Author: admin

  • ၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍  အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော “အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်” – တပ်မှူး ကိုမုန်တိုင်း

    ၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော “အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်” – တပ်မှူး ကိုမုန်တိုင်း

    by

    in

    ၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော “အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတွေကိုရတဲ့နေရာက ရတဲ့နည်းနဲ့ချမယ်” – တပ်မှူး ကိုမုန်တိုင်း ဟန်နွေ/People’s Spring ၂၀၂၅တွင် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ မတူညီသည်များကို ဖယ်ထားပြီး စည်းလုံးညီညွတ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF၏ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းက ပြောကြားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF၏ မန်းတောင်ရိပ်ခို အောင်ပွဲကြိုအမည်ဖြင့် ရန်ပုံငွေရှာဖွေးရေးလှုပ်ရှားမှုကို အွန်လိုင်းမှ ပြုလုပ်ရာတွင် ကိုမုန်တိုင်းက အမှာစကား ပြောကြားရာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သုံးနှစ်ကျော် လေးနှစ်တာကာလအတွင်း အခက်အခဲမျိုးစုံဖြင့် ရှင်သန်နေကြရပြီး အဆုံးသတ်တိုက်ပွဲ တိုက်နိုင်ရန်အတွက် ရန်ပုံငွေလိုအပ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။ မန္တလေးPDF အနေဖြင့် ၁၀၂၇စစ်ဆင်ရေး တွင် ပါဝင်ခဲ့ကြောင်း အသိပေးပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွက် ပြင်ဆင်မှုအားကောင်းရန်လိုကြောင်း၊…

  • ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဂွမြို့တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

    ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဂွမြို့တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

    by

    in

    ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဂွမြို့တိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၅ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ ရခိုင်နှင့်ထိစပ်နေသော ကမ်းခြေရွာများကို ဇန်နဝါရီလ ၂ ရက်နေ့က အာရက္ခတပ်တော် AA မှ ၀င်ရောက်တိုက်ခိုက်နေသည်ဆိုသည့် သတင်းများမှာမမှန်ကန်ပဲ ဂွမြို့ဘက်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့များ အချင်းချင်းပစ်ခတ်နေခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “AA က ရခိုင်ဘက်အဆုံး ကျောက်ချွန်ဘက်ကနေ ဒီဘက်ကို ကျော်မလာသေးပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာက ဂွဘက်ကနေ ခြေလျင် ပြန်ပြေးလာတဲ့ စစ်သားတွေကို မကျီးဇင်မှာရှိနေတဲ့ စစ်သားနဲ့ရဲတွေက ပြန်ပစ်ကြတာ။ ထွက်ပြေးလာတဲ့စစ်သားတွေက လက်နက်တွေရွာထဲပစ်ချပြီး ထွက်ပြေးကြတာတွေနဲ့ အခြေအနေတွေရူပ်ထွေးကုန်တာ”ဟု မကျီးဇင်ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။ ဂွမြို့ဘက်မှ အသုတ်လိုက်ခြေလျင်ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများမှာ ကမ်းခြေဒေသများဖြစ်သည့် မကျီးဇင်၊…

  • ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ)

    ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ)

    by

    in

    ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ) ဇန်နဝါရီ ၅၊ ၂၀၂၅ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့စခန်းတွေကို ဒီဇင်ဘာလ၂၃ရက်နေ့က စတင်ပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကို ဒေါနစစ်ကြောင်း တပ်ခွဲ ၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

  • ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ

    ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ

    by

    in

    ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ ရန်ကုန်၊ ဇန်နဝါရီ ၅ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ဖျက်ရေးအတွက် ဖြစ်ပွားနေသော တော်လှန်ရေး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့…

  • ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

    ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

    by

    in

    ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ ကျိုက်ထို၊ ဇန်နဝါရီ ၅ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးအောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို အ တည်ပြုပါတယ်။ ရေးမြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ သိမ်ဇရပ်-မုပ္ပလင်လမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။ ခွင့်နဲ့ပြန်လာတဲ့ စခန်မှူးဒုရဲမှူး အောင်ကျော်စိုးဟာ ဇနီးဖြစ်သူရဲ့ သိမ်ဇရပ်မြို့ နေအိမ်ကနေ ကျိုက်ထိုမြို့ထဲ တစ်ဦးတည်းကားနဲ့လာပြန်စဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်။ ဖမ်းဆီးရမိထားတဲ့ စခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၁ သထုံခရိုင်ထံ လွှဲပြောင်းပေးထားတယ်လို့ ကျိုက်ထိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။…

  • အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)

    အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)

    by

    in

    အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း) ဇန်နဝါရီ ၄ ၊ ၂၀၂၄ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေက လုံခြုံရေးကိစ္စရပ်တွေကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို ညီနောင် ERO တွေနဲ့ ပူးတွဲပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေ စဥ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။

  • ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံး၊ ဓာတ်အားထုတ်လုပ်မှု တစ်ရက်လျှင် တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင်

    ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံး၊ ဓာတ်အားထုတ်လုပ်မှု တစ်ရက်လျှင် တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင်

    by

    in

    ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံး၊ ဓာတ်အားထုတ်လုပ်မှု တစ်ရက်လျှင် တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင် ရန်ကုန်၊ ဇန်နဝါရီ ၅ ရန်ကုန်မြို့တော်တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် မြို့နယ်များကို အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံးနေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက တရားဝင် သတင်းထုတ်ပြန်သည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးကို အုပ်စု ၂ စုခွဲ၍ လျှပ်စစ်မီးပေး၊ မီးဖြတ်တောက်လုပ်နေရာမှ ဓာတ်အားလုံလောက်စွာ မရရှိတော့သဖြင့် ၄ နာရီမီးပေး၍ ၈ နာရီ…

  • ရန်ကုန်မြို့ တစ်ရက် ရှစ်နာရီသာ လျှပ်စစ်မီးရတော့မည်

    ရန်ကုန်မြို့ တစ်ရက် ရှစ်နာရီသာ လျှပ်စစ်မီးရတော့မည်

    by

    in

    ရန်ကုန်မြို့ တစ်ရက် ရှစ်နာရီသာ လျှပ်စစ်မီးရတော့မည် ‌ရောင်နီ/People’s Spring33 မီးပေးအချိန်ဇယားမေးကြလွန်းလို့ သူများပြုစုထားတာ ဝေမျှပေးထားလိုက်ပါသည်။ မနက်(၁)နာရီ အုပ်စု နှစ်ခုက ပေးဖို့လျာထားဟုသိရပြီး လိုအပ်က တအုပ်စုပိတ်ပါလိမ့်မယ်။ LDCအနေအထားက လျော့မယ်ထင်ပါတယ်။ မူရင်းဖန်တီးသူ Crd ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၅ရက်ကစတင်၍ တစ်ရက်လျှင် ၈နာရီသာ လျှပ်စစ်မီးရတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။ လက်ရှိတွင် ရန်ကုန်ရှိ မြို့နယ်များ၌ အုပ်စု A ၊B ခွဲကာ လေးနာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် မီး‌ပေးနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ရက်ကစတင်၍ အုပ်စု C ကို ထပ်တိုးကာ ရှစ်နာရီခြားတစ်ကြိမ် လေးနာရီ လျှပ်စစ်မီးပေးမည်ဖြစ်သည်။ “မီးလာလာချင်း စုပြုံမသုံးကြပါနဲ့။ Feeder Over Load၊ Tr Over Loadနဲ့…

  • တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးဟုဆို

    တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးဟုဆို

    by

    in

    တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၅ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကေတုမတီလေတပ် စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးစီးအရာရှိ ၃ ဦးအပါ အဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က…

  • ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ

    ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ

    by

    in

    ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ 001 မဇ္ဈိမ။ ။ ယနေ့ (ဇန်နဝါရီလ ၄ ရက် )တွင် ကျရောက်သည့် ( ၇၇ ) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးမှုနှင့်အတူ ပြစ်ဒဏ် ခြောက်ပုံ တပုံလျှော့ပေါ့မှုကိုလည်း ကြေညာခဲ့ရာ ထိုအထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်စွပ်စွဲခံရသည့် အမှုများထဲမှ အမှုနှစ်မှုသာ အကျုံးဝင်လျက်ရှိသည်။ စစ်ကောင်စီက လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်ဆိုင်ရာ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ…