Author: admin

  • နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

    by

    in

    နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း) အောက်တိုဘာ ၂၂၊ ၂၀၂၄ နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်တန်းသားအသစ် ၂၀၀ ကို စစ်သင်တန်းပေးမယ် အောက်တိုဘာ ၁၅ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်တန်းသားအသစ် ၂၀၀ ကို စစ်သင်တန်းပေးမယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) ရုံးအဖွဲ့မှူးက မြို့တော်ကို ပြောပါတယ်။ “လောလောဆယ်တော့ ရောက်လာတဲ့ သင်တန်းသားအသစ်တွေကို အခြေခံသင်တန်းတွေ ပေးနေတာတွေရှိတယ်။ ထပ်ပြီးတော့ တပ်ဖွဲ့ရဲ့ ဌာနကြီး ၄ ခုအတွက် သင်တန်းသား ၂၀၀ လောက်ကို သင်တန်းပေးဖို့ ရှိပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) ရုံးအဖွဲ့မှူးက ပြောပါတယ်။…

  • မြဝတီမြို့စောင့်တပ်ကို စစ်တပ်က လေထီးဖြင့်လူအင်အားပို့ခြင်း မဟုတ်၊ ခဲယမ်းများသာပို့

    မြဝတီမြို့စောင့်တပ်ကို စစ်တပ်က လေထီးဖြင့်လူအင်အားပို့ခြင်း မဟုတ်၊ ခဲယမ်းများသာပို့

    by

    in

    မြဝတီမြို့စောင့်တပ်ကို စစ်တပ်က လေထီးဖြင့်လူအင်အားပို့ခြင်း မဟုတ်၊ ခဲယမ်းများသာပို့ ဒီးဒီ/People’s Spring မြဝတီမြို့စောင့်တပ် အမှတ်(၂၇၅)ခြေလျင်တပ်ရင်းကို စစ်ကောင်စီက လေကြောင်းမှတဆင့်လေထီးဖြင့် လက်နက်ခဲယမ်းများဖြည့်တင်းမှုပြုလုပ်ခဲ့ကြောင်း ကရင်ပြည်နယ်ရှိ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။ အောက်တိုဘာ ၂၀ရက်က မြဝတီမြို့ရှိ (၂၇၅)ခြေလျင်တပ်ရင်းကို စစ်ကောင်စီက Y-8 လေယာဥ်အသုံးပြုပြီး လေထီးဖြင့် လက်နက်ခဲယမ်း၊ ယူနီဖောင်းနှင့် ဆေးဝါးများ ချပေးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူများက ပြောသည်။ ” လေထီးနဲ့ လူချပေးတာ မဟုတ်ဘူး။ ပေါက်ကွဲစေတဲ့အရာတွေဆို လေထီးနဲ့ ချတယ်။ မိုင်းတို့ ဗုံးတို့ ခဲယမ်းတို့ဆို သူက လေထီးနဲ့ ချပေးတာ။ အခြား ဆေးဝါးတို့ စားစရာတို့ကို ဒီတိုင်းအထုပ်လိုက် ပစ်ချတာ”ဟု ကရင်ပြည်နယ်ရှိ…

  • အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ============================= ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ  ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်

    အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ============================= ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်

    by

    in

    အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ============================= ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက် ———————————————————————– ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ၊…

  • စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သား သစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ

    စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သား သစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ

    by

    in

    စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သား သစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ ရန်ကုန်၊ အောက်တိုဘာ ၂၂ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး သင်တန်းဆင်း တပ်သားသစ်များအားလုံးကိုလည်း ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် မေလမှစတင်၍ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန်က အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက လစဉ် စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် လူ ၅၀၀၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်…

  • မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး

    မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး

    by

    in

    မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၂၁ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်၊ ၁၄ မိနစ်၊ ၄၈ မိနစ်နှင့် ၆…

  • ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ

    ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ

    by

    in

    ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ ရန်ကုန်၊ အောက်တိုဘာ ၂၁ ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များအပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့…

  • ဘုတလင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျ

    ဘုတလင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျ

    by

    in

    ဘုတလင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျ ရန်ကုန်၊ အောက်တိုဘာ ၂၁ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျခဲ့ကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။ အောက်တိုဘာလ ၁၁ ရက်နေ့မှ…

  • “ရန်ကုန်အထူးသတိ ဒီည 12:00နာရီကစမှာပါဖြစ်နိုင်ရင်အပြင်မထွက်ကျပါနဲ့မိုးရေချိန်၁၀လက်မကျော်တောင်”

    “ရန်ကုန်အထူးသတိ ဒီည 12:00နာရီကစမှာပါဖြစ်နိုင်ရင်အပြင်မထွက်ကျပါနဲ့မိုးရေချိန်၁၀လက်မကျော်တောင်”

    by

    in

    “ရန်ကုန်အထူးသတိ ဒီည 12:00နာရီကစမှာပါဖြစ်နိုင်ရင်အပြင်မထွက်ကျပါနဲ့မိုးရေချိန်၁၀လက်မကျော်တောင်” ၂၄နာရီအတွင်း လပွတ္တာ ငပုတော ပုသိမ် ချောင်းသာ ငွေဆောင် ရွှေသောင်ယံ သာပေါင်း ကန်ကြီးထောင့် ဒါးက အိမ်မဲ ကျောင်းကုန်း အသုတ် ကျူံပျော် အထောင် ရေကြည် ငါးသိုင်းချောင်း အိုင်သပြု လေးမျက်နှာ မြို့ကွင်း ကွင်းကောက် အင်္ဂပူ မဲဇလီကုန်း ထူးကြီးမြို့ အင်ပင် ဘက်ရဲ ကနောင် မြန်အောင် ကြံခင်း ထုံးဘို ဥသျှစ်ပင် ပန်းတောင်း ဆင်တဲ ရွှေတောင် ပြည် ဒေသတွေမှာ မိုးကြီးနိုင်ပါတယ် ISSUED TIME 21/10/2024 5:27pm(MMT) #တိကျမှန်ကန် Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆. ၂၄နာရီအတွင်း ဧရာဝတီတိုင်း ပဲခူးတိုင်းအနောက်ပိုင်း နှင့် ရခိုင်ပြည်နယ်​…

  • ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆  အတွက် စစ်သားများအဖြစ် စုဆောင်း

    ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း

    by

    in

    ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း ရန်ကုန်၊ အောက်တိုဘာ ၂၁ ရန်ကုန်တိုင်းအတွင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို အမှု ပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်းခဲ့ကြောင်း ရန်ကုန်တိုင်းရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုအောက်တိုဘာလအတွင်း စတင်ဖွင့်လှစ်နေသည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းတချို့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အချုပ်သား အမျိုးသားများကို အမှုပယ်ဖျက်ပေးပြီး တပ်သားသစ်များအဖြစ် စုဆောင်းခဲ့ကြောင်း၊ အမှုပယ်ဖျက်ပေးခဲ့သော အချုပ်သားမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊…

  • ပွင့်ဖြူတွင် စစ်သား စုဆောင်းနေသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်အိမ်ကို မိုင်းခွဲမှု  မြို့မရဲစခန်းမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်ဘက်မှ  ၅ ဦး အပြင်းအထန် ဒဏ်ရာရ

    ပွင့်ဖြူတွင် စစ်သား စုဆောင်းနေသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်အိမ်ကို မိုင်းခွဲမှု မြို့မရဲစခန်းမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်ဘက်မှ ၅ ဦး အပြင်းအထန် ဒဏ်ရာရ

    by

    in

    ပွင့်ဖြူတွင် စစ်သား စုဆောင်းနေသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်အိမ်ကို မိုင်းခွဲမှု မြို့မရဲစခန်းမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်ဘက်မှ ၅ ဦး အပြင်းအထန် ဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၂၁ မကွေးတိုင်း၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်က စစ်မှုထမ်းဥပဒေ ထမ်းဆောင်ရန်အတွက် အတင်းအဓမ္မ လူစာရင်းကောက်ခံခြင်းအပါအဝင် ပြည်သူများကို စိတ်ဒုက္ခရောက်စေသော ဆိုးရွားသည့် လုပ်ရပ်များ လုပ်ဆောင်သည့်အတွက် ၎င်း၏ အိမ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မြို့မ ရဲစခန်းမှူးအပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ပွင့်ဖြူမြို့၊…