Author: admin
-
နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည်
နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည် ရန်ကုန်၊ မတ် ၂၇ နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နှစ်မှစတင်၍ စစ်ကောင်စီက စစ်ရေးပြအခမ်းအနားကို ညနေပိုင်းစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း စစ်ရေးပြအခမ်းအနားကိုလည်း ညနေပိုင်းတွင်သာ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယနေ့ ညနေ ၅ နာရီအချိန်တွင် စစ်ကြောင်းများ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ ယနေ့ ညနေ ၃ နာရီမှ ၄ နာရီအတွင်း စစ်ကြောင်းများ အသင့်ပြင်ဆင်ခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် စစ်ကြောင်းများ စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်ကို ချီတက်…
-
တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော
တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော မတ်၂၇၊ ၂၀၂၅ တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မင်းအောင်လှိုင်ဟာ မနေ့က မတ် ၂၆ ရက် မနက်ပိုင်းမှာ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။ တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေပြီး စွမ်းရည်စွမ်းပကား မြင့်မားစေရေးအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ နိုင်ငံတဝန်း ပြင်းထန်တဲ့ ထိုးစစ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားတယ်လို့လည်း ဝါဒဖြန့် ပြောဆိုပါတယ်။ ဆိုးရွားတဲ့ စစ်ရာဇတ်မှုတွေကြောင့် နိုင်ငံတကာကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မင်းအောင်လှိုင်က နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
-
စစ်ကောင်စီရဲ့ နောင်ချိုကိုဦးတည်လာတဲ့ ဝါဒဖြန့်ချီရေးထိုးစစ် ■စစ်တပ်ရောက်နေတဲ့ မဲပုတ်ရွာတိမ်ပင်လယ်နဲ့ နောင်ချိုက လူသိများတဲ့ နောင်ချိုကြီးရွာတိမ်ပင်လယ်ဟာမတူပဲ (၈)မိုင်ကျော် ကွာဝေးပါတယ်
စစ်ကောင်စီရဲ့ နောင်ချိုကိုဦးတည်လာတဲ့ ဝါဒဖြန့်ချီရေးထိုးစစ် ■စစ်တပ်ရောက်နေတဲ့ မဲပုတ်ရွာတိမ်ပင်လယ်နဲ့ နောင်ချိုက လူသိများတဲ့ နောင်ချိုကြီးရွာတိမ်ပင်လယ်ဟာမတူပဲ (၈)မိုင်ကျော် ကွာဝေးပါတယ် ဒီဒီး/People’s Spring စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တော်လှန်ရေးတပ်တွေ ပထမဆုံးသိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့နဲ့ တောင်းခမ်းက စစ်ရေးသတင်းတွေဟာ ဒီရက်ပိုင်းအတွင်း လူပြောအများဆုံး အကြောင်းအရာတွေထဲကတစ်ခုဖြစ်နေပါတယ်။ တောင်းခမ်းရဲ့တိုက်ပွဲအကြောင်းကိုပြောရင် စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက အောင်ပွဲတွေရနေတဲ့အကြောင်း မစားရ ဝခမန်း ဆက်တိုက်ဝါဒဖြန့်ခဲ့ကြပါတယ်။ စစ်တပ်ဒရုန်းတွေကြောင့် တော်လှန်ရေးတပ်တွေ ဘယ်လိုအထိနာတာ ၊စခန်းတွေဘယ်လိုသိမ်းတာ စသဖြင့် မျိုးစုံဝါဒဖြန့်ခဲ့ကြပါတယ်။မတ်လဆန်းမှာတော့ တောင်းခမ်းဒေသက တပ်ရင်းနှစ်ခု အပြောင်းလုပ်တာကို တောင်းခမ်းတိုက်ပွဲမှာအောင်ပွဲရပြီး ပြန်လာတဲ့ရဲဘော်တွေဆိုပြီး ကြိုဆိုခဲ့ပုံတွေနဲ့ အများကြီးနဲ့ဝါဒဖြန့်ခဲ့ကြပါတယ်။ အဖြစ်မှန်ကို သေချာစုံစမ်းကြည့်တဲ့အခါမှာတော့ တောင်းခမ်းက အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ အမတ(၃၅၄)က တပ်ရင်းနှစ်ရင်းဟာ အပြောင်းအလဲမလုပ်ရတာ နှစ်အတော်ကြာနေပြီမို့…
-
စစ်မှုထမ်းရန် မဲပေါက်သူများကို NSIMSကွန်ပျူတာစနစ်အတွင်း အမည်ထည့်သွင်းထား၍ လေဆိပ်၊ ရေဆိပ်၊ကားဂိတ်နှင့် စစ်ဆေးရေးဂိတ်များမှ ပြေးမလွတ်နိုင်ဟု စစ်တပ်က ခြိမ်းခြောက်
စစ်မှုထမ်းရန် မဲပေါက်သူများကို NSIMSကွန်ပျူတာစနစ်အတွင်း အမည်ထည့်သွင်းထား၍ လေဆိပ်၊ ရေဆိပ်၊ကားဂိတ်နှင့် စစ်ဆေးရေးဂိတ်များမှ ပြေးမလွတ်နိုင်ဟု စစ်တပ်က ခြိမ်းခြောက် ရန်ကုန်၊ မတ် ၂၇ အကြမ်းဖက်စစ်ကောင်စီက လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မဲနှိုက်ခိုင်းပြီး မဲပေါက်သူများကို ပြည်သူ့ စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) အတွင်းသို့ ချက်ချင်း ထည့်သွင်းနေ၍ ထွက်ပြေး မလွတ်မြောက်နိုင်ဟု စစ်တပ်က ပြောဆိုခြိမ်းခြောက် လာသည်။ ယခုရက်ပိုင်း မန္တလေးမြို့တွင် ပြုလုပ်သည့် စစ်မှုထမ်း ဆင့်ခေါ်ရေး မဲနှိုက်ပွဲများတွင် စစ်ကောင်စီမှ ဗိုလ်မှူးများက မဲနှိုက်ကြမည့် လူငယ်များကို မဲပေါက်ပါက ကွန်ပျူတာစနစ် (NSIMS) အတွင်း အမည် စာရင်း ချက်ချင်း ထည့်သွင်းမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လေဆိပ်၊…
-
စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော
စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော မတ် ၂၆၊ ၂၀၂၅ စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးက ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးတွေဟာ မဖြစ်နိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နေတဲ့ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေဦးဆောင်ပြီး နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။ “ကျွန်တော်တို့က ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်တွေရှိတယ်။ တပ်မတော်က နိုင်ငံရေးက ထွက်မှတို့၊ တပ်မတော်ကို ဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့ စသဖြင့် ဒီလိုမျိုး ကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေရှိတယ်” လို့ ဒုတိယ…
-
မြောက်ဒဂုံမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ အလုပ်သမား ညွှန်ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
မြောက်ဒဂုံမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ အလုပ်သမား ညွှန်ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်၊ မတ် ၂၆. ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အလုပ် သမား ညွှန်ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DARK SHADOW တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အလုပ်သမားညွှန် ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။…
-
ရေးမြို့ အမှတ် ၈ အာရှ လမ်းမကြီးပေါ်တွင် ခမရ ၅၈၆ တပ်ရင်းမှ တပ်အရာရှိများ စီးနင်းလာသော Vigo ကားကို ရေးဘီလူး အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး
ရေးမြို့ အမှတ် ၈ အာရှ လမ်းမကြီးပေါ်တွင် ခမရ ၅၈၆ တပ်ရင်းမှ တပ်အရာရှိများ စီးနင်းလာသော Vigo ကားကို ရေးဘီလူး အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး ရန်ကုန်၊ မတ် ၂၆ မွန်ပြည်နယ်၊ ရေးမြို့ အမှတ် ၈ အာရှလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၆ မှ တပ်အရာရှိများ စီးနင်းလာသော Vigo ကားကို ပစ်ခတ် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူး အဖွဲ့ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၆…
-
“😱 နွေဦးတော်လှန်ရေးကို ကြီးကြီးမားမား နှောက်ယှက်နေတဲ့ အန္တရာယ်ပေါ်လာပီ🛑”
“😱 နွေဦးတော်လှန်ရေးကို ကြီးကြီးမားမား နှောက်ယှက်နေတဲ့ အန္တရာယ်ပေါ်လာပီ🛑” နောင်ချို၊ ရွှေဧရာတိမ်ပင်လယ် View point ကို စစ်ကောင်စီတပ် ပြန်သိမ်း DVB စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွေမှာလည်း မတ် ၂၅ ရက် မွန်းလွဲပိုင်းမှာ TNLA ရဲ့ ရွှေဧရာ တိမ်ပင်လယ်စခန်းကို သိမ်းပိုက်ရရှိထားကြောင်း မှတ်တမ်း ဗွီယိုဖိုင်၊ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြထားပါတယ်။ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ရွှေဧရာတိမ်ပင်လယ်စခန်း လက်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ TNLA တွေ သိမ်းပိုက်ထားတဲ့ ရွှေဧရာတိမ်ပင်လယ် View point နေရာကို မတ် ၂၅ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီဘက်က…
-
စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေး တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဟု NUG ယာယီသမ္မတ သတိပေး
စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေး တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဟု NUG ယာယီသမ္မတ သတိပေး ရန်ကုန်၊ မတ် ၂၆ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေးမှာ တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။ ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၉/၂၀၂၅ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်းဖြစ်သည်။ တော်လှန်ရေးရဲဘော်များအနေဖြင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန်မှာ စိတ်နှင့်ခန္ဓာ မာကြောနေရမည်ဖြစ်ပြီး အပင်ပန်းခံ၊ အဆင်းရဲခံရဲရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ကျနော် တို့ဟာ အပင်ပန်းခံရဲရမယ်၊…
-
စသုံးလုံးအရာရှိများပါသောကားကို ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင်PDFများတိုက်ခိုက် ■နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရဟုPDFပြော
စသုံးလုံးအရာရှိများပါသောကားကို ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင်PDFများတိုက်ခိုက် ■နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရဟုPDFပြော မတ်-၂၆၊၂၀၂၅။ရဲခေါင်/People’s Spring စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး)အရာရှိ အပါအဝင် ရဲသုံးဦးကို ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ် ၌ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၇၈၀၅) တပ်ခွဲ (၄ )က ယနေ့ ထုတ်ပြန်သည်။ ကျိုက်ထိုမြို့နယ် ၊ ကြာဖြူကျေးရွာထိပ်-ခမိတ်အစိုးရ ရာဘာခြံအနီး တွင် ကျိုက်ထိုမြို့နယ် စုံ စမ်းစစ်ဆေးရေးဦးစီးဌာန( စစစ)မှစုံမှုးအပါဝင် ၃ ဦးအားမတ်လ ၂၃ ရက်ညနေပိုင်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။ စုံစမ်းစစ်ဆေးရေးမှူးသူရစိုးမှာဒဏ်ရာရရှိခဲ့ပြီး ၊ ဒုစုံစမ်းစစ်ဆေးရေးမှူးမင်းသူ နှင့် လက်ထောက် စုံမှူးမျိုးသန့် တို့မှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းဖော်ပြသည်။ PDF တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UGနှင့် ကျိုက် ထို ပကဖ မှပူးပေါင်းအဖွဲ့မှရဲဘော်များအထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ “ကျနော်တို့တွေအခက်ခဲပေါင်းများစွာ…