တနင်္သာရီမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၂ ဦးသေဆုံး

by

in

တနင်္သာရီမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၂ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ဂျိးတောင်ရွာမှ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ ဘက်သို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂ အဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၄ ရက်နေ့ အထိ ထိတွေ့တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၂ ဦး သေဆုံး ကာ ၁၁ ဦး အပြင်းအထန်ဒဏ်ရာရရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံ စောင့် အလုပ်သမားပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ သည် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၂၊ တနင်္သာရီမြို့နယ် ပကဖ ၊ ကျွန်းစုမြို့နယ် ပကဖ ၊ ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီ ရိုးမ၊ တောဗုံးကြီး ၊ တောင်ပံနီ ၊ တိုင်းပကဖ လုံခြုံရေး ၊ Dragon Squad ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့တို့ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝါရစ်ရွာနှင့် ဂျိုတောင်ရွာဘက်တို့မှ စစ် ကြောင်း ၂ ကြောင်းခွဲကာ လယ်သစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဂျိုတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ည ၁၀ နာရီခန့်တွင် ဂျိုတောင်ရွာအနီးတပ်စွဲထားသော အကြမ်းဖက်စစ်သားများက လယ်သစ်ကျေးရွာဘက်သို့ လက်နက် ကြီးဖြင့် ပစ်ခတ်တိုခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် မိန်းတောပြင်အနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင်ပြည် သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်း ၂ တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ပြင်ဝန်းသားပေါက်လှေဘက်မှ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် အကြမ်းဖက်စ်ကောင်စီတပ်သားများက ဝါရစ်ရွာထဲသို့ ဝင် ရောက်ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်မှစ၍ နေအိမ်များကို မီးရှို့ကာ ကျေးရွာနေပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၆၀ ခန့်ဖြင့် ဝါရစ်ရွာမှ ထွက်လာသော အ ကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါ အကြမ်းဖက်စစ်သားများနှင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၃၀ ခန့်ထပ်မံဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဂျိုးတောင်ရွာအနီး၌လည်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းစဉ် WY ဆေးပြားများ ကျခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်တွင် ချုံချင်းရွာအနီး၌ အင်အား ၁၀၀ ခန့်ရှိ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် တင် ဝါရစ်ရွာအနီး၌ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းအတွင်း ရောက် ရှိလာသော အကြမ်းဖက်စစ်သား ၁၀၀ ခန့်ပါစစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အ လှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးကာ ပြည် သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် လယ်သစ်ရွာဘက်သို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သကျက်တောကွင်း၌ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် လယ်သစ်အနောက်ရွာနှင့်အရှေ့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က MI 2 ရဟတ် ယာဉ်ဖြင့် ဗုံးသီး အလုံး ၂၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် သားပေါက်လှေ ၂ စီး၊ ကျောက်တင်လှေ ၇ စီးဖြင့် ဝါရစ်ရွာဘက်သို့ အကြမ်းဖက်စစ်သား ၁၀၀ ကျော် တက်လာကာ ညနေ ၃ နာရီအချိန်တွင် မွေ့ရှောင်ရွာ ဘုန်းကြီး ကျောင်း တောင်မှ လယ်သစ်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်စစ်သားများ ဝါရစ်ရွာ စာသင်ကျောင်း၊ ဝါရစ်ဂျိုးတောင်ကြားရှိတောင်ကုန်းတို့တွင် တပ်စွဲခဲ့ ကြောင်း သိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ဝါရစ်လှေဆိပ်၌ သားပေါက်လှေ ၂ စီး၊ စန်းသစ်ရွာ လှေဆိပ် ကျောက်တင် လှေ ၇ စီး၊ သထာရွာမှ ဖြတ်သွားသမျှ လှေကြီး၊ လှေငယ်များကို တားဆီးထားကြောင်း၊ ဩဂုတ်လ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လယ်သစ်ကျေးရွာဘက်သို့ အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းပြန် ထိုးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်သားများသည် ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် သပြေပင်ရွာမှ ဘုန်းကြီး တစ် ပါးနှင့် သထာရွာမှ အမျိုးသားနှစ်ဦးကို ဖမ်းခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် သပြေပင်ရွာ ဘုန်း ကြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် လယ်သစ်အနောက်ရွာသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သားများသည် လယ်သစ် အရှေ့ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ ပြီး အကြမ်းဖက်စစ်သားများက ညနေ ၄ နာရီ အချိန်တွင် လယ်သစ်အနောက်ရွာမှ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃ ရက်နေ့တွင် လယ်သစ်အနောက်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများ ပြည်သူ့နေအိမ်တံခါးများကို ရိုက်ဖွင့်ပြီး ပစ္စည်းများ ခိုးယူမွှေနောက် ခိုးယူကာ ဆုတ် ခွာသွားသဖြင့် ခနောင်ကြီးတောင်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၄ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်သားများသည် သထာရွာ တဖက်ကမ်းမှ လှေများဖြင့် ပြန်လည်ဆုတ်သွားကြောင်း သိရသည်။