Author: admin

  • မန္တလေး‌ဒေသခံများ စစ်ရေးသတိရှိရန် PDF တိုက်တွန်း

    မန္တလေး‌ဒေသခံများ စစ်ရေးသတိရှိရန် PDF တိုက်တွန်း

    by

    in

    စစ်ကောင်စီအတွက် အရေးပါတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့ကို သိမ်းယူဖို့ တော်လှန်ရေးတပ်တွေဆီမှာ စီမံချက်ရှိထားပြီး ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ မတ္တရာ PDF ခေါင်းဆောင်တယောက်က တိုက်တွန်းလိုက်ပါတယ်။ ၁၀၂၇ ဒုတိယလှိုင်း ပြန်လည်စတင်ခဲ့တဲ့ ဇွန် ၂၅ ရက်ကနေ လက်ရှိအချိန်အထိ အချိန်တိုအတွင်းမှာ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီစခန်းအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး မန္တလေးမြို့ကို သိမ်းယူဖို့အထိ ဖိအားပေးနေတာ ဖြစ်ပါတယ်။ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ရေးအရ အရေးပါနေတဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့ကို နယ်မြေထိန်းချုပ်ဖို့ အရေးပါတဲ့ စစ်တိုင်းဒေသ ဖြစ်နေတာကြောင့် ဩဂုတ် ၂၅ ရက်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် လပခကို လာရောက်ပြီး ကွပ်ကဲခဲ့တာကို တွေ့ရပါတယ်။ မတ္တရာ…

  • “စုစုစံသတိပေးထားတဲ့အတိုင်းဘဲစူပါမုန်တိုင်းကြီးအရမ်းကြမ်းကားတွေကောလူတွေပါအကုန်လွင့်ထွက်နေပြီ ရုပ်သံ”

    “စုစုစံသတိပေးထားတဲ့အတိုင်းဘဲစူပါမုန်တိုင်းကြီးအရမ်းကြမ်းကားတွေကောလူတွေပါအကုန်လွင့်ထွက်နေပြီ ရုပ်သံ”

    by

    in

    ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းကို Category 3 မုန်တိုင်းအဆင့် YAGI TYPHOON 120mph ဖြင့် ဝင်ရောက်တိုက်ခတ်နေတာဖြစ်ပါတယ် Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 06/09/2024 မနေ့က တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို SUPER TYPHOON ဝင်ရောက်ခဲ့စဥ်က China today ရဲ့ မိုးကြီးလှိုင်းကြီး ရေပြင်း မှတ်တမ်းဖြစ်ပါတယ် Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 Cat4+more နာဂစ်ကဲ့သို့ပြင်းထန်နိုင်တယ်လို့ကြိုတင်ခန့်မှန်းပေးခဲ့တဲ့ super typhoon YAGI ကတော့ ကားတွေပါလွင့်စင်အောင်တိုက်ခတ်နေပါတယ် Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 powerful typhoon YAGI တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 ဗီယက်နမ်မြောက်ပိုင်း…

  • ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

    ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

    by

    in

    ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက် ရန်ကုန်၊ စက်တင်ဘာ ၆ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်‌ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ပန်ဝါဒေသ၊ လဂွေကျေးရွာအနီး လဂွေ-ဖရဲ (Phare) လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်…

  • KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ

    KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ

    by

    in

    KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ ……… ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်ချက်ဖြင့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်တွင် ယနေ့ပျံ့နှံ့လာသည်။ ၄၃စက္ကန့် ကြာမြင့်သည့် ထိုရုပ်သံထဲတွင် KIA စစ်သားတစ်ဦးက ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးလက်နက်ဖြင့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ရာ၊ ထိမှန်ပြီး ရဟတ်ယာဉ်ပျက်ကျသွားသည်ကို မြင်တွေ့ရသည်။ ထိုရုပ်သံဖိုင်သည် ယခုနှစ် ဇန်နဝါရီ ၃ရက်က ဝိုင်းမော်မြို့နယ်၊ ဖော့ဒေါ့ကျေးရွာအုပ်စု၊ နာဖော့ဒေသရှိ တပ်စခန်းတစ်ခုသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို ပစ်ချခဲ့သည့်ဖြစ်စဉ် ဖြစ်ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။ ရုရှားထုတ် အလတ်စား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် MI-17 ပျက်ကျခဲ့သည့် အထက်ပါ ဖြစ်စဉ်တွင် စစ်ကောင်စီ၏ လေတပ်အရာရှိများဖြစ်ကြသော အသက် ၄၂နှစ်အရွယ် ဗိုလ်မှူးဇော်မျိုးသန့်၊ အသက်…

  • ရန်ကုန်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာ

    ရန်ကုန်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာ

    by

    in

    ရန်ကုန်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာ ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်မြို့ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်း တောင်းခံခဲ့ပြီး ငွေကြေး မပေးနိုင်သူများ စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း…

  • မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ  ရောင်နီ

    မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ ရောင်နီ

    by

    in

    မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ ရောင်နီ (မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA)တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဂုံးတံတားအောက်တွင် တည်ရှိသည့် စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ည ၈နာရီ ၂၇ မိနစ်တွင် လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခြင်းဟုဆိုသည်။ “ ယာဉ်ထိန်းရုံးအထဲကို ပစ်ထည့်ခဲ့တာပါ။ ရုံးထဲမှာ စစ်သားရော ရဲရော အကုန်ရှိပါတယ်။ ပစ်ပြီးပြီးချင်း အထဲကနေ မီးခိုးတွေ အူထွက်လာတာ တွေ့ခဲ့ရတယ်။” ဟု YUPA တာဝန်ရှိသူက ပြောသည်။ ထိခိုက်မှုအခြေအနေကို စုံစမ်းနေပြီး တိုက်ခိုက်ခဲ့သည့်အချိန်တွင်…

  • လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး  ပြည်သူအချို့အဖမ်းခံရ

    လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး ပြည်သူအချို့အဖမ်းခံရ

    by

    in

    လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး ပြည်သူအချို့အဖမ်းခံရ “လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး အော်ဟစ်ဆဲ ဆိုနေပါတယ်၊၊ အရိုက်ခံရတာကို ကြည့်ပြီးမခံနိုင်လို့ လူတစ်ဦးက အုပ်ချုပ်ရေးမှူး ခေါင်းကို ဝင်ရိုက်သွားတယ်၊၊အုပ်ကြီး ခေါင်းကွဲသွားပါတယ်၊၊ရိုက်တဲ့သူက တော့ ထွက်ပြေးသွားပြီးအိမ်ရှိ ကျန်ခဲ့တဲ့ မိသားစုဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားတယ်”-ပြည်သူတစ်ဦး ရဲခေါင်/People’s Spring ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။ ကြာသာပ​တေး​နေ့(စက်တင်ဘာ ၅) ည ၉ နာရီခန့်က ဇေယျသိဒ္ဓိ(၄)လမ်းတွင် လက်တွန်းလှည်းများဖယ်ရှားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသိန်းမြင့်ဦးက အော်ဟစ်ကြိမ်းမောင်း၍ ပြည်သူအချို့ကိုပါးရိုက်​သော​ကြောင့် လမ်းတွင်နေထိုင်သူတစ်ဦးက မခံနိုင်၍ တုတ်ဖြင့်ရိုက်နှင်ခဲ့ခြင်းဟုသိရသည်။ “လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး…

  • နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

    နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

    by

    in

    နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန် ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီစျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် 92 နှင့် 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာလျှင် ၁၂၅ ကျပ်နှုန်းမြင့်တက်သွားပြီး ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျပ်ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။ ယနေ့ ရန်ကုန်မြို့တွင် သတ်မှတ်ထားသော စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၂၁၅ ကျပ်၊ 95 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၃၅၅ ကျပ် ပေါက်စျေးရှိပြီး ဓာတ်ဆီ…

  • ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

    ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

    by

    in

    ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ ရန်ကုန်၊ စက်တင်ဘာ ၆ ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်က ထုတ်ပြန်ကြေညာသည်။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့…

  • ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပုသိမ်မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက်ဖြစ်လာ

    ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပုသိမ်မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက်ဖြစ်လာ

    by

    in

    ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပုသိမ်မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက်ဖြစ်လာ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၅ ရက် ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာလအစပိုင်းမှစတင်ပြီး စစ်ကောင်စီက ပေါ်တာဆွဲတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် ညပိုင်းအပြင်ထွက်သူမရှိသလောက်နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ် #Ayeyarwaddy_Times