Author: admin
-
ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျ၊ မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ
ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျ၊ မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ ရန်ကုန်၊ မေ ၁ ကချင်ပြည်နယ်၊ ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျနေကြောင်း KIA သတင်းရင်းမြစ်နှင့် စစ်ဘေးရှောင်ပြည်သူတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သော ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၅ လနီးပါး ကြာမြင့်လာချိန်တွင် ပိုမို ပြင်းထန်လာကြောင်း၊ ဗန်းမော်မြို့နေရာအများစုမှာလည်း မီးလောင်ပျက်စီးနေပြီး အဓိကအားဖြင့် စစ်တပ်က လေယာဉ်များ၊ ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချခြင်းကြောင့် မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်နေရကြောင်း၊ ဧပြီလ ၂၉ ရက်နေ့တွင် ဗန်းမော်မြို့၊ သီရိရတနာစျေးကြီးမှာ စစ်တပ်က…
-
နေပြည်တော် ကျေးရွာအချို့အထိ PDF များ စည်းရုံးရေးလုပ်လာသဖြင့် တိုင်းမှူး ခံဝန်ထိုးရ
နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်အချို့မှာ PDF တွေက ကျေးရွာတွေအထိ ဝင်ရောက်ပြီး စည်းရုံးရေးတွေလုပ်လာတာကြောင့် ဗိုလ်ချုပ်စိုးမင်း သတိပေးခံဝန်ထိုးရတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ လယ်ဝေးမြို့နယ်ထဲက ကျေးရွာအချို့မှာ PDF တွေက ရွာသားတွေကို စည်းရုံးရေးဆင်းတဲ့ ကိစွကို စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တင်ပြခဲ့တာကြောင့် ဗိုလ်ချုပ်စိုးမင်ကို ဧပြီ ၂၉ ရက်က သတိပေးခံဝန်ထိုးခိုင်းတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။ “နေပြည်တော်မှာ ၈ မြိုနယ်ရှိတယ်၊ ၄ မြို့နယ်လောက်မှာ PDF တွေ ဝင်ပြီးနေရာယူနေတယ်၊ စည်းရုံးတာတွေလုပ်တယ်၊ အချို့နေရာတွေမှာ သေနတ်တွေ ပေါ်တင်လွယ်ပြီး သွားတာတွေရှိ တယ်၊ ဒါကို ထောက်လှမ်းရေးက တင်ပြတယ်၊ နပတတိုင်းမှူးက မသိဘူး၊ ဒါကြောင့် ခံဝန်ထိုးရတာ။” နေပြည်တော်လမ်းပိုင်းအချို့မှာ PDF တွေက ယာဥ်စစ်ဆေးတာ၊ တိုက်ပွဲဖော်ဆောင်တာတွေရှိ လာတဲ့အပြင်…
-
လက်လွှတ်ထားသည့် မြို့များ အကုန်ပြန်သိမ်းပြမည်ဟု ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကြုံးဝါး
စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့မြို့တွေကို တမြို့မကျန် အကုန်ပြန်သိမ်းပြမယ်လို့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဧပြီ ၂၇ ရက်ညနေက ပြုလုပ်တဲ့ နောင်ချို၊ ဗန်းမော်၊ ဖားကန့် ၊ပန်းတောင်းနဲ့ ဧရာဝတီစတဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။ “မြို့တွေအကုန် တနေ့ပြန်သိမ်းပြမယ်ပြောတယ်။ ဘယ်နေ့လဲဆိုတာ ထည့်မပြောဘူး။ ၃ လလား ၁ နှစ်အတွင်းလား။ ဒါမှမဟုတ် ၃ နှစ်အတွင်းလား။ သူကိုယ်တိုင် စစ်မတိုက်ရတော့ ရှေ့တန်းမှာကိုယ့်လူတွေ ဘယ်လောက်သေနေလဲဆိုတာ မသိဘူး။ ပြောလိုက်ရင် အခြေအနေက တပ်ဘက်ပါနေပြီဆိုတာချည်းပဲ။” ဒါ့အပြင် တိုက်ပွဲဖြစ်ရာနေရာတွေကိုစစ်ကူနဲ့ စစ်လက်နက်ပစ္စည်းတွေကို အရင်ကထက် ပိုမို ပို့ဆောင်နိုင်ရေးအတွက် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်တွေကို ကားတွေအပြင် လေကြောင်းကပါ သုံးစွဲခွင့်ပြုထားတယ်လို့…
-
တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)
တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ…
-
တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ ဧပြီ ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး…
-
အာဏာသိမ်းခေါင်းဆောင် ပြည်ပခရီးစဥ်တွင် အသုံးပြုသည့် လေယာဥ်ကို စစ်ကောင်စီက အပြီးသတ်ဝယ်ယူမည် ■ရွေးကောက်ခံအရပ်သားအစိုးရက ပြည်သူများသဘာဝဘေးကြုံလျင်ကယ်ဆယ်ရန် ရဟတ်ယာဥ်ဝယ်ခဲ့သည်ကို ခေါင်းဆောင်များအား စစ်အုပ်စုက အဂတိမှုဖြင့်တရားစွဲပြီး မင်းအောင်လှိုင်အတွက်မူလေယာဥ်ဝယ်ခြင်းဖြစ်
အာဏာသိမ်းခေါင်းဆောင် ပြည်ပခရီးစဥ်တွင် အသုံးပြုသည့် လေယာဥ်ကို စစ်ကောင်စီက အပြီးသတ်ဝယ်ယူမည် ■ရွေးကောက်ခံအရပ်သားအစိုးရက ပြည်သူများသဘာဝဘေးကြုံလျင်ကယ်ဆယ်ရန် ရဟတ်ယာဥ်ဝယ်ခဲ့သည်ကို ခေါင်းဆောင်များအား စစ်အုပ်စုက အဂတိမှုဖြင့်တရားစွဲပြီး မင်းအောင်လှိုင်အတွက်မူလေယာဥ်ဝယ်ခြင်းဖြစ် ■ထိုလေယာဥ်ကိုအပြီးသတ်ဝယ်ယူရန် စစ်ကောင်စီက အခွန်ကင်းလွတ်ခွင့် ပြန်ပေး ဧပြီ ၃၀၊၂၀၂၅။ရဲခေါင်/People’s Spring နိုင်ငံသဘာဝဘေးအန္တရာယ်ကိစ္စများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၁၅နှစ်အထိ ချမှတ်နိုင်သည့် အဂတိပုဒ်မဖြင့် တရားစွဲထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့် ပြည်ပခရီးစဥ်တွင် အသုံးပြုခဲ့သည့် Airbus XY-ALK လေယာဉ်ကို ၎င်းသွားလာရာတွင် အသုံးပြုရန် စစ်ကောင်စီအဖွဲ့က အပြီးသတ်ဝယ်ယူလိုက်သည်။ အဆိုပါလေယာဥ်သည် အမေရိကန်ကုမ္ပဏီ AVIATION CAPITAl GROUPထံမှ ပြန်လျော့အကောက်ခွန် စနစ်ဖြင့် ငှားရမ်းတင်သွင်းထားပြီး Airbus အမျိုးအစား A319(MSN 5193) လေယာဥ် XY-ALK…
-
နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက်အအုံ များကို မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာ 🟥လွှတ်တော်ကို တည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းနှင့် ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင်
နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက်အအုံ များကို မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာ 🟥လွှတ်တော်ကို တည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းနှင့် ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင် ရန်ကုန်၊ ဧပြီ ၃၀ ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်း၏သား တိုးနိုင်မန်းသည် နေပြည်တော်တည်ဆောက်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော်လေဆိပ်မှာ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဧဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်သည် နေပြည်တော် သမ္မတအိမ်တော်တည်ဆောက်ရေး တာဝန်ယူခဲ့ပြီး ငလျင်ကြောင့် သမ္မအိမ်တော်မှာ ပြိုကျပျက်စီးမှုများ ရှိခဲ့သည်။ ဦးအိုက်ထွန်းပိုင်ဆိုင်သော ရွှေတောင်မှာလည်း နေပြည်တော် တည်ဆောက်ရေးနှင့် အမြန်လမ်းတည်ဆောက်ရေးတွင် ပါဝင်ခဲ့သည်။ လွှတ်တော်အဆောက်အအုံကို…
-
သမ္မတထရမ့်၏ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင်
သမ္မတထရမ့်၏ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင် ရန်ကုန်၊ ဧပြီ ၃၀ အမေရိကန်သမ္မတထရမ့်၏ အာဏာရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင်ကြောင်း အမေရိကန်အိမ်ဖြူတော်၏ ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတထရမ့်က ၎င်း၏ ဒုတိယအကြိမ် ပြန်လည် ရွေးကောက်ခံရသည့် သမ္မတသက်တမ်းရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများအနက်မှ ရာဇဝတ်မှု ကျူးလွန်သူ တရားခံများကို ဖမ်းဆီး သက်ဆိုင်ရာ…
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီမှရဲမေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီမှရဲမေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေကြောင်းစစ်ရေးရင်းမြစ်အချို့ကပြောသည်။ “၂၁ထဲက ရဲမေ ၁၀၀ ကျော် လက်နက်ချတယ်။ကိုယ်ဝန်ဆောင်တွေပါတယ်” ဟု စစ်ရေးရင်းမြစ်တဦးကပြောသည်။ ထိုကြောင့် စစ်ကောင်စီကကိုယ်ဝန်ဆောင်ရဲမေများကို အသုံးပြုနေခြင်းဖြစ်ကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကဆက်ပြောသည်။ သို့သော်အခြားစစ်ရေးရင်းမြစ်တဦးကမူ စစ်ကောင်စီတပ်စွဲရာစခန်းများမှ အမျိုးသမီးများကိုဖမ်းမိသည်မှာမှန်သော်လည်း စကခ ၂၁ မှမဟုတ်ဘဲ မြို့ထဲရှိ စခန်းများမှဖြစ်ကာ ၊၎င်းတို့မှာ ရဲမေ ဟုတ် ၊မဟုတ် မသိကြာင်းပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာ မိတ် ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင် စီ လက်ကျန်စခန်း များ ၊တပ်ရင်းများ ၊တပ်ရင်းဌာနချုပ်များအားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။ “ဗန်းမော်ဂွင်မှာ ရဲတွေလက်နက်ချတာမှန်တယ်။ ရဲမေတွေ။ ပိတ်မိနေတာ ကြာပြီဆိုတော့အိမ် ထောင်သည်ရဲမေတွေလည်း…
-
နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး 🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင်
နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး 🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင် ရန်ကုန်၊ ဧပြီ ၃၀ နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများအနေဖြင့် ပြန်လည် ပါဝင် တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေးထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်တွင် သမ္မတရုံး၊ ဝန်ကြီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာများ၊ စစ်ရုံးများ၊ ဆေးရုံများ၊ သမ္မတအိမ်တော်၊ လွှတ်တော် အပါအဝင် ဌာနဆိုင်ရာရုံး အများစု ပြိုကျပျက်စီးခဲ့ရာတွင်…