Author: admin
-
ရန်ကုန်တွင် ငလျင်လှုပ်၊ အထပ်မြင့်တွင်နေသူအချို့ လမ်းမပေါ်ပြေးဆင်း ■လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီးဗဟိုပြု၍ ရစ်ချ်တာစကေး ၃.၇ ရှိသောငလျင်လှုပ်ခြင်းဖြစ်
ရန်ကုန်တွင် ငလျင်လှုပ်၊ အထပ်မြင့်တွင်နေသူအချို့ လမ်းမပေါ်ပြေးဆင်း ■လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီးဗဟိုပြု၍ ရစ်ချ်တာစကေး ၃.၇ ရှိသောငလျင်လှုပ်ခြင်းဖြစ် မေ ၆၊၂၀၂၅။နေ့သစ်/People’s Spring ရန်ကုန်မြို့၌ ယနေ့(aမေ ၆ရက်) ည ၁၀နာရီ ၅၆ မိနစ်တွင် ငလျင်လှုပ်ခတ်သွားပြီး စမ်းချောင်း၊ လှိုင်မြို့နယ်အပါအဝင် မြို့နယ်အချို့ အထက်မြင့်တိုက်ခန်းနေထိုင်သူများ လမ်းမပေါ်ပြေးဆင်းခဲ့ကြသည်။ ငလျင်သည် ည ၁၀နာရီခန့်က တစ်ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ၁၀နာရီ ၅၆ မိနစ်တွင် လှုပ်သောငလျင်မှာ သိသိသာသာခံစားလိုက်ရ၍ လမ်းမပေါ်သို့ ထွက်နေခြင်းဖြစ်ကြောင်း စမ်းချောင်းတွင်နေထိုင်သူ တစ်ဦးက ပြောသည်။ “မြို့ထဲမှာလည်း လှုပ်တယ်တဲ့။ ၁၅ လမ်း ၊ ၁၇ လမ်း လူတွေအများကြီးပဲတဲ့။ ဒီညတော့ မအိပ်ရဲတော့ဘူး။”ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ “မစိုးရိမ်တိုက်တုန်းကတောင် ပထမတစ်ခါလှုပ်ပြီးတော့ ဆင်းပြေးရင်မှီတာကို…
-
မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှတို့နှင့်အတူ သားသမီးမြေးတချို့ပါ ရုရှားသို့ အလည်ခရီးအဖြစ် လိုက်ပါသွား
မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှတို့နှင့်အတူ သားသမီးမြေးတချို့ပါ ရုရှားသို့ အလည်ခရီးအဖြစ် လိုက်ပါသွား ရန်ကုန်၊ မေ ၇ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှ တို့နှင့်အတူ သားသမီး မြေးတချို့ပါ ရုရှားနိုင်ငံသို့ အလည်ခရီးအဖြစ် လိုက်ပါသွားပြီး ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ မိန်းမဖြစ်သူ ကြူကြူလှ တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံသို့ ယနေ့ နံနက်ပိုင်း ထွက်ခွာသွားခြင်းဖြစ်ပြီး မင်းအောင်လှိုင်၊ ကြူကြူလှတို့နှင့်အတူ သားသမီး မြေးတချို့ပါ လိုက်ပါသွားကြောင်း သိရှိရသည်။ “သူ့( မင်းအောင်လှိုင်) မြေးလေးတွေနဲ့…
-
ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများ သိသာစွာ ခံစားရ
ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများ သိသာစွာ ခံစားရ ရန်ကုန်၊ မေ ၇ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပြည်သူများ သိသာစွာ ခံစားရကြောင်း မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁ နာရီ ၂၇ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ ကျောက် ဆည်မြို့အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး…
-
မင်းအောင်လှိုင်က စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့် အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာ
မင်းအောင်လှိုင်က စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့် အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာ ရန်ကုန်၊ မေ ၇ တစ်နိုင်ငံလုံးနှင့်ပတ်သက် ဆက်စပ်နေသော စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို မင်းအောင်လှိုင်က ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်တပ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသော ဗိုလ် ချုပ်ကြီး ကျော်စွာလင်းသည် ၅ လနီးပါးကြာမြင့်လာချိန်တွင် စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲနှင့် လုပ်ပိုင်ခွင့်အများစုကို ရရှိလာကြောင်း၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဒုတပ်ချုပ် စိုးဝင်းထက်ပင် စစ်ဘက်ရေးရာများတွင် အရေးပါလာပြီး ဆုံးဖြတ်ခွင့်များပါ ပိုမိုရရှိလာကြောင်း သိရှိရသည်။ “ဒီ…
-
စောချစ်သူနှင့် သား နှစ်ဦးကို အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သော်လည်း၊ BGF စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ကျန်မိသားစုဝင်များ ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်မြောက်နေဆဲ
စောချစ်သူနှင့် သား နှစ်ဦးကို အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သော်လည်း၊ BGF စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ကျန်မိသားစုဝင်များ ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်မြောက်နေဆဲ ရန်ကုန်၊ မေ ၆ အမေရိကန်များကို ပစ်မှတ်ထားဦးတည်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် စစ်ကောင်စီလက်အောက်ခံ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ကရင်အမျိုးသားတပ်မတော် (KNA) ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်၊ ၎င်းတို့မိသားစုနှင့် မဟာမိတ်များသည် တရားမဝင်လောင်းကစားရုံများ၊ ဆိုက်ဘာလိမ်လည်လုပ်ငန်းများအပါအဝင် နိုင်ငံဖြတ်ကျော် ဒုစရိုက်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာ၏ အပြစ်ပေး အရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် လုပ်ကိုင်နိုင်ခဲ့မှုမှတဆင့် ကြွယ်ဝချမ်းသာလာခဲ့ခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့်လပိုင်းများအတွင်း တရုတ်၏…
-
ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်တည်ဆောက်မည်
ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်တည်ဆောက်မည် ရန်ကုန်၊ မေ ၆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA ထံ လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး လားရှိုးဆေးရုံဖွင့်ပွဲ အပါအဝင် လားရှိုးမြို့ပြန်လည် တည်ဆောက်ရေးကို ဦးဆောင် လုပ်ကိုင်နေကြောင်း လားရှိုးဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ မေလ ၅ ရက်နေ့ လားရှိုးပြည်သူ့ဆေးရုံကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦး လာရောက်ဖွင့်လှစ်ခဲ့ပြီး မြို့ကိုလည်း လှည့်ပတ်စစ်ဆေးခဲ့ကြောင်း၊ ယနေ့ လက်ရှိအချိန်အထိလားရှိုးမြို့တွင်ပင် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ရှိနေဆဲဖြစ်ကြောင်း လားရှိုးမြို့မှ ပြည်သူတချို့က ပြောဆိုသည်။ “မနေ့က ဆေးရုံဖွင့်ပွဲ တိုင်းမှူး…
-
အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင် ပစ်ခတ်ခံရပြီ သေဆုံး
အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင် ပစ်ခတ်ခံရပြီ သေဆုံး ရန်ကုန်၊ မေ ၆ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ် အနောက်ခြမ်းရှိ ထူးကုန်းရွာတွင် နေထိုင်သော ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး လှအောင်သည် ထူးချောင်းရွာနှင့် အုတ်ဖိုမြို့ကို ဆက်သွယ်ထားသော လမ်းပိုင်း၌ ဆိုင်ကယ်စီးနေစဉ်…
-
မေလကုန်ထိ အပစ်ရပ်မည်ဟု စစ်ကောင်စီထုတ်ပြန်
မေလကုန်ထိ အပစ်ရပ်မည်ဟု စစ်ကောင်စီထုတ်ပြန် ဂျူချန်း မဇ္ဈိမ။ ။ ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် နှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန် မေလ ၆ ရက် နေ့မှ ၃၁ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဟု စစ်ကောင်စီက ယနေ့ (မေလ ၆ ရက်)တွင် ထုတ်ပြန်သည်။ ၎င်းတို့ အပစ်ရပ်ထားသည့်ကာလတွင် ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ခြင်း၊ တပ်စခန်းများ၊ တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ ဆောင်ရွက်ပါက တုံ့ပြန်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် စစ်ကောင်စီသည် ဧပြီ ၂ ရက်မှ ၃၀ ရက်နေ့ထိ…
-
PDF တပ်ရင်း စံပြုတည်မြဲအမိန့် ထုတ်ပြန်
PDF တပ်ရင်း စံပြုတည်မြဲအမိန့် ထုတ်ပြန် မေ ၆၊၂၀၂၅။ကဖေး/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။ PDF စံပြုတည်မြဲအမိန့်တွင် အချက်၇ချက်ပါဝင်သည်။ ၎င်းတို့မှာ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ တပ်ရင်းများစံပြုဖွဲ့စည်းပုံ၊အခြေခံတာဝန်ဝတ္တရားများ၊သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားများ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းစသည်တို့ ဖြစ်သည်။ PDFတပ်ရင်းများအားလုံးသည် အဆိုပါ တပ်ရင်းစံပြုတည်မြဲအမိန့် နှင့်အညီ ကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း MODက ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယမန်နေ့ မေလ ၅ရက်တွင် (၄)နှစ်ပြည့်ပြီဖြစ်သည်။ ” တော်လှန်ရေးအစ ကာလတုန်းက မတစ်ထောင်သားတွေနဲ့ ဘာအခြေခံစည်းမျဉ်းမှ နားမလည်၊ ဘာလေ့ကျင့်မှုမှ မပြည်စုံခဲ့တဲ့ တော်လှန်ရေးတပ်တွေအနေနဲ့ ထိန်းသိမ်းကွပ်ကဲရတဲ့အပိုင်းမှာ အတော်လေးကိုကမောက်ကမဖြစ်ခဲ့ပါတယ်။ လေးနှစ်ပြည့်တဲ့အချိန်…
-
“တစ်နှစ်အတွင်း အခွန်ဘဏ္ဍာ ကျပ် ၄၇၀ ဘီလီယံကျော်နဲ့ ရွှေ ၁၇ပိဿာခန့် NUG ရရှိ၊ ကျောက်မဲဆေးရုံအပါအဝင် မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စကခ ၂၁ အပါအဝင် ဗန်းမော်က စစ်ကောင်စီတပ်ရင်းတွေကို KIA အပြင်းအထန်တိုက်ခိုက်၊ ပြည်သူတွေရဲ့ထောက်ခံမှုကြောင့် PDF တွေက စစ်ကောင်စီတပ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ကြောင်း NUG ပြော”
“တစ်နှစ်အတွင်း အခွန်ဘဏ္ဍာ ကျပ် ၄၇၀ ဘီလီယံကျော်နဲ့ ရွှေ ၁၇ပိဿာခန့် NUG ရရှိ၊ ကျောက်မဲဆေးရုံအပါအဝင် မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စကခ ၂၁ အပါအဝင် ဗန်းမော်က စစ်ကောင်စီတပ်ရင်းတွေကို KIA အပြင်းအထန်တိုက်ခိုက်၊ ပြည်သူတွေရဲ့ထောက်ခံမှုကြောင့် PDF တွေက စစ်ကောင်စီတပ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ကြောင်း NUG ပြော” ဒီနေ့ မေ ၅ ရက်နေ့အတွက် တစ်နှစ်အတွင်း အခွန်ဘဏ္ဍာ ကျပ် ၄၇၀ ဘီလီယံကျော်နဲ့ ရွှေ ၁၇ပိဿာခန့် NUG ရရှိ စိုးမိုးထိန်းချုပ်နယ်မြေတွေကနေ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်အတွင်း သတ္တု၊ ကျောက်မျက်၊ သစ်တောကဏ္ဍတို့ကနေ လေလံနဲ့ ဒဏ်ကြေးငွေ ကျပ် ၄၇၂ ဘီလီယံအပြင် ရွှေ ၁၇ပိဿာခန့် ရရှိကြောင်း…