Author: admin
-
သနားစရာ 🔴 ရေမြှပ်ေ*သဆုံးသွားသူတွေ မကျွတ်မလွတ်ပဲ ရွာလုံးကျွတ် ခြောက်လှန့်နေကြတဲ့ ဖြစ်ရပ်ကြီး
သနားစရာ 🔴 ရေမြှပ်ေ*သဆုံးသွားသူတွေ မကျွတ်မလွတ်ပဲ ရွာလုံးကျွတ် ခြောက်လှန့်နေကြတဲ့ ဖြစ်ရပ်ကြီး ည ည ဆိုလဲ မအိပ်ရဲကြဘူးတဲ့။ ရွာအဝင်လမ်းက စလို့ အနံ့တွေ ရနေပါပြီ။ ရွာထဲမှာ သူတို့အကြောင်းပြောမိရင်လဲ ရုတ်တရတ် အနံတွေ ရတယ်။ လယ်ထဲမှာ သူတို့ကို လက်ကလေးတစ်ဘက်၊ ဒါမှမဟုတ် ခြေလေးတဘက်၊ ဒါမှ မဟုတ် တင်ပဆုံတွေကို ခွေးတွေစားလို့၊ အချိန်များစွာမှာတော့ ကျီးကန်းတွ မည်းအုံနေတတ်တယ်။ သူတို့ ဘယ်လောက်များများ လယ်တွေထဲက နုန်းတွေအောက်မှာ ရှိနေကြလဲ ဆိုတာလဲ မသိရဘူး။ ဘယ်ကလာတဲ့ သူတွေမှန်းလဲ မသိကြဘူး။ သူတို့ရှိတဲ့ နေရာကို ရွာသားတွေက မလာရဲဘူး။ လယ်ယာတွေကို အဝေးကြီးကနေ မျှော်ကြည့်ရင်းဘဲ ပင့်သက်ကို ရှိုက်ကြတယ်။ ပြီးတော့ သူတို့ကို တူးဖော်တာ၊ သဂြိုလ်ပေးတာ၊…
-
“မကြားဘူးတာတွေရေဘေးကြောင့်မြောပါသွားတဲ့ကျွဲနွားတွေကိုပေါက်ဈေးရဲ့တဝက်နဲ့ပြန်ရွေးယူနေရလောဘတွေကြောက်စရာ ရုပ်သံ”
.”မကြားဘူးတာတွေရေဘေးကြောင့်မြောပါသွားတဲ့ကျွဲနွားတွေကိုပေါက်ဈေးရဲ့တဝက်နဲ့ပြန်ရွေးယူနေရလောဘတွေကြောက်စရာ ရုပ်သံ” အကုန်လုံးဒုက္ခရောက်နေတဲ့အချိန်မှာ ရွှေငွေတွေအပြင် ရေခဲသေတ္တာစတဲ့ပစ္စည်းတွေကို ယူသွားတာမျိုးမလုပ်ကြဖို့ မသမာသူတွေကို ပြောချင်တယ် ” ” အခုချိန်မှာ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေလို့ အကုန်လုံးက စိတ်အဆင်မပြေဖြစ်နေကြတာပါ။ အဲ့အပေါ်မှာ ထပ်ပြီးကိုယ်ကျိုးအတွက် အမြတ်ထုတ်တာမျိုးတွေ မလုပ်စေချင်ဘူး ” ပရဟိတ လူငယ်တစ်ဦး နှင့် တွေ့ဆုံခြင်း
-
တောင်ဒဂုံ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
တောင်ဒဂုံ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၀ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၁၀၇ ရပ်ကွက်ရုံးသို့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် စစ်တပ်လော်ဘီတယ်လီဂရန် စာမျက်နှာများ၏ ဖော်ပြချက်အရ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ၁ ဦး တို့ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ “တောင်ဒဂုံ ၁၀၇ ရပ်ကွက်ရုံးကို…
-
“မိုးလေဝသဌာနက အထူးမိုးလေဝသ သတင်းထုတ်ပြန်ပြီ မပေါ့ဆကြပါနဲ့”
၂၀၂၄ စက်တင်ဘာလ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် မိုးရွာနိုင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် နမ့်စန်ခရိုင် တောင်ကြီးခရိုင် ကလောခရိုင် ပင်လောင်း ပအိုဝ့်ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် issued time 20/09/2024 9:32am(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 မင်းတုန်းချောင်းရေသတိ မင်းတုန်းမြို့ သရက်ခရိုင် 🌧🌧🌧🌧🌧🌧🌧🌧🌧 ၂၄နာရီမှ ၄၈နာရီအတွင်း မင်းတုန်းမြို့နယ်အတွင်း မိုးများစွာရွာသွန်းနိုင်ပါတယ် မင်းတုန်းချောင်းဖျားမိုးကြီးနိုင်သဖြင့် မင်းတုန်းချောင်းရေသတိပြုပါ ISSUED TIME 20/09/2024 6:53am(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 မြန်အောင်ခရိုင် 🌧🌧🌧🌧🌧 ၄၈နာရီအတွင်း ဧရာဝတီတိုင်း မိုးညို ရေကင်း…
-
ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်
ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက် စက်တင်ဘာ ၁၉၊ ၂၀၂၄. မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၇ရက်၊ ညနေပိုင်းနဲ့ ညဘက်တွေမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို Operation Flame Mandalay ရဲဘော်တွေက ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် စစ်ဌာနချုပ်အတွင်း ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်းနဲ့ နန်းတွင်းထဲကို လူနာတင်ကား အဝင်အထွက်တွေလည်း များခဲ့ကြောင်း မြေပြင်သတင်းတွေအရ သိရပါတယ်။ အဲ့ဒီညမှာပဲ ရှော့တိုက်ဒုံးပစ်ခံရတဲ့ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပြီး ရပ်ကွက်တွေထဲ အင်အားသုံး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒေသခံသတင်းရင်းမြစ်ဖြစ်တဲ့ MDY Revolution ရဲ့ဖော်ပြချက်အရ…
-
စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူပါက တပ်မိသားစုဝင်များက စံပြဖြစ်ရမည်ဟုဆိုကာ စာရင်းများကောက်ယူ
စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူပါက တပ်မိသားစုဝင်များက စံပြဖြစ်ရမည်ဟုဆိုကာ စာရင်းများကောက်ယူ ရန်ကုန်၊ စက်တင်ဘာ ၂၀ အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းပြဋ္ဌာန်းလုပ်ဆောင်နေသည့် စစ်မှု ထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူပါက တပ်မိသားစုဝင်များအနေဖြင့် စံပြအနေဖြင့် တာဝန်ထမ်းဆောင်ရမည်ဟုဆိုကာ အရွယ်ရောက်ရှိထားသော အမျိုးသမီးများ စာရင်း ကောက်ယူနေကြောင်း ရန်ကုန်တိုင်းတပ်နယ်မှ တပ်မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဧပြီလမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူ ငယ်များကို စစ်မှုထမ်းရန် ခေါ်ယူခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသမီးများကို ယာယီဆိုင်းငံ့ထားသည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ပြီးစီးပါက အမျိုးသမီးများ စစ်မှုထမ်းရန်မှာလည်း အသက်ဝင်လာရန်ရှိနေသဖြင့် စစ်တပ်အတွင်းထိုသို့…
-
ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ထွက်ပြေး
ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ထွက်ပြေး ဇေအောင်/People’s Sprin စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးကျေးရွာ၌ ၃နှစ်ကျော်တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် သြဂုတ်လကုန်ပိုင်းက တိုက်ပွဲပြင်းထန်ကာ ထိခိုက်မှုများပြီးနောက် စက်တင်ဘာ ၁၇ရက် ညနေပိုင်းက စစ်ကောင်စီ၏ ဇီးကုန်းသကြားစက်သို့ ဆုတ်ခွာထွက်ခွာပြေးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ ” ပျူတွေအားလုံး ဒဏ်ရာရတဲ့သူတွေကော သက်ရှိထင်ရှားရှိတဲ့ကောင်တွေအကုန်လုံးကို ကန့်ဘလူဘက်ကို ခေါ်သွားပြီ”ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။ ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းတစ်ကြောင်းမှာလည်း ကန့်ဘလူမြို့နယ်ဘက်ရှိ ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈ရက်)တွင် အဆိုပါ ပျူစောထီးကျေးရွာအား ကာကွယ်ရေးတပ်များ ရှင်းလင်းရေးဝင်ရောက်ရာ ဒေသခံပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊သိုးအုပ်များနှင့်…
-
“ဆန်တစ်အိတ်သယ်ခ ၇၀၀၀၀တောင်းတဲ့ မိုက်ရိုင်းလွန်းတဲ့ ရွာသားတွေအကြောင်း ရန်ကုန်က ပရဟိတညီအစ်ကိုတွေ ဒဲ့ရှင်းပြီ”
“ဆန်တစ်အိတ်သယ်ခ ၇၀၀၀၀တောင်းတဲ့ မိုက်ရိုင်းလွန်းတဲ့ ရွာသားတွေအကြောင်း ရန်ကုန်က ပရဟိတညီအစ်ကိုတွေ ဒဲ့ရှင်းပြီ”
-
စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၇ရက် ည ၁၀နာရီကျော်တါင် တံတားဦးလေတပ်စခန်းအတွင်း လက်နက်ကြီးကျရောက်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်း မန္တလေးတော်လှန်ရေးဖြစ်စဥ်များ အသိပေးနေသည့် MDY Revolution က ဖော်ပြသည်။ လက်နက်ကြီး တစ်လုံးမှာ လေတပ်စခန်း သိုလှောင်ရုံအတွင်း ကျရောက်ပေါက်ကွဲကာ ကျန်တစ်လုံးမှာ လယ်ကွင်းအတွင်း ကျရောက်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း MDY Revolutionက ဆိုသည်။ “ကြားလိုက်တယ်။ ညလည်း ညဖြစ်နေတော့ ဘာမှတော့မသိရဘူး။ ကြားရသလောက်ကတော့ ထိခိုက်တာတွေ မကြားဘူး။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်မှုဖြစ်စဥ်အား မည်သည့်အဖွဲ့များက လုပ်ဆောင်သည်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ တံတားဦးလေတပ်စခန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊…
-
ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့
ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့ KG(VOM) စက်တင်ဘာ ၁၉ – ၂၀၂၄. ရန်ကုန်မြို့မှာအိမ်ငှားခစျေးနှုန်းတွေ ဆက်လက်မြင့်တက်လာတာကြောင့် လခနည်း၀န်ထမ်းတွေနဲ့ အခြေခံပြည်သူတွေအပါအဝင် အိမ်ငှားရမ်းနေထိုင်ရသူများအခက်တွေ့ ကြုံနေရတယ်လို့ ရန်ကုန်အိမ်အငှားစျေးကွက်အတွင်းကနေသိရပါတယ်။ ရန်ကုန်မြို့ရဲ့ အိမ်ငှားရမ်းခစျေးနှုန်းတွေဟာဆင်ခြေဖုံးရပ်ကွက်တွေမှာ အခုလပိုင်းအတွင်း ကျပ်နှစ်သောင်းကနေကျပ်ငါးသောင်းနီးပါးထိမြင့်တက်လာခဲ့တာဖြစ်ပြီး လူစည်ကားတဲ့မြို့နယ်အတွင်း ရပ်ကွက်တွေမှာဆိုရင်တော့ အိမ်ငှားရမ်းခက ကျပ်သိန်းဂဏန်းနီးပါးထိ စျေးနှုန်းတွေမြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်ဟိုနေ့ကမေးကြည့်တာ တသိန်းနှစ်သောင်းတန်အငှားအခန်းကို အခုတသိန်းခွဲဖြစ်သွားတယ်။အိမ်ရှင်တွေကလည်း ကုန်စျေးနှုန်းနဲ့အကြောင်းအမျိုးမျိုးပြပြီး အိမ်ငှားခတွေကိုတိုးတောင်းနေကြတယ်။ ကျွန်တော်တို့မြို့နယ်ဘက်မှာစပေါ်သိန်း ၁၀၀ တောင်းတဲ့အခန်းတောင် အိမ်ငှားခက တလကို တသိန်းနှစ်သောင်းလောက်တောင်းတဲ့သူတွေယူတဲ့သူတွေရှိပါတယ်”လို့ ရန်ကုန်မြို့တွင် အိမ်ငှားရမ်းနေထိုင်သူတယောက်က ပြောပါတယ်။ တချို့ မြို့နယ်တွေမှာတော့ အိမ်ရှင်နဲ့ အိမ်ငှားပူးပေါင်းပြီးတော့ မလိမ့်တပတ်လုပ်ဆောင်မှုတွေ လူလည်ကျမှုတွေ ကိုလည်း အိမ်ငှားအများစုကြုံတွေ့ခံစားနေရပြီး အိမ်ငှားရမ်းနေထိုင်သူတွေအနေနဲ့ အခက်အခဲအချို့ကိုရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ “ကျွန်မတို့ဆိုအိမ်ငှားတာ ၆ လစာချုပ်နဲ့ချုပ်ထားတယ်၊အိမ်ငှားထားတယ်၊…