Author: admin
-
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင်
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင် ဧပြီ ၁ လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင် ချေရှိတယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က နိုင်ငံတ ကာ မိုးလေဝသဌာနတွေနဲ့ ဂြိုလ်တုတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပေးနေတဲ့ မိုးဇလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင်း မိုးရွာသွန်းလာခဲ့ရင် Liquefaction ဆိုတဲ့ မြေအောက်ရေတိုးခြင်း သက်ရောက်မှုရှိလာမှာ ဖြစ်ပြီး ငလျင်လှုပ်ထားတာကြောင့် ပျက်ယွင်းနေတဲ့ မြေအနေအထား တွေကြောင့် မြေကျွံခြင်းတွေ ရှိလာနိုင်တယ်လို့သတိပေးထားတာပါ။ မြေအောက်ရေတိုးလာပြီး Liquefaction ဖြစ်လာရင် မြေတွေကျွံ့ကျသွားနိုင်တယ်။ ဒါကြောင့် မုန် တိုင်းဟာ အရေးတကြီးစောင့်ကြည့်ရမယ့် အနေအ ထားဖြစ်တယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေတာဖြစ်ပါတယ်။…
-
“ငလျင်အပြီး မဟာမြတ်မုနိဘုရားကြီးမှာ”
“ငလျင်အပြီး မဟာမြတ်မုနိဘုရားကြီးမှာ” ဟာာာ အပေါ်က အမိုးမပြိုကျဘဲ (မဟာမြတ်မုနိဘုရားကြီး) မကိုဋ်တော်ကြီး စောင်းသွားတယ် ပြောရမဲ့စကားတွေ ဆွံ့အကုန်ပီ
-
ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ
ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ ရန်ကုန်၊ ဧပြီ ၁ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်မြို့တွင်လည်း အဆောက်အဦး ပြိုကျမှု အများအပြား ဖြစ်ပွားခဲ့ပြီး ပြည်သူ ရာနှင့် ချီသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးမှု အများဆုံးသည် ပျော်ဘွယ်မြို့ KBZ ဘဏ်နှင့် ဗလီ ပြိုကျမှုကြောင့် ဖြစ်ပြီး လူအများအပြား ရောက်ရှိနေချိန်ဖြစ်သောကြောင့် သေဆုံးမှု ရာနှင့်ချီ ရှိခဲ့ခြင်းဖြစ်ကြောင်း၊…
-
ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ
ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ ရန်ကုန်၊ ဧပြီ ၁ မန္တလေးနှင့် စစ်ကိုင်းတို့ကို အခြေပြုကာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရသည့် ပြည်သူ စုစုပေါင်း ၈,၅၆၂,၅၅၅ ဦးရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း၊ စစ်ကိုင်း-မန္တလေး လမ်းပိတ်ခြင်း မြစ်ကူးတံတားနှင့် ချည်းကပ်လမ်းများ ပျက်စီးခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်စည်ရှားပါးခြင်း၊ စက်သုံးဆီနှင့်အခြားကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း၊…
-
နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်
နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ် ရန်ကုန်၊ ဧပြီ ၁ နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ချိန် နေပြည်တော်ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။ “ငလျင်လှုပ်လိုက်တာတော့ သိတယ်။ သိပ်တော့ မပြင်းဘူး။ ကားမောင်းနေရင်းဆိုတော့” ဟု နေပြည်တော်တွင် နေထိုင်သော ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။…
-
ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး
ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကောင်စီက မတရားအကျဉ်း ချထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အခြေအနေကို အထူးစိုးရိမ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုလိုက်သည်။ ယနေ့ ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၇/၂၀၂၅ တွင် ၎င်းက အထက် ပါ အတိုင်းပြောဆိုခြင်းဖြစ်သည်။ “ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင်ထဲက အဆောက်အဦအချို့ ပြိုကျပျက်စီးတယ်လို့လည်း သိရပါတယ်။…
-
အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ
အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ ရန်ကုန်၊ ဧပြီ ၁ မကွေးတိုင်း၊ အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပဲခူးတိုင်း ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကိုလည်း စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောင်လံမြို့နယ်တွင် ယခု ဧပြီလအတွက် စစ်မှုထမ်း လူငယ် ၆၀ ဦး ပေးရမည်ဟု အောင်လံမြို့မှ ပျူစောထီး ခေါင်းဆောင် မြင့်လွင် (အငြိမ်းစား အရာခံဗိုလ်)က အသိပေးလာပြီး စစ်မှုထမ်းရန် အလှည့်ကျ မဲပေါက်ထားသူ များ စစ်သင်တန်းကျောင်းသို့ သွားရောက်ရန် ဆင့်ခေါ်ကြောင်း သိရှိရသည်။ “စစ်မှုထမ်း အပတ်စဉ်…
-
စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ဟု USGS က သတင်းထုတ်ပြန်
စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ဟု USGS က သတင်းထုတ်ပြန် ရန်ကုန်၊ ဧပြီ ၁ စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၁ မိနစ်အချိန်တွင် ယင်းကဲ့သို့ မြေငလျင်လှုပ်ခတ်သွားခြင်းဖြစ်ပြီး စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၄ ကီလိုမီတာ အကွာကို ဗဟိုပြု၍ မြေငလျင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ “ငလျင်လှုပ်တာ တော်တော်ကြမ်းတယ်။ ကျနော်တို့ အိမ်အပြင်မှာ ခြင်ထောင်ထောင်ပြီး ထွက်အိပ်နေတာ။…
-
အမရပူရမှာ ဓါးပြနဲ့ သူခိုးတွေ သောင်းကျန်းနေ
အမရပူရမှာ ဓါးပြနဲ့ သူခိုးတွေ သောင်းကျန်းနေ ဧပြီ ၁၊ ၂၀၂၅၊ Scorpio/People’s Spring မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတွေကို ဓါးပြဝင်တိုက်တာ၊ မြို့ပေါ်နေအိမ်တွေကို ဝင်ရောက်ခိုးယူတာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မနေ့က မတ် ၃၁ ရက်ညက အမရပူရမြို့နယ်၊ ယဥ်တော်ရွာအစွန်ကို Light Truck ကားတွေနဲ့ လူတစုက ဓါးပြဝင်တိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရွာအစွန်လောက်ကျတယ်။ ကားတွေနဲ့လာတာ။ ဘာတွေပါသွားလဲတော့ မသိရသေးဘူး”လို့ ဒေသ ခံတွေက ပြောပါတယ်။ ငလျင်စလှုပ်တဲ့ မတ်လ ၂၈ ရက်ညကလည်းအမရပူရ ကမ်းနားလမ်းကဖရဲသီးဆိုင်တချို့ ဓါးပြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အမရပူရမြို့ပေါ်မှာလည်း ငလျင်ဒဏ်ကြောင့်တိမ်းစောင်းနေတဲ့အိမ်တွေထဲကနေ အဖိုး တန်ပစ္စည်းတွေကို ကူညီသလိုနဲ့ ဝင်ရောက် ခိုးယူနေကြတယ်လို့…
-
ငလျင်ဒဏ်သင့် မန္တလေးမှ စီးပွားရေးသမားနှင့် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့များကို နေပြည်တော်သို့ ခေါပြီး စစ်ကောင်စီက အတင်းအကျပ် အလှူငွေတောင်း၊ ရန်ကုန်မှ လုပ်ငန်းရှင်များကိုလည်း လေယာဉ်ဖြင့် ခေါ်ယူ ငွေတောင်း
ငလျင်ဒဏ်သင့် မန္တလေးမှ စီးပွားရေးသမားနှင့် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့များကို နေပြည်တော်သို့ ခေါပြီး စစ်ကောင်စီက အတင်းအကျပ် အလှူငွေတောင်း၊ ရန်ကုန်မှ လုပ်ငန်းရှင်များကိုလည်း လေယာဉ်ဖြင့် ခေါ်ယူ ငွေတောင်း ရန်ကုန်၊ ဧပြီ ၁ အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းမှ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် လူမှု ရေးအသင်းအဖွဲ့များ ကို နေပြည်တော်ခေါ်သို့ ငလျင်ဘေးကူညီရေး အတင်း အကျပ် ငွေတောင်းခံနေကြောင်း ငွေကြေးအတောင်းခံနေရသည့် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နေပြည်တော်၊ တပေါင်းကွင်း၊ ယာယီခန်းမတွင် အလှူငွေ လက်ခံ ပွဲ ကျင်းပမည်ဖြစ်ပြီး မန္တလေးမှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင်များ…