စသုံးလုံးအရာရှိများပါ​သောကားကို ရန်ကုန်-​မော်လမြိုင်ကားလမ်း​ပေါ်တွင်PDFများတိုက်ခိုက် ■နှစ်ဦး​သေပြီး တစ်ဦးဒဏ်ရာရဟုPDF​ပြော

by

in

စသုံးလုံးအရာရှိများပါ​သောကားကို ရန်ကုန်-​မော်လမြိုင်ကားလမ်း​ပေါ်တွင်PDFများတိုက်ခိုက်
■နှစ်ဦး​သေပြီး တစ်ဦးဒဏ်ရာရဟုPDF​ပြော
မတ်-၂၆၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး)အရာရှိ အပါအဝင် ရဲသုံးဦးကို ရန်ကုန်-
မော်လမြိုင်ကားလမ်းပေါ် ၌ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၇၈၀၅) တပ်ခွဲ (၄ )က ယနေ့ ထုတ်ပြန်သည်။
ကျိုက်ထိုမြို့နယ် ၊ ကြာဖြူကျေးရွာထိပ်-ခမိတ်အစိုးရ ရာဘာခြံအနီး တွင် ကျိုက်ထိုမြို့နယ် စုံ
စမ်းစစ်ဆေးရေးဦးစီးဌာန( စစစ)မှစုံမှုးအပါဝင်
၃ ဦးအားမတ်လ ၂၃ ရက်ည​နေပိုင်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။
စုံစမ်းစစ်ဆေးရေးမှူးသူရစိုးမှာဒဏ်ရာရရှိခဲ့ပြီး ၊
ဒုစုံစမ်းစစ်ဆေးရေးမှူးမင်းသူ နှင့် လက်ထောက်
စုံမှူးမျိုးသန့် တို့မှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းဖော်ပြသည်။

PDF တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UGနှင့် ကျိုက်
ထို ပကဖ မှပူးပေါင်းအဖွဲ့မှရဲဘော်များအထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့တွေအခက်ခဲပေါင်းများစွာ ကြားထဲက
ဖော် ဆောင်ရတာ ဖြစ်တဲ့ အတွက် ပြည်သူလူထု
ကိုလဲစစ်ကောင်စီ ရဲ့ပတ်သက်သော နေရာ ပတ်ဝန်း ကျင် များကို သတိ ထား သွား လာကြဖို့ရယ်
နောက်ထပ် mission တွေ နဲ့ ဖော်ဆောင်မူ့ တွေ လုပ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါအုန်းပြောကြား
လိုပါတယ်ခဗျ”ဟုPDFတပ်ရင်း(၇၈၀၅) တပ်ခွဲ
(၄ )မှတာဝန်ရှိသူက​ပြောသည်။
စစ်ကောင်စီ၏လူမဆန်သောလုပ်ရပ်များကိုစိတ်ရော ကိုယ်ပါတက်ကြွစွာ လုပ်ကိုင်နေသည့် အုပ်
ချုပ်ရေးမှူး၊ရာအိမ်မှူး အစရှိသည့် စစ်ကောင်စီယန္တရားလည်ပတ်နိုင်ရေးကြိုးပမ်းနေသူများအား
လုံးကို ရှင်း လင်းသွားမည်ဟု တပ်ရင်း (၇၈၀၅) တပ်ခွဲ ၄ က ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၇၈၀၅ တပ်ခွဲ( ၄ )သည် မွန်ပြည်နယ် ကျိုက်ထို နှင့် ဘီးလင်း မြို့နယ်တို့ကို အဓိကထား၍ စစ်ရေးလှုပ်
ရှားမှုများ ပြုလုပ်နေသည်။
(ရန်ကုန်-​မော်လမြိုင်လမ်း​ပေါ်တွင် စသုံးလုံးအရာ
ရှိများ၏ ကားကို PDF များတိုက်ခိုက်စဥ်။
ဓါတ်ပုံ-PDF တပ်ရင်း ၇၈၀၅ ၊တပ်ခွဲ (၄) )