Author: admin
-
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်တပ်၏ C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်တပ်၏ C 3 စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား ရန်ကုန်၊ ဒီဇင်ဘာ ၅ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း ဟားခါးမြို့နှင့်ထန်တလန်မြို့အကြား စစ်တပ်၏ C 3 စစ်စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ အဆိုပါ စစ်ကောင်စီတပ်၏ C3 တောင်ကုန်းစခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယင်းစခန်းသည် စစ်ရေးအရ အရေးပါကြောင်း၊ ဗျူဟာကျသည့်တပ်စခန်းကုန်းတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်၏ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားကြောင်း၊ ချင်းပြည်အစိုးရတပ်များက ဝင်ရောက်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။ “အော်တိုတောင်ကုန်းဆိုတာ ရှိတယ်။ အဲဒီ စခန်းကုန်းကို C3…
-
မန္တလေး ပြည်ကြီးတံခွန် ရပ်ကွက်ရုံး ဗုံးခွဲခံရ
မန္တလေး ပြည်ကြီးတံခွန် ရပ်ကွက်ရုံး ဗုံးခွဲခံရ ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်ရုံး ဒီနေ့ ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်ပစ်ခတ်သံအချို့ကို ည၁၁ နာရီ မထိုးခင် အထိ ကြားနေရတယ်လို့ ရပ်ကွက်နေ ပြည်သူ့အချို့ထံကသိရပါတယ်။ ဒီနေ့ညပိုင်း ၆ နာရီခန့်က (ဇ) ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ လို့ ရပ်ကွက်နေပြည်သူ့အချို့က ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ရပ်ကွက်ရုံးရှေ့ က လမ်းကို ပိတ်လိုက်ပြီး ည ၁၀ နာရီ ၄၅ မိနစ်အချိန် အထိ သေနတ်ပစ်ဖောက်တာတွေကို ကြားခဲ့ရတာလို့ သိရပါတယ်။ ” အခုထိ (ည ၁၀နာရီ ၄၀မိနစ်)သေနတ်နဲ့ရမ်းပစ်နေသလို အော်ဆဲနေတာ၊ စစ်သားတွေတော့ မတွေ့ဘူး၊လူမိုက်ပျူစောထီးတွေပဲ”လို့ ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။…
-
ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်း ၇ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်၀ိုက်တွင် တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ
ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်း ၇ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့တစ်၀ိုက်တွင် တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိ ရန်ကုန်၊ ဒီဇင်ဘာ ၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် ဗန်းမော်တက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာ ၇ ခုထက်မနည်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ရှိအချိန်အထိ ဗန်းမော်မြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခလရ ၄၇ ၏ ကာကင်းစခန်းများဖြစ်သော ညောင်ပင်သာ…
-
နွားထိုးကြီးမြို့နယ်၊ လုံးတောနှင့် သမန်းတောရွာ အကြားရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိ
နွားထိုးကြီးမြို့နယ်၊ လုံးတောနှင့် သမန်းတောရွာ အကြားရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိ ရန်ကုန်၊ ဒီဇင်ဘာ ၄ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လုံးတောရွာနှင့် သမန်းတောရွာ အကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁…
-
NUG ဝန်ကြီးနှင့်ဒုဝန်ကြီးများ အညာမြေနှင့် စစ်မြေပြင်များသို့ ကွင်းဆင်းနေပြီး ဒေသပြည်သူများနှင့်တွေ့ဆုံ
NUG ဝန်ကြီးနှင့်ဒုဝန်ကြီးများ အညာမြေနှင့် စစ်မြေပြင်များသို့ ကွင်းဆင်းနေပြီး ဒေသပြည်သူများနှင့်တွေ့ဆုံ ရန်ကုန်၊ ဒီဇင်ဘာ ၄ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးနှင့်ဒုဝန်ကြီးများမှာ အညာမြေနှင့် စစ်မြေပြင်များသို့ ကွင်းနေပြီး ဒေသပြည်သူလူထုနှင့်တွေ့ဆုံမှုများ လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်တူးဖော်ခွင့်လိုင်စင်ဖြင့် ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များကို NUG- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဝန်ကြီး ဒေါက်တာတူးခေါင်က NUGအစိုးရ၏ တရားဝင်တူးဖော်ခွင့်လိုင်စင်ဖြင့် ပြုလုပ်လျက်ရှိသည့် အလတ်စား ရွှေတူးဖော်ရေးလုပ်ကွက်များကို သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ရေဆိုးရေညစ်စွန့်ပစ်သည့် ပုံစံများ စံချိန်ညီ၊ မညီ နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးတို့ကို အဓိကထား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဝန်ကြီး…
-
မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ ရန်ကုန်၊ ဒီဇင်ဘာ ၄ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ရဲခေါင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် – လှော်ကား တာဆုံအနီးရှိ အကြမ်းဖက်…
-
NUG ဝန်ကြီးများတော်လှန်ရေးနယ်မြေများတွင် ရှိနေကြောင်း ဆက်တိုက်အသိပေး
NUG ဝန်ကြီးများတော်လှန်ရေးနယ်မြေများတွင် ရှိနေကြောင်း ဆက်တိုက်အသိပေး အိမ်သွင်/People’s Spring နိုင်ငံပြင်ပသို့ရောက်နေသည့် အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ပြန်လာရန်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြီးနောက် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့က ၎င်းတို့သည်တော်လှန်ရေးနယ်မြေများ၌ ရှိနေကြောင်းဓာတ်ပုံမှတ်တမ်းများဖြင့် ဆက်တိုက်ထုတ်ဖော်ပြသလာကြသည်။ NUGယာယီသမ္မတဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းကဲ့သို့တိုက်တွန်းပြီးနောက် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်၊ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်တို့က တော်လှန်ရေးနယ်မြေများ၌ရှိနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့်အသိပေးကြသည်။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်သည် မန္တလေး တိုင်းအတွင်း စစ်ဆင်ရေးနယ်မြေများတွင် PDF ရဲဘော်များနှင့်တွေ့ဆုံနေသည့် ဓာတ်ပုံမှတ်တမ်းများအား လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက နိုဝင်ဘာ ၃၀ ရက်၌ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့သည်။ ဦးရည်မွန်သည် ယခင်ကလည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည် နယ်မှ စစ်ဆင်ရေးနယ်မြေများသို့ မကြာခဏသွားရောက်ခဲ့သည်ကို မှတ်တမ်းဓါတ်ပုံများ…
-
ကြို့ပင်ကောက်မြို့တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
ကြို့ပင်ကောက်မြို့တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြို့မတောင် ရပ်ကွက် အုပ်ချူပ်ရေးမှူး ခင်မောင်ဝင်းနှင့် ရာအိမ်မှူး အောင်ထွန်းတို့ ကြို့ပင်ကောက်မြို့ ရုံးလမ်းထောင့် ဆိုင်ကယ်ကယ်ရီဂိတ် အနီးတွင် စကားထိုင်ပြောနေစဉ်…
-
အမ်းမြို့ကို အာရက္ခတပ်တော်ထိန်းချုပ် ▪︎နပခ ဌာနချုပ်တစ်ခုသာကျန်ပြီး မကြာမီသိမ်းယူနိုင်မည်ဟုဒေသခံအချို့ပြောကြား
အမ်းမြို့ကို အာရက္ခတပ်တော်ထိန်းချုပ် ▪︎နပခ ဌာနချုပ်တစ်ခုသာကျန်ပြီး မကြာမီသိမ်းယူနိုင်မည်ဟုဒေသခံအချို့ပြောကြား အိမ်သွင်/People’s Spring အမ်းမြို့တွင် အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ) မှ အပ ကျန် စစ်ကောင်စီတပ်စခန်းများအားလုံးကို အာရက္ခတပ်တော်( AA)ကသိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကာ နပခ ဆက်လက်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။ “အမ်းမြို့တမြို့လုံးကို AAက ထိန်းချုပ်ထားပါပြီ။ နပခပဲ ကျန်တော့တယ်။ ဒါက နောက်ဆုံးအခြေ အနေ။ စစ်တပ်က လေကြောင်းကတောက်လျှောက်ပစ်နေတယ်။ မြို့ထဲကအိမ်တွေထိထားတယ်”ဟု မြို့အနီးတွင် စစ်ဘေးရှောင်နေရသည့်ဒေသခံတဦးကပြောသည်။ အမ်းမြို့သိမ်းတိုက်ပွဲကို AAကစက်တင်ဘာလ ၂၆ရက်တွင် စတင်ခဲ့သည်။အမ်းမြို့တွင် နပခအပါအဝင် စစ်ကောင်စီတပ်ရင်းစခန်း ၁၈ခုရှိသည့်အနက် ၈ ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း AAက နိုဝင်ဘာလ ၁၃ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ ခြေမြန်တပ်ရင်း ခမရ (၃၇၃)၊ အမြောက်တပ်ရင်း အမတ (၃၇၄)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ(၇၅၇)၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (၃၄၅)၊ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း တစသ…
-
ရန်ကုန်မြို့ လှိုင်သာယာနှင့် ရွှေပြည်သာတွင် စစ်တပ်နှင့်ပူးပေါင်းကာ အလုပ်သမားများအပေါ် ဖိနှိပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံကို ဗုံးခွဲ သတိပေး
ရန်ကုန်မြို့ လှိုင်သာယာနှင့် ရွှေပြည်သာတွင် စစ်တပ်နှင့်ပူးပေါင်းကာ အလုပ်သမားများအပေါ် ဖိနှိပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံကို ဗုံးခွဲ သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၄ ရန်ကုန်မြို့ လှိုင်သာယာနှင့် ရွှေပြည်သာတွင် စစ်တပ်နှင့်ပူးပေါင်းကာ အလုပ်သမားများအပေါ် ဖိနှိပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ရုံကို ဗုံးဖြင့် ဖောက်ခွဲသတိပေးခဲ့ကြောင်း The Grand Unsung (TGU) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီအချိန် လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် Thun Than Win ဖိနပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်၊သာဓုကံစက်မှုဇုံရှိ တရုတ်ပိုင် ပေါင်ချိန်စက်ရုံတို့သည် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ အလုပ်သမားများကို ဖိနှိပ်နေ၍ သတိပေးသည့်အနေဖြင့်…