Author: admin

  • လပခတိုက်ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဟု ပြောက်ကျားအဖွဲ့ပြော

    လပခတိုက်ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဟု ပြောက်ကျားအဖွဲ့ပြော

    by

    in

    လပခတိုက်ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဟု ပြောက်ကျားအဖွဲ့ပြော သတိုး/People’s Spring မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း ပြောက်ကျားအဖွဲ့ Brave Warriors Myanmar (BWM) အဖွဲ့၏တာဝန်ရှိသူက ပြောသည်။ လပခကို စက်တင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲတွင် BWM၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌ရှော့တိုက်ဒုန်း ၆ လုံးအနက် လပခအတွင်းသို့ လေးလုံးကျရောက်ခဲ့သည်ဟု ဆိုသည်။ “၂ လုံးက ဘားတိုက်ထိပြီးဘားတိုက်မှာ စခ ၆ ဦးသေတယ်။သေတဲ့ ၆ယောက်ထဲမှာ လပခထဲက ဒုတပ်ရင်းမှူးတစ်ယောက်ပါသွားတယ်လို့ သိရတယ်။ ၂၀ ဒဏ်ရာ ရပြီး အဲထဲမှာ…

  • စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

    စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

    by

    in

    စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို အောက်တိုဘာ ၂၊ ၂၀၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွါးပြီး အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့၊ မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ အထိုင်ချထားတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို မန္တလေးဘက်က ထီးတော်မိုးတပ် ၊ တပ်မ၄၄ ၊ ၉၅ တပ် ပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်…

  • နေပြည်တော်၊ ဒက္ခိဏသီရိတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၊ သရက်မြို့နှင့်အင်္ဂပူမြို့နယ်တွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေ

    နေပြည်တော်၊ ဒက္ခိဏသီရိတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၊ သရက်မြို့နှင့်အင်္ဂပူမြို့နယ်တွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေ

    by

    in

    နေပြည်တော်၊ ဒက္ခိဏသီရိတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၊ သရက်မြို့နှင့်အင်္ဂပူမြို့နယ်တွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေ ရန်ကုန်၊ အောက်တိုဘာ ၂ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ဝင်း ဦးဆောင်ပြီး လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မျက်မြင်ကြုံတွေ့ရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက်ပိုင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝင်း လိုက်ပါသော စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မာရဝိဇယျ ဘုရားဘက်အခြမ်းတွင် လမ်းများပိတ်၍ လူငယ်မှန်သမျှကို ဝင်ရောက် ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရာတွင် လူငယ်နှင့်အမျိုးသားများကို တရားခံများ ဖမ်းဆီးသကဲ့သို့ လက်များ ခေါင်းပေါ် တင်ခိုင်းကာ ခြေထောက်ဖြင့် ကန်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “ဒက္ခိဏသီရိ အုပ်ချုပ်ရေးမှူး နိုင်ဝင်း…

  • “နေပြည်တော်လို အရေးကြီးတဲ့မြို့ကြီးကို မြို့သိမ်းပွဲစတော့မှာမို့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တော်လှန်ရေးတပ်တွေ ပြောပြီ❗️😍”

    “နေပြည်တော်လို အရေးကြီးတဲ့မြို့ကြီးကို မြို့သိမ်းပွဲစတော့မှာမို့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တော်လှန်ရေးတပ်တွေ ပြောပြီ❗️😍”

    by

    in

    “နေပြည်တော်လို အရေးကြီးတဲ့မြို့ကြီးကို မြို့သိမ်းပွဲစတော့မှာမို့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တော်လှန်ရေးတပ်တွေ ပြောပြီ❗️😍”

  • ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ

    ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ

    by

    in

    ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ ရန်ကုန်၊ ကချင်ပြည်နယ်၊ ချီဗွေခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဆော့လော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ချီဖွေခရိုင်၊ ဆော့လောမြို့နယ်ရှိ ဆော့လော် မြိုနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်း၊ ပြည်သူ့စစ် စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိထားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။ “ဆော့လော်မြို့မှာတော့ စစ်ခွေး ကင်းစင်သွားပါပြီ။ တပ်စခန်းတွေအားလုံးကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။ စစ်ခွေး…

  • ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ

    ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ

    by

    in

    ဘုတလင်တိုက်ပွဲ စစ်​ကောင်စီတပ် ၃၅ဦး​​ကျော်သေ၊၄၃ ဦးအရှင်ဖမ်မိ ၊လက်နက်မျိုးစုံ ၅၇လက် နှင့်ခဲယမ်းများသိမ်းဆည်းရရှိ(ရုပ်သံ) ▪︎”အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ” -တာဝန်ရှိသူ (မုံရွာခရိုင်အမှတ်၂၀တပ်ရင်း BOB) ဒီပ/People’s Spring ဘုတလင်မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃၅ ဦး​​ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့​ကြောင်း မုံရွာခရိုင်အမှတ်(၂၀) တပ်ရင်း က​အောက်တိုဘာ ၁ ရက်ညတွင် ထုတ် ပြန်သည်။ စက်တင်ဘာလ(၃၀)ရက်နေ့ ဘုတလင်မြို့နယ် ကူတော်ရွာရှိစစ်​ကောင်စီတပ် စခန်းကုန်းသို့ မြေပြင်စစ်ကူလာသော အင်အား(၈၀)ကျော် ပါစစ်ကူစစ်ကြောင်းသည် ဘုတလင်မြို့သို့ ပြန်လည်ဆုတ်ခွာရာ တော်လှန်ရေးတပ်ပေါင်းစုများက ဘုတလင်-ကူတော် လမ်းတဝက်တစ်နေရာတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီ ၄၃မိနစ်မှ ညနေ…

  • နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ စက်ရုံများမှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ရေမျာ ပျက်စီးခဲ့

    နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ စက်ရုံများမှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ရေမျာ ပျက်စီးခဲ့

    by

    in

    နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ စက်ရုံများမှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ရေမျာ ပျက်စီးခဲ့ ရန်ကုန်၊ အောက်တိုဘာ ၂ နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ မှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ပျက်စီးခဲ့ရကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းမှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့် တောင်ကျချောင်းရေများ မျောပါမှုများတွင်…

  • နေ့စဉ်မိုးလေဝသသတင်း —————————  (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

    နေ့စဉ်မိုးလေဝသသတင်း ————————— (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

    by

    in

    ၁-၁၀-၂၀၂၄ ရက်နေ့ ည ၇ နာရီအချိန် မိုးလေဝသ သတင်း နေ့စဉ်မိုးလေဝသသတင်း ————————— (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) =========================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။…

  • KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး လေ့ကျင်ရေး သင်တန်းအချိန် ရေထဲမျောပါ သေဆုံးမှု ကြိုတင် ပြင်ဆင်မှု မရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှု ပေါ့လျော့ခြင်းကြောင့်ဟု စိစစ်တွေ့ရှိရ

    KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး လေ့ကျင်ရေး သင်တန်းအချိန် ရေထဲမျောပါ သေဆုံးမှု ကြိုတင် ပြင်ဆင်မှု မရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှု ပေါ့လျော့ခြင်းကြောင့်ဟု စိစစ်တွေ့ရှိရ

    by

    in

    KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး လေ့ကျင်ရေး သင်တန်းအချိန် ရေထဲမျောပါ သေဆုံးမှု ကြိုတင် ပြင်ဆင်မှု မရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှု ပေါ့လျော့ခြင်းကြောင့်ဟု စိစစ်တွေ့ရှိရ ရန်ကုန်၊ အောက်တိုဘာ ၁ ကရင်နီပြည်တွင် KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး ရေထဲမျောပါ သေဆုံးခြင်းသည် ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှုများ ပေါ့လျော့မှုများကြောင့်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ယနေ့ ထုတ်ပြန်လိုက်သည်။ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင် တန်း သားများက သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ်…

  • သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး သတင်းပေးပို့ကြရန် တိုက်တွန်း

    သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး သတင်းပေးပို့ကြရန် တိုက်တွန်း

    by

    in

    သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး သတင်းပေးပို့ကြရန် တိုက်တွန်း ရန်ကုန်၊ အောက်တိုဘာ ၁ ပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာ တိုက်ပုံးအစီအစဉ် စတင်လိုက်ပြီဖြစ်ပြီး ဝင်ရောက်ပါဝင်ပေးပို့ကြပါရန် ဖရဲသီးစာတိုက်ပုံး အစီအစဉ် တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖရဲသီးစာတိုက်ပုံး ဖရဲသီးစာတိုက်ပုံး ဆိုသည်မှာ စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများ၊ ဌာန တွင်း သတင်းများ၊ စစ်ရေးသတင်းများ သတင်းအချက်အလက်များစွာကို တော်လှန်ရေး အင်အား စုများထံသို့ လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် ပေးပို့နိုင်မည့် နည်းပညာတခုဖြစ်ကြောင်း သိရ သည်။ ဖရဲသီးစာတိုက်ပုံးကို Time Zone မတူညီသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ…