သနားစရာ 🔴 ရေမြှပ်‌ေ*သဆုံးသွားသူတွေ မကျွတ်မလွတ်ပဲ ရွာလုံးကျွတ် ခြောက်လှန့်နေကြတဲ့ ဖြစ်ရပ်ကြီး

by

in

သနားစရာ 🔴 ရေမြှပ်‌ေ*သဆုံးသွားသူတွေ မကျွတ်မလွတ်ပဲ ရွာလုံးကျွတ် ခြောက်လှန့်နေကြတဲ့ ဖြစ်ရပ်ကြီး

ည ည ဆိုလဲ မအိပ်ရဲကြဘူးတဲ့။ ရွာအဝင်လမ်းက စလို့ အနံ့တွေ ရနေပါပြီ။ ရွာထဲမှာ သူတို့အကြောင်းပြောမိရင်လဲ ရုတ်တရတ် အနံတွေ ရတယ်။ လယ်ထဲမှာ သူတို့ကို လက်ကလေးတစ်ဘက်၊ ဒါမှမဟုတ် ခြေလေးတဘက်၊ ဒါမှ မဟုတ် တင်ပဆုံတွေကို ခွေးတွေစားလို့၊ အချိန်များစွာမှာတော့ ကျီးကန်းတွ မည်းအုံနေတတ်တယ်။ သူတို့ ဘယ်လောက်များများ လယ်တွေထဲက နုန်းတွေအောက်မှာ ရှိနေကြလဲ ဆိုတာလဲ မသိရဘူး။ ဘယ်ကလာတဲ့ သူတွေမှန်းလဲ မသိကြဘူး။ သူတို့ရှိတဲ့ နေရာကို ရွာသားတွေက မလာရဲဘူး။ လယ်ယာတွေကို အဝေးကြီးကနေ မျှော်ကြည့်ရင်းဘဲ ပင့်သက်ကို ရှိုက်ကြတယ်။ ပြီးတော့ သူတို့ကို တူးဖော်တာ၊ သဂြိုလ်ပေးတာ၊ သရဏံဂုဏ်တင်ပေးတာ၊ ရက်လည်ဆွမ်းကပ်ပေးတာတွေ မရှိဘူး။ ည ည ဆို နွားတွေ၊ မြင်းတွေ၊ ခွေးတွေ အော်သံကြားရင် ရွာသားတွေ မျက်လုံးကို စုံမှိတ် ဇွတ်အိပ်ကြတယ်။ မနေ့ညက လယ်ထဲဘက်ကနေ အော်သံတွေကြားလို့ ရွာအစွန်မှာ နေကြတဲ့လူတွေ ရွာထဲ ပြေးဝင်လာကြတယ်။
” အမရယ် အဲဒါတွေကို ဖော်ပေးဖို့ ပြောပေးပါဦးတဲ့”
ရွာခံ ပြည့်ပြည့် က ပြောတယ်။
ကျွန်တော်က ဘယ်သူ့ပြောရမှန်း မသိဘူး။ ကူညီနိုင်တဲ့သူ ရှိလားဗျာ
မြင်းနားရွာပါ။
ကျနော်က မြင်းနားအတွက် အစီစဥ် က ပြီးနေပါပြီ။ ဒါပေမယ့် ဘယ်ဆက်ပြောရမှန်းမသိတော့
credit@M Jet