ပြင်ဦးလွင်မြိုမှ စစ်ကောင်စီတပ်အရာရှိအချို့တိမ်းရှောင်

by

in

ပြင်ဦးလွင်မြိုမှ စစ်ကောင်စီတပ်အရာရှိအချို့တိမ်းရှောင်

ဩဂုတ်လ၄ရက်၂၀၂၄။

ပြင်ဦးလွင်မြို့အားတော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် စစ်တပ်အရာရှိအချို့နှင့်မိသားစုဝင်များသည် ပြင်ဦးလွင်မြို့မှာ တခြားဒေသများသို့စတင်တိမ်း ရှောင်မှုအချို့ရှိနေတယ်လို့စစ်ကောင်စီသတင်းရင်းမြစ်ထံမှသိရှိရသည်။

“တစ်ချို့တော့ရန်ကုန်ဘက်မှာတိမ်းရှောင်နေကြတာတော့သိတယ်၊တိမ်းရှောင်သူတွေဘက်ကအပြောအရတော့ ပြင်ဦးလွင်ကမလုံခြုံတော့ဘူး တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာရင်ဘယ်လိုတိုက်မယ်ခိုက်မယ်ပါပြောတယ် နောက်ပြီးဘယ်လိုနေရာတွေမှာအရင်တိုက်ခိုက်မယ်ဆိုတဲ့အပြင်သူတို့နေထိုင်တဲ့အိမ်ပါဝင်တိုက်သွားနိုင်တယ်လို့ “ Salween Press ရဲ့အသတင်းရင်းမြစ်တဦးကပြောသည်။

အချို့သော သူများသည်နေ ပြည်တော်တပ်ကုန်းဖက်သို့ပြောင်းရွှေ့နေထိုင်သူများရှိပြီးငွေကြေးတတ်နိုင်သူများ ကထိုင်းနိုင်ငံချင်းမိုင်မြို့သို့တိမ်းရှောင်သူများလဲရှိသည်။

ပြင်ဦးလွင်မှ တခြားဒေသသို့တိမ်းရှောင်သွားသူများသည် ပြင်ဦးလွင်ရှိသူတို့နေအိမ်များအား နောင်ချို နှင့်ကျောက် မဲဒေသမှ တိမ်းရှောင်လာသူများအား ပြန်လည်ငှါးရမ်းထားကြောင်းလဲ သတင်းရရှိသည်။
“အခုပြင်ဦးလွင်မှာတော့အေးဆေးတဲ့အနေအထားမှာရှိနေသေးတယ်လို့ပြောရမယ် စစ်တပ်၊ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့တွေတော့ညတိုင်းကင်းလှည့်တာရှိတယ် အခြေနေနားထောင်ပြီးနေရတယ် မြန်မာပြည်အခြေနေ ဘယ်နေရာမှမကောင်းတာ အားလုံးကသတိဝိရိယဖြင့်သာနေထိုင်ကြရပြီးတိမ်းရှောင်ဖို့အတွက်အသင့်ပြင်ဆင်ထားတယ်လို့” ပြင်ဦးလွင်မှာနေထိုင်နေသူတဦးကပြောသည်။

လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌါနချုပ် ကျသွားသည့်အတွက် ပြင်ဦးမြို့နှင့်မန္တလေးမြို့များသို့တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် အနှေးနှင့်အမြန်လာရောက်တိုက်ခိုက်နိုင်သည့် အနေအထားဖြစ်သွားခဲ့သည်။