Author: admin
-
ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ
ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ ရန်ကုန်၊ မေ ၈ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ယနေ့ မွန်းလွဲပိုင်း ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၉ မိနစ်အချိန် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အရှေ့တောင်ဘက် ၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ…
-
ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ်
ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ် ရန်ကုန်၊ မေ ၈ ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်သည်။ မေလ ၇ ရက်နေ့ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို MNA လေယာဉ်ဖြင့် မြန်မာစစ်တပ်က သွား ရောက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား ၆…
-
မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း
မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း ရန်ကုန်၊ မေ ၈ မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရုရှားကကြိုဆိုပုံ ဘယ်လိုကွာလဲ ————– နက်ဖန်မှာပြု လုပ်မယ့် ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားတက်ရောက်ဖို့နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က မနေ့ညက မော်စကိုမြို့ကို ရောက်လာခဲ့ပါတယ်။ ဒီခရီးစဥ်မှာ တရုတ်နဲ့ ရုရှားတို့ နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချုပ်တွေလည်း ရေးထိုးမယ်လို့သိရပါတယ်။ အလားတူဒီအခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း မနေ့ညက မော်စကိုမြို့ကို ရောက်ရှိခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲ စစ်ရေးပြအခမ်းအနားကို မြို့တော် မော်စကိုက ရင်ပြင်နီမှာ…
-
လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း
လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း ရန်ကုန်၊ မေ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် လက် နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အလောင်းမရရှိဘဲ သေဆုံးနှင့် ပျောက်ဆုံး စာရင်းဝင်ထားသော အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူဇနီးများနှင့် မိသားစုဝင်များအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့် လစာ ထုတ်ပေးမှုများ ရပ်ဆိုင်းထားကြောင်း သိရှိရသည်။ ကိုးကန့် MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် လားရှိုးမြို့နှင့် ရမခကို MNDAA က…
-
AA နှင့် ဆက်ဆံရေးအပေါ် စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အမျိုးသားလုံခြုံရေးအကြံပေး ပယ်ချ
AA နှင့် ဆက်ဆံရေးအပေါ် စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အမျိုးသားလုံခြုံရေးအကြံပေး ပယ်ချ ရန်ကုန်၊ မေ ၈ အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများက ဖော်ပြသည်။ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ယူဆလျှင် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က မေလ ၆ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိကြားဖြတ်အစိုးရအဖွဲ့သည် နယ်စပ်ဒေသများတွင် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး…
-
TNLA သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ ထွက်ပြေးလာရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ယာယီရုံးများ ဖွင့်လှစ်ပေးပြီး ယန္တရားဆက်လက်လည်ပတ်ခိုင်း၊ သိမ်းပိုက်ခံထားရသော မြို့နယ်များသို့ အချိန်မရွေး ပြန်ဝင် အုပ်ချုပ်နိုင်ရန် အသင့်ပြင်ခိုင်း
TNLA သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ ထွက်ပြေးလာရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ယာယီရုံးများ ဖွင့်လှစ်ပေးပြီး ယန္တရားဆက်လက်လည်ပတ်ခိုင်း၊ သိမ်းပိုက်ခံထားရသော မြို့နယ်များသို့ အချိန်မရွေး ပြန်ဝင် အုပ်ချုပ်နိုင်ရန် အသင့်ပြင်ခိုင်း ရန်ကုန်၊ မေ ၈ ၁၀၂၇ စစ်ဆင်ရေးဖြင့် တအာင်း TNLA က သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ ထွက် ပြေး တိမ်းရှောင်ခဲ့ရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ပြန် လည်စုစည်းခေါ်ယူနေပြီး မြို့နယ်များသို့ ပြန်လည်ဝင်ရောက် အုပ်ချုပ်စီမံနိုင်ရေး ပြင်ဆင်ထားရန် ထပ်မံ ညွှန်ကြားလာကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလအတွင်း…
-
တနင်္သာရီနှင့် ကျွန်းစု အစပ်ရှိ စစ်တပ်၏ ရှေ့တန်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား အားလုံးစခန်း စွန့်ခွာထွက်ပြေး
တနင်္သာရီနှင့် ကျွန်းစု အစပ်ရှိ စစ်တပ်၏ ရှေ့တန်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား အားလုံးစခန်း စွန့်ခွာထွက်ပြေး ရန်ကုန်၊ မေ ၇ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား အားလုံးစခန်း စွန့်ခွာထွက်ပြေးသွားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မေလ ၆ ရက်နေ့ နံနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကို…
-
ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင် တိုက်ပွဲတွင် အင်အား ၈၀ ကျော်ပါ တပ်မ ၉၉ စစ် ကြောင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး လိပ်ခမော်ရွာအနီး စစ်တပ်စခန်းကို AA က သိမ်းပိုက်ဟုဆို
ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင် တိုက်ပွဲတွင် အင်အား ၈၀ ကျော်ပါ တပ်မ ၉၉ စစ် ကြောင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး လိပ်ခမော်ရွာအနီး စစ်တပ်စခန်းကို AA က သိမ်းပိုက်ဟုဆို ရန်ကုန်| မေ ၇ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ရှိ စစ်တပ်ကာကင်းစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၈၀ ကျော်ပါ တပ်မ ၉၉ စစ်ကြောင်းမှာ အဆက်အသွယ်ပြတ်တောက်သွားကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ရှိ စစ်တပ်က ကာကင်းစခန်းတစ်ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် ယင်းစခန်းနှင့် ပတ်ဝန်းကျင်တွင် တပ်ဖြန့်ထားသော အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းမှာ အဆက်အသွယ်မရတော့ဘဲ…
-
အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အမေရိကန် ပြည်ထောင်စုမှ ထိရောက်သော ထောက်ခံမှုရရေး တခါကမြန်မာတွင် ဆေးခြောက်နွယ်ဝင် အပင်များကို စိုက်သောကြောင့် အဖမ်းခံရဖူးသည့် အမေရိကန်စီးပွားရေးသမားတဦးကို အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ ဂျွန်ဖရက်ဒရစ် တိုဒိုရိုကီ ကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ အထူးသံတမန်အဖြစ် NUG ယာယီသမ္မတ ဒူဝါလရှီလက ဧပြီလ ၄ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ဧရာဝတီသတင်းဌာနက ဖတ်ရှုရသည့် ခန့်အပ်စာအရ သိရသည်။ ကနဦးခန့်အပ်မှုသည် ချက်ခြင်း အသက်ဝင်သည့် ၆ လ ကာလဖြစ်ပြီး သက်တမ်းတိုးနိုင်ကာ လစာမဲ့ ဖြစ်ကြောင်း ထိုစာတွင် ဖေါ်ပြထားသည်။ တိုဒိုရိုကီသည် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် မြန်မအတွက် လူသားချင်းစာနာမှု အကူအညီ အပါအဝင် ဘဏ္ဍာရေးနှင့် ရုပ်ဝတ္တုထောက်ပံ့မှုရရေးအတွက်…
-
🚨 စစ်မှုထမ်းအပါတ်စဥ် ၁၀ သင်တန်းဆင်းတွေ တိုက် ခိုက်ရေးတပ်တွေဆီ ဦးစားပေးပို့
🚨 စစ်မှုထမ်းအပါတ်စဥ် ၁၀ သင်တန်းဆင်းတွေ တိုက် ခိုက်ရေးတပ်တွေဆီ ဦးစားပေးပို့ #dvbtvnews #digitalfirst ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက စစ်သင်တန်း ကျောင်းတွေမှာ မေလ ၄ ရက်ကစပြီး စစ်မှုထမ်း အပါတ်စဥ် ၁၀ သင်တန်းဆင်းခဲ့ပြီး သင်တန်းဆ င်းတပ်သားသစ်တွေကို တိုက်ခိုက်ရေးတပ်ကို ဦး စားပေးပိုတယ်လို့ သိရပါတယ်။ မေလ ၄ ရက်က ရန်ကုန်စစ်သင်တန်းကျောင်း ၄ ကျောင်းက အပါတ်စဥ် ၁၀ သင်တန်းဆင်းတပ် သားသစ်တွေကို တပ်မ ၁၁ နဲ့ တပ်မ ၇၇ လက် အောက်ခံတပ်တွေကို အင်အားဖြည့်ပို့ဆောင်တ ယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့နီးစပ်တဲ့ သတင်း အရင်းအမြစ်က ပြောပါတယ်။ “အရင်က လက်ရုံးတပ်တွေ ရွေးခွင့်ရှိသေးတယ် အခုမရဘူး တပ်မတွေအကုန်လုံးမှာ တပ်သားသ စ်တွေလိုနေတာဆိုတော့…