KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ

by

in

KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ
………

ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်ချက်ဖြင့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်တွင် ယနေ့ပျံ့နှံ့လာသည်။
၄၃စက္ကန့် ကြာမြင့်သည့် ထိုရုပ်သံထဲတွင် KIA စစ်သားတစ်ဦးက ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးလက်နက်ဖြင့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ရာ၊ ထိမှန်ပြီး ရဟတ်ယာဉ်ပျက်ကျသွားသည်ကို မြင်တွေ့ရသည်။
ထိုရုပ်သံဖိုင်သည် ယခုနှစ် ဇန်နဝါရီ ၃ရက်က ဝိုင်းမော်မြို့နယ်၊ ဖော့ဒေါ့ကျေးရွာအုပ်စု၊ နာဖော့ဒေသရှိ တပ်စခန်းတစ်ခုသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို ပစ်ချခဲ့သည့်ဖြစ်စဉ် ဖြစ်ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။
ရုရှားထုတ် အလတ်စား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် MI-17 ပျက်ကျခဲ့သည့် အထက်ပါ ဖြစ်စဉ်တွင် စစ်ကောင်စီ၏ လေတပ်အရာရှိများဖြစ်ကြသော အသက် ၄၂နှစ်အရွယ် ဗိုလ်မှူးဇော်မျိုးသန့်၊ အသက် ၃၃နှစ်အရွယ် ဗိုလ်ကြီးကောင်းစံသိဏ်း၊ အသက် ၃၁နှစ်အရွယ် ဗိုလ်ကြီး စိုးပိုင်ကျော်၊ အသက် ၄၂နှစ်အရွယ် ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ အသက် ၃၆နှစ်အရွယ် ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး၊ အသက် ၃၇နှစ်အရွယ် ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး၊ အသက် ၃၁နှစ်အရွယ် ဦးစီးတပ်ကြပ်ကြီး ဝေယံဦး နှင့် အသက် ၂၃နှစ်အရွယ် ဦးစီးတပ်ကြပ်ကြီး စွမ်းထက်အောင် တို့ သေဆုံးခဲ့သည်။
မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီသည် လေကြောင်းကို အဓိကအားထားပြီး၊ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ဗုံးကြဲတိုက်ခိုက်နေသည်။