“သတင်းကောင်း မီးစိမ်းပြလို့ချက်ခြင်းတင်ပေးလိုက်ပြီ”

by

in

ဖမ်းမိထားတဲ့ ရမခ ခေါင်းဆောင်ပိုင်းတွေကို MNDAA စစ်ဆေးနေ (ရုပ်/သံ)
ဇော်မြတ်ခန့်၊ သြဂုတ် ၅၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို အနီးကပ်ကွပ်ကဲခဲ့ကြတဲ့ စစ်ကောင်စီရဲ့ အရာရှိတွေကို မြန်မာမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။
ရမခကို အနီးကပ်ကွပ်ကဲနေတဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရမခ ရဲ့ အရာရှိအကြီးပိုင်းတွေနဲ့ သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲနောက်ပိုင်းမှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ဖမ်းဆီးခံရတယ်လို့ သတင်းတွေကြားထားကြောင်း ဝန်ခံပြောဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #ရမခ #ဗိုလ်ချုပ်စိုးတင့် #ဗိုလ်မှူးချုပ်မျိုးမင်းထွေး #ဗိုလ်မှူးချုပ်သန့်ထင်စိုး