မင်းအောင်လှိုင်က ရှမ်းမြောက်စစ်ပွဲအပါအဝင် ရှုံးနိမ့်မှုများအတွက် ပြည်ပနိုင်ငံများကို အပြစ်ဖို့၊ KNU ကစစ်ပွဲအသစ်စရန်ပြင်ဆင်နေသည်ဟုလည်း ငြီးတွား

by

in

မင်းအောင်လှိုင်က ရှမ်းမြောက်စစ်ပွဲအပါအဝင် ရှုံးနိမ့်မှုများအတွက် ပြည်ပနိုင်ငံများကို အပြစ်ဖို့၊ KNU ကစစ်ပွဲအသစ်စရန်ပြင်ဆင်နေသည်ဟုလည်း ငြီးတွား
Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြုံတွေ့နေရသည့် စစ်ပွဲများအပါအဝင် ၎င်း၏တပ်ဖွဲ့များ ကြုံတွေ့နေရသည့် ရှုံးနိမ့်မှုများသည် တော်လှန်ရေးတပ်များကို ပြည်ပနိုင်ငံများကပေးအပ်သည့် လက်နက်၊ နည်းပညာနှင့် ရိက္ခာများကြောင့်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ယနေ့ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စွပ်စွဲလိုက်သည်။
၎င်းကမည်သည့်နိုင်ငံဟု တိတိကျကျပြောဆိုခြင်းမရှိသော်လည်း အိမ်နီးချင်း တရုတ်နှင့်ထိုင်းနိုင်ငံနယ်စပ်များမှ ရရှိသည့်လက်နက်များကြောင့် သူ၏တပ်များအထိနာနေသည်ဟုဝန်ခံခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကိုးကန့်ဒေသနှင့် လားရှိုးမြို့တို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ် MNDAA အသုံးပြုခဲ့သည့် ဒရုန်းများ၊ ရှော့တိုက်ဒုံးများသည် ပြည်ပပညာရှင်များ၏ အကူအညီဖြသ့် အဆင့်မြှင့်ထားသည့် လက်နက်များဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
MNDAA ၏တိုက်ခိုက်ရေး ဒရုန်းများကို “ပြင်ပကြေးစားနည်းပညာရှင်”များက အကူအညီပေးကာ အဆင့်မြှင့်ထားသည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။
“(တရုတ်-မြန်မာနယ်စပ်မှာ ဒီလိုလက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အား များစွာလိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာကရရှိလာတာလဲဆိုတာ ဆန်းစစ်သွားရမှာလည်းဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်ကဆိုသည်။
ထို့အပြင် နိုင်ငံတောင်ပိုင်းမှ ခုခံသူတို့သည်လည်းထိုင်းနယ်စပ်မှ ရလာသည့် လက်နက်များကို အသုံးပြုနေသည်ဟု ၎င်းကဆိုသည်။
အခြားတစ်ဖက်တွင် အဘက်ဘက်မှ ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီသည် သူ၏တပ်များကို စစ်တောင်းမြစ်တဝိုက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ကစစ်ပွဲအသစ်စရန်ပြင်ဆင်နေသည်ဟုလည်း ငြီးတွားခဲ့သည်။
ထိုတိုက်ပွဲကို KNU တပ်မဟာ ၁၊၃၊ နှင့် ၅ တို့ပါဝင်တိုက်ခိုက်မည်ဟု သတင်းရသည်ဟု ၎င်းကဆိုသည်။
သူ၏စစ်ကောင်စီတပ်များကို အထိနာစေရန် ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA၊ ကချင်တပ် KIA ၊ ကရင်တပ် KNU ၊ ချင်းတပ် CNF ၊ ကရင်နီတပ်များဖြစ်သည့် KNDF၊ KNPP ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ် PDF တို့ကိုလည်း ၎င်းက အပစ်ဖို့ခဲ့သည်။
စစ်ခေါင်းဆောင်သည် ဇူလိုင် ၂၂ ရက်နေ့က သူ့ကိုယ်သူ ယာယီသမ္မတဟု ကြေညာခဲ့ပြီးနောက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီကို ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားသည်။
စစ်ကောင်စီ၏ယာယီသမ္မတဟု စစ်ခေါင်းဆောင်က ကြေညာအပြီး သတင်းနှစ်ပတ်ခန့်အကြာ သြဂုတ်လ ၃ ရက်နေ့တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်သည် ကိုးကန့်တပ် MNDAA လက်အောက်ကျသွားခဲ့သည်။
ထိုအဖြစ်အပျက်သည် မြန်မာစစ်တပ်တွင် သမိုင်းဝင်ရှုံးနိမ့်မှုဖြစ်ပြီး စစ်တပ်သမိုင်းတလျှောက် ပထမဆုံးသော စစ်တိုင်းတစ်ခုလုံး ဆန့်ကျင်တော်လှန်သူများလက်အောက် ကျရောက်မှုဖြစ်လာခဲ့သည်။

မြို့ပေါင်း ၇၅ မြို့ ဆုံးရှုံးထားတဲ့ မင်းအောင်လှိုင်က ရှမ်းမြောက်ကိုသာမက တစ်နိုင်ငံလုံး ပြန်ယူမယ်လို့ ကြွေးကြော်၊

ညီနောင်မဟာမိတ်အဖွဲ့တွေဟာ ပြည်တွင်းပြည်ပလောက်ကောင်တွေ ခိုင်းစေတာ လိုက်လုပ်နေတယ်လို့ စွပ်စွဲ

သက်တန့်/ MFP ၊ ဩဂုတ် – ၅

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် နိုင်ငံတစ်ဝန်း မြို့ပေါင်း ၇၅ မြို့ ဆုံးရှုံးထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်း အောင်လှိုင်က ရှမ်းမြောက်နဲ့အတူ တစ်နိုင်ငံလုံး ပြန်လည်သိမ်းပိုက်မယ်လို့ ဒီကနေ့ ညနေပိုင်းက ပြောကြားတဲ့ နိုင်ငံလုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်တဲ့ မိန့်ခွန်းမှာ ကြွေးကြော်လိုက်ပါတယ်။

“ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး ပြန်လည် အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဒီကနေ့ ဩဂုတ်လ ၅ ရက် ညပိုင်းကပြောကြားတဲ့ မိန့်ခွန်းမှာ မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးနီးပါး နယ်မြေတွေ ဆုံးရှုံးသွားတာဟာ ပြည်သူတွေ ဘေးကင်းဖို့ ဆုတ် ခွာပေးလိုက်ရတာ ဖြစ်သလို ပြည်တွင်းပြည်ပ လောက်ကောင်တွေကလည်း နောက်ကွယ်ကနေ ခိုင်းစေနေတယ်လို့ အပြစ်တင်ပါတယ်။

“ရှမ်းပြည်နယ် မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများရဲ့ လုံခြုံ ရေးနဲ့ လာရောက်ခိုလှုံနေတဲ့ နေရာများရဲ့ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ် ခွာခဲ့ရတာလည်း ရှိပါတယ်။ ဒါကို MNDAA နဲ့ TNLA သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ နောက်ကွယ်ကနေ အားပေး အားမြှောက်ပြုနေတဲ့ ပြည်တွင်း၊ ပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့ အလို ကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ၊ လုပ်ဆောင် နေ ပါတယ်”လို့ မင်းအောင်လှိုင်က ပြောပါတယ်။

လက်နက်ပိုင် ပဋိပက္ခကိုနိုင်ငံရေးအရ မဖြေရှင်းဘဲအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေတာတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းမြောက်သာ မဟုတ် ဘဲ တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ညီနောင် မဟာမိတ်သုံးဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ရှမ်း-မြောက် စစ်ဆင်ရေးတွေမှာ အကြီးအကျယ် ကျရှုံးနေသလို စစ်အုပ်စုအတွက် အရေးပါတဲ့ စစ်ဌာနချုပ်အပါအဝင် မြို့တွေ ၊ လေယာဉ်ကွင်းတွေပါ လက်လွှတ်ဆုံးရှုံးနေချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အခုလို မိန့်ခွန်းထွက်ပြီး ပြောလာတာဖြစ်ပါတယ်။

#Mandalay_Free_Press_MFP