နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတွင် အကြမ်းဖက်စစ်တပ် ထောက်ခံ ပွဲ နှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ရန် နေ့စားခရ စစ်တပ်ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ စတင်စုဝေးနေ

by

in

နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတွင် အကြမ်းဖက်စစ်တပ် ထောက်ခံ ပွဲ နှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်၊ နေ့စားခရ စစ်တပ်ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ တက်ရောက်
ရန်ကုန်၊ ဩဂုတ် ၆

နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံပွဲနှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ပြီး နေ့စားခရ လူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ တက်ရောက်ကြကြောင်း ရန်ကုန်နှင့်နေပြည်တော်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက MNDAA ဆန့်ကျင်ပွဲများ ပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြပွဲများအတွက် လိုအပ်သော လူများ သယ်ယူပို့ဆောင်ရေး ယာဉ်ကားများ စီစဉ်ပေးရန် ၊ ရေသန့်ဘူးနှင့်ထမင်းဘူးများ စီစဉ်ပေးရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် စစ်ကောင်စီများကို ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၉ နာရီအချိန် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဝါစိမ်းနီ အလံများ၊ စစ်တပ် အလံများ ကိုင်ဆောင်ထားသော စစ်တပ်ထောက်ခံသူများက MNDAA ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
“ပုံမှန်ဆိုရင် ဘဏ်က ကားတွေက မြို့တော်ခန်းမနားကားပါကင်မှာရပ်တာ။ ဒီနေ့တော့ သူတို့ ဆန္ဒပြပွဲတွေရှိလို့ ကားတွေ အခြား မှာရပ်ရတယ်။ မနက်က လာတော့ ဝါစိမ်းနီအလံနဲ့ လူတွေ အများကြီးပဲ တဖြည်းဖြည်း စုနေကြတာတွေ့တယ်။ MNDAA ကို ဆန့်ကျင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ပိုစတာတွေလည်းတွေ့ရတယ်” ဟု အဆိုပါ ဝန်ထမ်းက ရှင်းလင်းပြောဆိုသည်။
ထို့ပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ဆန့်ကျင်ရှုတ်ချပွဲအတွက် စစ်ကောင်စီထောက်ခံသူများက လူစုနေကြပြီး နံနက် ၁၀ နာရီအချိန်တွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံသော စစ်တပ်လော်ဘီနှင့် အမျိုးသားရေးအစွန်းရောက် နောင်တော်လေး၊ ဇော်ဘုန်းဟိန်း၊ စံဝင်းတို့က ဟော ပြောခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတွင် အကြမ်းဖက်စစ်တပ် ထောက်ခံ ပွဲ နှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ရန် နေ့စားခရ စစ်တပ်ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ စတင်စုဝေးနေ

ရန်ကုန်၊ ဩဂုတ် ၆

နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံပွဲနှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ရန် နေ့စားခရ လူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ စတင်စုဝေးနေကြောင်း ရန်ကုန်နှင့်နေပြည်တော်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက MNDAA ဆန့်ကျင်ပွဲများ ပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြပွဲများအတွက် လိုအပ်သော လူများ သယ်ယူပို့ဆောင်ရေး ယာဉ်ကားများ စီစဉ်ပေးရန် ၊ ရေသန့်ဘူးနှင့်ထမင်းဘူးများ စီစဉ်ပေးရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် စစ်ကောင်စီများကို ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၉ နာရီအချိန် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဝါစိမ်းနီ အလံများ၊ စစ်တပ် အလံများ ကိုင်ဆောင်ထားသော လူများ တဖြည်းဖြည်း လူစုနေကြောင်း ရန်ကုန်မြို့ MFTB ဘဏ်မှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“ပုံမှန်ဆိုရင် ဘဏ်က ကားတွေက မြို့တော်ခန်းမနားကားပါကင်မှာရပ်တာ။ ဒီနေ့တော့ သူတို့ ဆန္ဒပြပွဲတွေရှိလို့ ကားတွေ အခြား မှာရပ်ရတယ်။ မနက်က လာတော့ ဝါစိမ်းနီအလံနဲ့ လူတွေ အများကြီးပဲ တဖြည်းဖြည်း စုနေကြတာတွေ့တယ်။ MNDAA ကို ဆန့်ကျင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ပိုစတာတွေလည်းတွေ့ရတယ်” ဟု အဆိုပါ ဝန်ထမ်းက ရှင်းလင်းပြောဆိုသည်။

ထို့ပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ဆန့်ကျင်ရှုတ်ချပွဲအတွက် စစ်ကောင်စီထောက်ခံသူများက လူစုနေကြပြီး နံနက် ၁၀ နာရီအချိန်တွင် ဆန္ဒပြပွဲ လုပ်ကြမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံသော စစ်တပ်လော်ဘီနှင့် အမျိုးသားရေးအစွန်းရောက် နောင်တော်လေး၊ ဇော်ဘုန်းဟိန်း၊ စံဝင်းတို့က ဟော ပြော မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ထောက်ခံသော မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)