မလေးရှားသည် သြဂုတ်လ ၁ ရက်မှစ၍ လုပ်သားများအတွက် အခြေခံ လစာ RM1,700 သတ်မှတ်မည်

မလေးရှားသည် သြဂုတ်လ ၁ ရက်မှစ၍ လုပ်သားများအတွက် အခြေခံ လစာ RM1,700 သတ်မှတ်မည်

လစာအနည်းဆုံး RM1,700 ကို နိုင်ငံတစ်ဝှမ်းရှိ လုပ်ငန်းရှင်အားလုံးအတွက် သြဂုတ်လ ၁ ရက်မှ သတ်မှတ် မ ည်ဟု လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်

ဝန်ထမ်း ၅ ဦးထက်နည်းသော လုပ်ငန်းရှင်များအတွက် ခြောက်လကြာ ခွင့်ပြုချိန်သည် ယခုလအတွင်း သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်

“အခြေခံ လစာကို သတ်မှတ်မူ ကို ပေးချေခြင်း ​မပြုပါက

၂၀၁၁ ခုနှစ် အမျိုးသားလစာညွှန်ကြားရေးကောင်စီ ဥပဒေပြဋ္ဌာန်းချက်အရ ပြစ်မှု မြောက်သည်ဟု သတ်မှတ်ခံရမည်ဖြစ်သည်

အမှုထင်ရှားပါက လုပ်ငန်းရှင်သည် ဝန်ထမ်းတစ်ဦးချင်းစီအတွက် အများဆုံး RM10,000 ချမှတ်ခံရမည်

ထို့အတူ ပြစ်ဒဏ်ခံယူပြီးတိုင် ဆက်လက်ပြီးကျုးလွန်ပါက RM1,000 ပေါင်းထည့်ကာ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်

“နောက်ထပ်ပြစ်မှုများအတွက် အများဆုံး ဒဏ်ငွေသည် RM20,000 သို့မဟုတ် အများဆုံး ၅ နှစ်ထောင်ချုပ်စခန်းတွင် ထိန်းသိမ်းခံရနိုင်သည်” ဟု
သတ်မှတ်ထားသည်