Author: admin

  • CDFထန်တလန်စစ်ဦးစီးချုပ်  မြို့သိမ်းတိုက်ပွဲတွင်ကျဆုံး

    CDFထန်တလန်စစ်ဦးစီးချုပ် မြို့သိမ်းတိုက်ပွဲတွင်ကျဆုံး

    by

    in

    CDFထန်တလန်စစ်ဦးစီးချုပ် မြို့သိမ်းတိုက်ပွဲတွင်ကျဆုံး လူအေး ၊ဟန်​နွေ /People’s Spring ချင်း​ကာကွယ်ရေးတပ် (CDF) ထန်တလန်စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) သည် ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်များထံမှသိရသည်။ ဆလိုင်းရမ်ဇာရ် (Ram Zel) သည်အောက်တိုဘာ ၁၂ ရက်က ထန်တလန်မြို့ပေါ် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့တိုက်ပွဲမှာလက်နက်ကြီးထိတာပါ” ဟု ချင်းကာကွယ် ရေးရဲဘော်တစ်ဦးကပြော သည်။ ဆလိုင်းရမ်ဇာရ်ကျဆုံးခြင်းနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ” ချင်းမြေတည်တံ့၊တည်ရှိ‌နေသ၍ Generation အဆက်ဆက်မှာ သူရဲကောင်းကြီးရဲ့အမည်နာမ မပျောက်ပျက်စေရဘူး။ ငြိမ်းချမ်းစွာ အနားယူနှင့်ပါ” ဟု လူမှုကွန် ရက်၌ရေးသားထားသည်။ CDF ထန်တလန် စစ်ဦးစီးချုပ် ကျဆုံးမှု…

  • စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ်

    စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ်

    by

    in

    စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ် အောက်တိုဘာ ၁၃၊ The Nation Voice သတင်း – 555 စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် ချန်နယ်တွေမှာတော့ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးအပြန်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဖော်ပြကြပါတယ်။ “ဒီရက်ပိုင်းမှာသတင်းတွေက သူတို့စစ်ဘောမတွေအချင်းချင်း ရန်ဖြစ်တဲ့ပုံစံတွေနဲ့တင်ကြတယ်။ အဲဒီသတင်းလည်းပြီးရော ဦးတေဇခြံရောင်းတဲ့သတင်း ထပ်ပြီးတက်လာတယ်။ ခုသတင်းကတော့ နောက်ဆက်တွဲသတင်းတစ်ပုဒ်ပါပဲ။ သူတို့ဘက်က‌ ပြောခွင့်ရတဲ့သူကဖမ်းထားလား။ မဖမ်းထားဘူးလားဆိုတာ ရှင်းပါလိမ့်မယ်။ ဒီလိုလူမျိုးတွေကို လွယ်လွယ်နဲ့ဖမ်းလို့ မရပါဘူး”လို့ အငြိမ်းစားအရာရှိကြီးတစ်ဦးက The Nation Voice ကိုပြောပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ ‌စစ်ထောက်ချုပ်ဟောင်းတစ်ဦးရဲ့သားဖြစ်ပြီး ဦးသန်းရွှေရဲ့…

  • ထန်တလန်မြို့ တိုက်ပွဲမှာ CDF-ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံး၊ ဒဏ်ရာရသူ ၄၀ ကျော် ရှိပြီး အရေးပေါ် ဆေးဝါး အကူအညီ လိုအပ်နေ၊

    ထန်တလန်မြို့ တိုက်ပွဲမှာ CDF-ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံး၊ ဒဏ်ရာရသူ ၄၀ ကျော် ရှိပြီး အရေးပေါ် ဆေးဝါး အကူအညီ လိုအပ်နေ၊

    by

    in

    ထန်တလန်မြို့ တိုက်ပွဲမှာ CDF-ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံး၊ ဒဏ်ရာရသူ ၄၀ ကျော် ရှိပြီး အရေးပေါ် ဆေးဝါး အကူအညီ လိုအပ်နေ၊ ကိုသူ/MFP၊ အောက်တိုဘာ – ၁၃ ချင်းပြည်၊ ထန်တလန်မြို့မှာ အောက်တိုဘာလ ၁ရက်က စတင် ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ချင်းကာကွယ်ရေးတပ် – CDF- ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၄၀ ကျော် ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ထန်တလန်မြို့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ ၁ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၁၃ရက်အထိ…

  • Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်  ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ

    Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ

    by

    in

    Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ ရန်ကုန်၊ အောက်တိုဘာ ၁၃ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို ယနေ့ နံနက်ပိုင်း တော်လှန် ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သေ ဆုံးနိုင်ခြေရှိကြောင်း Golden Valley Warriors တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden…

  • ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက်သေ (ရုပ်/သံ)

    ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက်သေ (ရုပ်/သံ)

    by

    in

    ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက်သေ (ရုပ်/သံ) အောက်တိုဘာ ၁၃၊ ၂၀၂၄ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။ MA-3 သေနတ် ၃ လက်၊ 7.62 ကျည် ၁၂၀ တောင့်၊ 5.56 ကျည် ၆၀၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ ဓား ၁ လက်၊ စကားပြောစက် ၁ လုံး၊ 79 သီး ၆…

  • မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက်တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများအဖြစ်သာရှိသင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

    မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက်တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများအဖြစ်သာရှိသင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

    by

    in

    မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက်တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများအဖြစ်သာရှိသင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို ရန်ကုန်၊ အောက်တိုဘာ ၁၃ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက် တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများ အဖြစ်သာရှိသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ အောက်တိုဘာလ ၉ ရက်နေ့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ဆဋ္ဌမကော်မတီ၏ “လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများ (Crimes Against Humanity)” အထွေထွေ…

  • ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့်  ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးကို စစ်ခုံရုံးက စွဲချက်တင်

    ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးကို စစ်ခုံရုံးက စွဲချက်တင်

    by

    in

    ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးကို စစ်ခုံရုံးက စွဲချက်တင် ရန်ကုန်၊ အောက်တိုဘာ ၁၃ ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်းလမ်းဆုံရှိ ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင် ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးထက်မနည်းကို စစ်ခုံရုံးက စွဲချက်တင်ထားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလဆန်းပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ…

  • မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမတ ၃၁၈ တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

    မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမတ ၃၁၈ တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

    by

    in

    မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမတ ၃၁၈ တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး ရန်ကုန်၊ အောက်တိုဘာ ၁၂ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၈ တပ်စခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ ၁၀ နာရီ မိနစ် ၃၀ အချိန်အထိ မုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၈ တပ်စခန်းကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း…

  • ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

    ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

    by

    in

    ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး… အောက်တိုဘာ ၁၂ ၊ ၂၀၂၄ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၁၀ရက်၊ မနက်ပိုင်းက ရမည်းသင်းမြို့နယ်၊ ပေပင်ရှည်ရွာနဲ့ ကျောက်အိုးလေးရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာအနီးအနားရှိ ကျေးရွာတွေခဲ သန်းခေါင်စာရင်းလိုက်လံကောက်ယူနိုင်ဖို့ ရှေ့ပြေးကင်းထွက်လာရင်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကျောက်အိုးလေး ကျေးရွာ…

  • AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း

    AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း

    by

    in

    AA အမ်းနပခ အနီးရှိစစ်စခန်းနှစ်ခုကိုထပ်သိမ်း လူအေး/People’s Spring ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်(နပခ)၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာကို သိမ်းယူပြီးနောက်၅ ရက်အကြာတွင် အာရက္ခတပ်တော်(AA)က ခမရ(၃၇၃)နှင့်အမြောက်ကုန်းကိုပါ ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၇၃)နှင့် အမြောက်ကုန်ဟု ဒေသခံများက ခေါ်သည့် ကမ်းဒိတ်တောင်စခန်းကိုအောက်တိုဘာ လ၁၁ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟု သိရသည်။ “စစ်တက်ဘက်က ဆုတ်သွားတာ။ AAက အဆက် မပြတ် ပစ်နေတာ။ ၃၇၃ နဲ့ ကမ်းဒိတ်တောင်စခန်းကို မ‌နေ့က ရတာပါ။ လေကြောင်းကနေ စစ်တပ်က ပစ်တယ်။ ဒီနေ့အထိ ပစ်တယ်” ဟု ဒေသခံစစ်ရေးသတင်းမြစ်တစ်ဦး အောက်တိုဘာလ၁၂ရက် နေ့လည် ၁၂နာရီခန့်တွင် လူထု​နွေဦးသို့ပြော သည်။ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် အမ်းမြို့ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ထဲသို့သွားရောက်…