Author: admin
-
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဝင်အချို့ကြိုး ပမ်းမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဝင်အချို့ကြိုး ပမ်းမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့ ဧပြီ ၁၄၊ ၂၀၂၅။ အီယိုရီ/People’s Spring အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ရက်တွင် Al Jazeera သ တင်းဌာနက စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို နေပြည်တော်၌ သွား ရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ပြည်တွင်းထဲရှိ NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် ကြိုးစားခဲ့သည့် အခြေအနေကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်တွင်းထဲမှာ NLD ပါတီဝင်တွေ ရှိတယ်။ သူတို့သည် မှတ်ပုံတင်ချင်တယ်။ မှတ်ပုံတင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို…
-
ယူကေနိုင်ငံရှိ မြို့ ၂ မြို့တွင် ပြုလုပ်သည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲမှ ဒေါ်လာ ၁ သိန်းကျော်ရရှိ
ယူကေနိုင်ငံရှိ မြို့ ၂ မြို့တွင် ပြုလုပ်သည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲမှ ဒေါ်လာ ၁ သိန်းကျော်ရရှိ ရန်ကုန်၊ဧပြီ ၁၄ မြန်မာငလျင်ဘေးသင့်သူများ ကူညီရေးအတွက် UK နိုင်ငံ မြို့ ၂ မြို့၌ ပြုလုပ်သော တော်လှန်သင်္ကြန်ဈေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (ကျပ်သိန်း ၄ ထောင်ခန့်) ရရှိခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ဒေါက်တာသက်ကိုကိုက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ လန်ဒန်မြို့နှင့် မန်ချက်စတာမြို့တို့တွင် တော်လှန်သင်္ကြန်ဈေးရောင်းပွဲတော်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ငလျင်ဘေး နှင့် တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးသွားသူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် တစ်မိနစ်ငြိမ်သက်အလေးပြုခြင်းတို့လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ဈေးရောင်းပွဲတော်များမှ ရရှိသည့်ရန်ပုံငွေအချို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနထံလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
-
ဧရာဝတီတိုင်းတွင် အေးသင်္ကြန်ဟုအမည်ပြောင်း၍ လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက အရက်တောင်းသောက်နေ
ဧရာဝတီတိုင်းတွင် အေးသင်္ကြန်ဟုအမည်ပြောင်း၍ လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက အရက်တောင်းသောက်နေ ဧရာဝတီတိုင်းမ် ဧပြီ ၁၄ ရက် ဧရာဝတီတိုင်းဝန်ကြီးချုပ်က သင်္ကြန်ပွဲကို အေးသင်္ကြန်ဟုအမည်ပေးပြီး လမ်းလျှောက်သင်္ကြန်ပြု လုပ်ကာ သင်္ကြန်ပွဲဆင်နွှဲရေကစားနေကြကြောင်း သိရသည်။ ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ဝန်မဏ္ဍပ်ကို ယမန် နေ့ ဧပြီ ၁၃ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ကာ ဖွင့်ပွဲပြုလုပ်ပြီး ယနေ့ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင်လည်း ဝန်ကြီးချုပ်၊ မြို့နယ်မှူး၊ ခရိုင်မှူး၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါမကျန် သင်္ကြန်ပွဲပြုလုပ်နေကြကြောင်း သိရသည်။ ငလျင်ဒဏ်သင့်ပြည်သူများကို စာနာသောအားဖြင့် ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများရှိ ပြည်သူများ သင်္ကြန်ပွဲပြုလုပ်ခြင်းမရှိသည့်အချိန်တွင် စစ်ခေါင်းဆောင်ဦးဆောင်ပြီး နေပြည်တော်၌ အေးသင်္ကြန်၊ လမ်းလျှောက်သင်္ကြန်များပြုလုပ်နေကာ ဧရာဝတီတိုင်း၌လည်း တိုင်းဝန်ကြီးချုပ်ဦးဆောင်ကာ သင်္ကြန်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။ ပုသိမ်မြို့တော်ဝန်မဏ္ဍပ်တွင် စတုဒီတာကျွေးမွေးသည့်နေရာကို…
-
အာဏာသိမ်းစစ်အုပ်စု ပျော်ရွှင်စွာ သင်္ကြန်ပွဲ ကျင်းပသည့် နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်
အာဏာသိမ်းစစ်အုပ်စု ပျော်ရွှင်စွာ သင်္ကြန်ပွဲ ကျင်းပသည့် နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ် ဧပြီ ၁၄၊ ၂၀၂၅ သင်္ကြန်ပွဲ ပျော်ရွှင်စွာ ကျင်းပကြတဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုပြီး သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က ဝန်ထမ်းအိမ်ရာအများစုမှာ ငလျင်ဒဏ်ကို သိသာခံစားခဲ့ရပြီး အထက်မြင့် အဆောက်အဦးတွေပေါ်ကနေ အချိန်မီပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇.၆ ကီလိုမီတာကိုဗဟိုပြု၍…
-
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ပြော
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ပြော ဧပြီ ၁၃၊၂၀၂၅။ဟန်နွေ/People’s Spring မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားသည်။ ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခါသမယ နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်ကို ရန်ကုန်မြို့ရှိ အမေရိန်ကန်သံရုံးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၈ရက်က လှုပ်ခတ်သော ငလျင်အပြီးတွင် ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်၌ပါရှိပြီး ခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေကြောင်း ဖော်ပြသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့်…
-
အာဆီယံ နဲ့ မြန်မာစစ်ခေါင်းဆောင် ဧပြီ ၁၈ ရက် ဘန်ကောက်မှာ တွေ့ဆုံမည်
အာဆီယံ နဲ့ မြန်မာစစ်ခေါင်းဆောင် ဧပြီ ၁၈ ရက် ဘန်ကောက်မှာ တွေ့ဆုံမည် ~~~ ◼ အာဆီယံခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရှားရှားပါးပါး တွေ့ဆုံမှာဖြစ်ပြီး မြန်မာပြည်တွင်းစစ် နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ The Straits Times သတင်းက ဖော်ပြပါတယ်။ “အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကပြောပါတယ်။ ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာတွေပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်လို့ အန်နဝါ အီဘရာဟင်က ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးမှာ…
-
ခြောက်ကပ်နေသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရေး ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းနှင့်မိသားစုကို သွားရောက်လည်ပတ်ရန် ဌာနဆိုင်ရာများက ဖိအားပေးနေ
ခြောက်ကပ်နေသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရေး ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းနှင့်မိသားစုကို သွားရောက်လည်ပတ်ရန် ဌာနဆိုင်ရာများက ဖိအားပေးနေ ရန်ကုန်၊ ဧပြီ ၁၄ လည်ပတ်သူမရှိဘဲ ခြောက်ကပ်နေသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရေးအတွက် သွားရောက်လည်ပတ်ရန် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းနှင့်မိသားစုကို ဌာနဆိုင်ရာများက ဖိအားပေးနေကြောင်း နေပြည်တော်မှ ဝန်ထမ်းမိသားစုဝင် တချို့က ပြောဆိုသည်။ ယမန်နေ့် ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ယင်းနောက် Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကိုလည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ သွားရောက်လည်ပတ်ရန် ဌာနဆိုင်ရာ အကြီးအကဲများက ဖိအားပေးနေကြောင်း သိရှိရသည်။ “ဘယ်မှမသွားရင်တောင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို သွားဖို့ ပြောတယ်။ ကလေးတွေ လူငယ်တွေရော မိသားစုလိုက်…
-
ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုသိမ်းထားပြီး လက်ကျန် စကခ(၂၁)ဌာနချုပ် သိမ်းနိုင်ရေးကြိုးပမ်းနေဟု KIAပြော ▪️KIAနယ်မြေကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါး ပြုလုပ်
ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုသိမ်းထားပြီး လက်ကျန် စကခ(၂၁)ဌာနချုပ် သိမ်းနိုင်ရေးကြိုးပမ်းနေဟု KIAပြော ▪️KIAနယ်မြေကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါး ပြုလုပ် ဧပြီ ၁၄၊၂၀၂၅။ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း KIO/KIAသတင်းပြန်ကြားရေးဌာနက ဧပြီ ၁၃ရက် ညပိုင်းတွင် သတင်းဖော်ပြသည်။ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်း အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။ KIA ပူးပေါင်းတပ်က ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ စခန်းအများစုကို တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီး ကျန်နေသည့် စကခ(၂၁)ဌာနချုပ် အပါအဝင် ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း KIAက လက်ရှိ စစ်ရေးအခြေအနေကို…
-
မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်မှ ၁၈ မိုင်စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်
■Photo News ဧပြီ-၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring. မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်မှ ၁၈ မိုင်စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲပြန်ရဲဘော်များကို ဒေသခံများက သပြေ ပန်းများဖြင့် ကြိုဆိုခဲ့ကြ သည်။အဆိုပါ စခန်းကို မိနစ်၂၀အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းကဧပြီလ ၁၂ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ ဓါတ်ပုံ-ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်း၊ တပ်ခွဲ (၃)
-
စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ်
စစ်ကိုင်းငလျင်ကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့သော်လည်း နေပြည်တော်တွင် မင်းအောင်လှိုင်က သင်္ကြန်ပွဲလုပ် ပျော်ပါး၊ စိုးဝင်းနှင့်စစ်ဗိုလ်ချုပ်များအားလုံး သနပ်ခါး အလိမ်းခံခဲ့ကြပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ပြင်ပသို့ မပြန့်စေရန် တားမြစ် ရန်ကုန်၊ ဧပြီ ၁၄ စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့ပြီး အပျက်အစီးကြီးမားခဲ့သော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အရာရှိကြီးများမှာ နေပြည်တော်တွင် သင်္ကြန်ပွဲ ပြုလုပ် ပျော်ပါးကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးများမှာ ဧပြီလ ၁၃ ရက်နေ့ နေပြည်တော်မြို့တော် ဝန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့ကို သွား ရောက်ဖွင့်လှစ်ပြီး ရေပက်ခံခြင်း၊ အလှပြကားများဖြင့် လှည့်လည်ပြသမှုကို ကြည့် ရှုခြင်း၊ ရေပက်ကစားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နေပြည်တော်တွင် သနပ်ခါးလိမ်းသရုပ်ဖော်မှုများ ပြုလုပ်ခဲ့ရာတွင်…