့နှင့်မိသားစုဝင်များသည် ပြင်ဦးလွင်မြို့မှာ တခြားဒေသများသို့စတင်တိမ်း ရှောင်မှုအချို့ရှိနေတယ်လို့စစ်ကောင်စီသတင်းရင်းမြစ်ထံမှသိရှိရသည်။ “တစ်ချို့တော့ရန်ကုန်ဘက်မှာတိမ်းရှောင်နေကြတာတော့သိတယ်၊တိမ်းရှောင်သူတွေဘက်ကအပြောအရတော့ ပြင်ဦးလွင်ကမလုံခြုံတော့ဘူး တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာရင်ဘယ်လိုတိုက်မယ်ခိုက်မယ်ပါပြောတယ် နောက်ပြီးဘယ်လိုနေရာတွေမှာအရင်တိုက်ခိုက်မယ်ဆိုတဲ့အပြင်သူတို့နေထိုင်တဲ့အိမ်ပါဝင်တိုက်သွားနိုင်တယ်လို့ “ Salween Press ရဲ့အသတင်းရင်းမြစ်တဦးကပြောသည်။ အချို့သော သူများသည်နေ ပြည်တော်တပ်ကုန်းဖက်သို့ပြောင်းရွှေ့နေထိုင်သူများရှိပြီးငွေကြေးတတ်နိုင်သူများ ကထိုင်းနိုင်ငံချင်းမိုင်မြို့သို့တိမ်းရှောင်သူများလဲရှိသည်။ ပြင်ဦးလွင်မှ တခြားဒေသသို့တိမ်းရှောင်သွားသူများသည် ပြင်ဦးလွင်ရှိသူတို့နေအိမ်များအား နောင်ချို နှင့်ကျောက် မဲဒေသမှ တိမ်းရှောင်လာသူများအား ပြန်လည်ငှါးရမ်းထားကြောင်းလဲ သတင်းရရှိသည်။ “အခုပြင်ဦးလွင်မှာတော့အေးဆေးတဲ့အနေအထားမှာရှိနေသေးတယ်လို့ပြောရမယ် စစ်တပ်၊ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့တွေတော့ညတိုင်းကင်းလှည့်တာရှိတယ် အခြေနေနားထောင်ပြီးနေရတယ် မြန်မာပြည်အခြေနေ ဘယ်နေရာမှမကောင်းတာ အားလုံးကသတိဝိရိယဖြင့်သာနေထိုင်ကြရပြီးတိမ်းရှောင်ဖို့အတွက်အသင့်ပြင်ဆင်ထားတယ်လို့” ပြင်ဦးလွင်မှာနေထိုင်နေသူတဦးကပြောသည်။ လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌါနချုပ် ကျသွားသည့်အတွက် ပြင်ဦးမြို့နှင့်မန္တလေးမြို့များသို့တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် အနှေးနှင့်အမြန်လာရောက်တိုက်ခိုက်နိုင်သည့် အနေအထားဖြစ်သွားခဲ့သည်။